ကျောင်းတွေ ပြန် ဖွင့် ရင် ဘာတွေ လုပ်ရမယ်ဆိုတဲ့ ဆောင်ရန် / ရှောင်ရန်တွေ ကို ဆရာကြီး ဦးတင်ညွှန့် ပြောပြီ

စာ သင်ကြားရေး လုပ်ငန်း မှာ “ဆရာ” ဆိုတဲ့ အခန်းကဏ္ဍကို ပစ်ပယ်ထား လို့ မရသေး ပါဘူး ။ Covid-19 ကပ်ဘေးကို ရင်ဆိုင်နေရချိန် မှာ ကျောင်းတွေပြန်ဖွင့်တော့ မယ် ဆို ရင် စွန့်စားမှုတွေ အများကြီး ရင်ဆိုင်ကြ ရမယ် ။ အာဏာပိုင် တွေအနေနဲ့ မိမိတို့ရဲ့ စိတ်ဆန္ဒတစ်ခုတည်းကို မကြည့်ဘဲ ကျောင်းတွေဖွင့်လိုက်ရင် ဖြစ်လာနိုင်တဲ့ အသံတွေ ကို ဆရာတွေ ထံကလည်း နားထောင် သင့်ကြောင်း Teacher Task Force အဖွဲ့ က ထုတ်ပြန်ကြေညာထား ပါတယ် ။ TTFဆိုတာက တစ်ကမ္ဘာလုံး ဆိုင်ရာ ဆရာများကို ကိုယ်စားပြု တဲ့ အဖွဲ့အစည်းတစ်ခုဖြ စ်ပါ တယ် ။

ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုရင်

(၁) ပေါ်လစီနဲ့ စီမံချက်တွေ ကို ရေးဆွဲနေတဲ့ သူတွေ ဆရာ ၊ ဆရာမတွေ ဆီက အသံကို နားထောင်ပြီးပြီလား

ကျောင်းတွေပြန်ဖွင့်တယ် ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အရင်ကလို ဖွင့်ရက် သတ်မှတ်ေ ပးပြီး ဘယ်နေ့ မှာ ဖွင့် ဆိုကာ ဝုန်းခနဲကောက်ဖွင့်လိုက် လို့ မရဘူး။ ခုအနေအထားက ကိုဗစ်ကြောင့် အကဲဆတ်နေချိန် ။ ကျောင်း အလိုက် ၊ မြို့နယ်အလိုက်၊ ပြည်နယ်တိုင်း အလိုက် ဖွင့်သင့်တဲ့ဒေသတွေ မှာ တစ်ဆင့်ချင်း ဖွင့်သွားကြရမှာ ။

ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုရင်

ဒါကြောင့် ဆရာတွေ အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ မိဘတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကျောင်းသားတွေနဲ့ ကျောင်းဖွင့်ဖို့ ကိစ္စကို ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် ပထမဆုံး လုပ်ကြရမယ်။ ဖွင့်သင့်ပြီဆို လို့ ဖွင့်ကြတော့မယ် ဆိုရင်လည်း ကျောင်းဆိုတာ ရောဂါ ပြန့်ပွားရေးဌာန တစ်ခု မဖြစ်လာအောင် ကြိုးစား ကြံဆောင် ကြရတော့ မယ် ။

ဥပမာ အတန်းလိုက် အချိန်ပိုင်း အလိုက် တက်သင့်သလား၊ တစ်တန်းမှာ ဘယ်နှယောက် ထားသင့်သလဲ၊ ဘယ်လိုအကာအကွယ်တွေလုပ်ပေးထားမလဲ၊ စာတွေကို အပြည့် မသင်ကြားနိုင်ရင် ဘယ်အပိုင်းလောက် ကို အရေး တကြီး သင်ကြမလဲ။ ကြိုတင်ဆွေးနွေးထားရမှာတွေက အများကြီးမှ အများကြီး။ ပြဿနာတက်နေချိန်မှာ ကျောင်းဖွင့်မယ် ဆိုတာ အားလုံးပူးပေါင်းဆောင်ရွက်မှုမရဘဲ လုံးဝမအောင်မြင်နိုင်ဘူး။

(၂) ကိုယ့်ကျောင်း ၊ ကိုယ့်ဝန်းကျင် ဟာ လုံးဝစိတ်ချရ တဲ့ နေရာတစ်နေရာ လို့ အာမခံနိုင်ရမယ်

ကျောင်းတွေပြန်ဖွင့်ရင် ပထမဆုံး အလေးထားရ မှာက အဲဒီကျောင်း ထဲ ကို ရောက်လာမယ့် ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လုံခြုံစိတ်ချစွာ ပညာသင်ကြားမှု သင်ယူမှု ပြုနိုင်ရေးပဲ။ အားလုံးသော သူတွေရဲ့ စိတ်ထဲ မှာ ငါတို့ကျောင်းဟာ လုံခြုံစိတ်ချရတယ် လို့ ထင်မှတ်နေ မှ သင်ကြားရေးလုပ်ငန်း လည်း အောင်မြင်နိုင်မယ် ။

ကျောင်းဖွင့်တယ် ဆိုတာ ကျောင်းတစ်ခု တည်း ဖွင့်လိုက် လို့မရဘူး။ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့က ကျန်းမာရေး လုပ်သားတွေ၊ ဆရာဝန်တွေပါ ပူးပေါင်းပြီး ဘယ်လောက်အထိ လုံခြုံစိတ်ချရကြောင်း၊ ကာကွယ်စောင့်ရှောက်မှု တွေ ပေးနေပါကြောင်း အာမခံချက်ပေးနိုင် တဲ့ အဆင့်မျိုး ကို ပြင်ဆင်ထား ရမယ်။

(၃) စာတစ်ခုတည်း ကို အာရုံမစိုက် ပါနဲ့

ကျောင်းလာတာ စာတစ်ခုတည်းကို အာရုံမစိုက်ပါနဲ့ဆိုတော့ ဘာကို အာရုံစိုက်ရမလဲ လို့ မေးစရာ ရှိ ပါတယ်။ ဟုတ်ကဲ့ ကျောင်းလာတဲ့ ဆရာ၊ ဆရာမတွေ၊ စာသင်သားတွေ၊ ဝန်ထမ်းတွေအားလုံး ရဲ့ စိတ်ခံစားချက်တွေကိုလည်း ထည့်တွက်ပေးဖို့ လိုပါတယ်။ ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားလိုက်ရတယ်။ အိမ်တွင်းအောင်းနေကြရတယ်။ ကလေးတွေ မှာ မသိသာပေမယ့် ဆရာတွေ ဆရာမတွေ မှာ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေ ရှိကောင်းရှိနိုင် ကြောင်း ထည့်စဉ်းစားထား ရမယ်။

စိတ်ထဲမှာတစ်ခုခုဖြစ်နေတာကို မြင် လို့မရဘူး။ ပြောလို့ လည်း မရဘူး။ စိတ်ခံစားချက်ကြောင့် တုံ့ပြန်လာမှုတွေနဲ့ပဲ ဆုံးဖြတ် သုံးသပ်ရပါလိမ့်မယ်။ ဆရာတွေမှာရော စိတ်ဖိစီးမှုတွေ၊ ခံစားချက်တွေနဲ့ ပိတ်ဆို့နေသလား။ စိတ်ထဲ မှာ တစ်ခုခုဖြစ်နေရင် စာသင်လို့ဖြစ်နိုင်မလား။ ဆရာတွေ ဆရာမတွေကိုရော ကျောင်းမဖွင့်မီ စိတ်ထဲမှာ ဖိစီးနေတာ တွေကို ပြေလျှော့သွားအောင် ဘာတွေလုပ်ပေးဖို့ စိတ်ကူး ထားသလဲ။ ဘာတွေ အထောက်အပံ့ပေး ဖို့ စီစဉ်ထားသလဲ။

(၄) စာသင်ခန်းထဲမှာ ပြန်ပြီး ဈာန်ဝင်အောင်

ကျောင်းနဲ့ကင်းကွာ ကျောင်း ကို ပြန်လာရချိန် မှာ ခါတိုင်းလို အနေအထားမျိုး ဟုတ်ချင်မှ ဟုတ်တော့မယ်။ ဥပမာ အတန်းထဲ လူနည်းသွားတာမျိုး၊ သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေ များစွာကို ရင်ဆို င်ရတာမျိုးတွေပေါ့။ ကျောင်းတွေ ကို မဖွင့်မီ ဆရာတွေကို ကျောင်းကို ကြိုတင်လာခိုင်းပြီးတော့ စည်းဝါးကိုက် ဇာတ်တိုက်တာမျိုး တွေကို ဦးစွာလုပ်ဆောင်သင့် ပါတယ် ။

ဘာတွေကို သတိထား၊ ဆောင်သင့် ရှောင်သင့် တာတွေကဘာ၊ ပြင်ဆင် ထားရမှာတွေကဘာတွေ၊ ဘယ်လိုစစ်ဆေးစောင့်ကြည့်ရမယ် ဆိုတာတွေကအစ ဇာတ်တိုက်ထားသင့် ပါတယ်။ ဖြစ်နိုင်ရင် ကျန်းမာရေးဌာနက တတ်သိနားလည်သူတွေကို အကူအညီတောင်းပြီး စိတ်အေးရအောင် ကြိုတင် စီစဉ်ထားသင့်ပါတယ်။

ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုရင်

(၅) ဆရာတွေ အလုံ အလောက် ရှိသလား

အရေးအကြီးဆုံး အချက် ပါ ။ ကိုဗစ်လွန်ကာလာဆိုပြီး ကျောင်းတွေ ပြန်ဖွင့်ရတော့မှာဆိုတော့ ခါတိုင်းထက် ဆရာ ဆရာမဦးရေ အလုံအလောက်နဲ့ စောင့်ကြည့်သင်ကြားကြ ရမှာ ပါ ။ ကျောင်းတော့ဖွင့်လိုက်တယ် တာဝန်ယူ၊ တာဝန်ခံ စောင့်ကြည့်မယ့် ဆရာ ဆရာမအရေအတွက် မလုံလောက်ဘူးဆိုရင် အဖြေတစ်မျိုး ရှာကြရမှာပါ။ မနိုင်ဝန် ကို ထမ်းခိုင်းပြီး ပြဿနာဖြစ်လာမှ ကျောင်းကို အပြစ်ပုံချတာမျိုးတွေ မဖြစ်အောင် ရှောင်ရမယ် ။

(၆) ကိုဗစ် အတွက် သီးခြားရန်ပုံငွေတွေကို ပညာရေးအတွက် ထုတ်သုံးသင့် ထုတ်သုံး ရမယ်

ကျောင်းတွေ မှာ အန္တရာယ် ကင်းရေး လုံခြုံရေးဆိုတာ သာမန်အသုံးငွေတွေနဲ့ မလုံလောက်တော့ဘူးဆိုတာ သဘောပေါက်မှာပါ။ ကြိုတင်ကာကွယ်ရေးအတွက် ဆပ်ပြာရည်၊ မျက်နှာဖုံး၊ လက်အိပ်တွေက အစ အနည်းဆုံး လို အပ်တော့ မှာ ။

ပိုးသတ်ဆေးတွေ ဖြန်းရမယ်။ ကျန်းမာရေးအတွက် အချိန်ပြည့် သန့်ရှင်းပေးနေ မယ့် သူတွေ လိုလာမယ်။ ဘယ်သူတွေ အချိန်ပြည့် လုပ်ကြမလဲ။ မလုပ်နိုင်ရင် ဘယ်သူတွေကို ငှားကြမလဲ။ မိဘတွေ ဘယ်လောက် ပူးပေါင်းပါဝင် မလဲ ။ ရန်ပုံငွေကို ဘယ်သူပေးမလဲ၊ ဘယ်ကရမလဲ၊ ဘယ်လိုရှာကြမလဲ။ တွေးဆထား ရမှာတွေ အများကြီးပဲ။

(၇) စောင့်ကြည့် မယ် … ဆရာတွေထံက အသံကို ပြန်နားထော င်မယ်

ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းတွေထဲ မှာ ကလေးတွေ နဲ့ အတူရှိနေ မှာ ဆရာတွေ၊ ဆရာမတွေ။ ဒါကြောင့် ဆရာတွေထံကအသံကို အမြဲကြားနိုင်အောင်၊ ဆရာတွေစကား အမြဲပြောနိုင်အောင် နေရာတစ်နေရာ ဖွင့်ပေး ထား ရမယ် ။ တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆို နိုင်တာမျိုးတွေပေါ့။ ကြားစကားတွေကို မယုံပါနဲ့။ အမြဲဖာထေးနေကျဆိုတော့ ကြားခံတွေများရင် စကားတွေ ပျောက်သွား တတ်တယ် ။ ဒါကြောင့် တိုက်ရိုက် ဆက်သွယ်နိုင် တဲ့ လမ်းကြောင်း ဖွင့်ပေးထား ရမယ် ။

သူ့မြို့နယ်၊ ဒေသ၊ တိုင်း အလိုက် သူ့ကျောင်းနဲ့သူ အကောင်းဆုံး လုပ်ဆောင်ချက်လေးတွေ ရှိနိုင်တယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်း အမြဲဆက်သွယ် ပြောဆိုဆွေးနွေးနိုင်၊ အကြံပေး၊ နည်းယူနို င်အောင်လည်း အင်တာနက် လမ်းကြောင်းလေးတွေ ဖွင့်ပေးထားနိုင် ရမယ် ။

ကျောင်းတွေ ပြန်ဖွင့်တော့မယ် ဆိုရင်

ခေတ်သစ်မှာ ဖုန်းတွေ၊ အင်တာနက်တွေက အမြန်ဆုံး ဆက်သွယ်နိုင် တဲ့ လမ်းကြောင်းပဲ။ ပညာရေးဌာန ကိုယ်တိုင်က ကိုယ့်ဆရာတွေနဲ့ အထက်က တာဝန်ရှိသူတွေ တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်စေမယ့် လမ်းကြောင်း တွေကို မဖော်ဆောင်ပေးထားနိုင် ရင်လည်း တစ်ဖက်ပိတ်မောင်းနေ သလို ဖြစ်နေမှာပဲ။

တင်ညွန့်
၂၁.၅.၂၀၂၀

Add a Comment

Your email address will not be published. Required fields are marked *