ဘိလပ်မြေနံရံထဲ အရှင်လတ်လတ် အနေအထား နဲ့ ထည့်မြှုပ်ခံခဲ့ရ တဲ့ ကောင်မလေး ရဲ့အဖြစ်

အ သက် ( ၁၈ )နှစ် သာ ရှိသေး တဲ့ ကောင်မလေး တစ်ယောက်ဟာ လည်ပင်း ကို ညှစ်သတ်ခံခဲ့ ရပြီး၊ မသေမရှင် မေ့မျောနေတဲ့ အချိန်မှာပဲ ဘိလပ်မြေနံရံထဲကို အရှင် လတ်လတ် ထည့်မြှုပ်ခံခဲ့ ရ တယ် လို့ သိရ ပါ တယ် ။ အဆိုပါကောင်မလေးဟာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာ အချိန် (၆)ပတ်ကြာခဲ့ပြီး မှ သူမရဲ့ အလောင်း ကို ပြန်တွေ့ခဲ့ ရ တာ ပါ။

ကောင်မလေးရဲ့ နာမည် ကတော့ Priscilla Martinez ဖြစ်ပြီး သူမ ရဲ့အလောင်း ကို ဦးလေးအရင်းဖြစ်သူ ရဲ့အိမ်၊ နောက်ဖေးနံရံထဲ မှာ ပြန်တွေ့ခဲ့ရတာဖြစ် ပါတယ်။ Priscilla ဟာ ကျောင်းတက်နေ ဆဲ ကောင်မလေး တစ်ယောက်ဖြစ်ပြီး၊ အာဂျင်တီးနားနိုင်ငံ၊ La Banda မြို့မှာ နေထိုင်ပါတယ်။ အသတ်မခံရခင် (၆)ပတ်အလိုလောက်က နေအိမ်ကနေ ပျောက်ဆုံးသွား ခဲ့ တာ ပါ ။

ဘိလပ်မြေနံရံထဲ အရှင်လတ်လတ် အနေအထား နဲ့ ထည့်မြှုပ်ခံခဲ့ရ တဲ့ ကောင်မလေး ရဲ့အဖြစ်

နောက်ပိုင်း မှာတော့ ရဲတပ်ဖွဲ့စုံစမ်းချက်အရ Priscilla ကို အသက်(၂၈)နှစ် အရွယ် ဦးလေးဖြစ်သူ Ruben Avila က ပြီးခဲ့တဲ့ဖေဖော်ဝါရီ(၂၃)ရက်မှာ ခေါ်သွားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ မှာတော့ ရဲတပ်ဖွဲ့က ဦးလေးဖြစ်တဲ့ Ruben ရဲ့နေအိမ်ကို ဝင်စီးခဲ့ပါတယ်။ နံရံအသစ်ကို မသင်္ကာတာနဲ့ ဖွင့်ဖောက်စစ်ဆေးခဲ့ရာ၊ Priscilla ရဲ့အလောင်းကို တွေ့ခဲ့ ရတာပါ ။

ဘိလပ်မြေနံရံထဲ အရှင်လတ်လတ် အနေအထား နဲ့ ထည့်မြှုပ်ခံခဲ့ရ တဲ့ ကောင်မလေး ရဲ့အဖြစ်

Ruben ကတော့ ဒီလူသတ်မှုက သူနဲ့မဆိုင်ဘူး ဆိုပြီး ငြင်းဆန်ခဲ့ပေ မယ့် ရဲကတော့ ဧပြီလ(၁၅)ရက်နေ့မှာ သူ့ကို လူသတ်မှုအတွက် ဖမ်းဆီးခဲ့ပါတယ်။ လူသတ်မှုမှာ တခြားအမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ရရှိ ခဲ့တာကြောင့် အဲဒီလူကိုလည်း ဖမ်းဆီးထားပါတယ်။ ဒုတိယတရားခံရဲ့အမည်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်း မရှိသေး ပါဘူး။

လူသတ်မှုဟာ ပြီးခဲ့တဲ့ မတ်လ က တည်းက ဖြစ်ခဲ့တာ ပါ။ လူသူပြတ် တဲ့ လမ်းတစ် ခုအတွင်းမှာ Ruben ဟာ Priscilla ကို လည်ပင်းညှစ်သတ်ဖို့ ကြိုးစားနေတာ ကို လမ်းသွားလမ်းလာ တစ်ဦးက မြင်တွေ့ခဲ့ရလို့ တားဆီးဖြောင်းဖြမှုတွေ ပြုလုပ်ခဲ့ ပါသေးတယ်တဲ့။ အဲဒီနောက် မကြာမီမှာပဲ Ruben ဟာ လူသတ်မှုကို အထမြောက်သွားခဲ့ပုံပါ။ ဘာကြောင့် လူသတ်မှု ကျုးလွန်ခဲ့ရတာ လဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။

ဘိလပ်မြေနံရံထဲ အရှင်လတ်လတ် အနေအထား နဲ့ ထည့်မြှုပ်ခံခဲ့ရ တဲ့ ကောင်မလေး ရဲ့အဖြစ်

ဒါပေမယ့် Priscilla ရဲ့အလောင်း ကတော့ အောက်ခံဘောင်းဘီလေးသာ ဝတ်ထားပြီး အဝတ်မဲ့ အနေအထားမျိုးလို့ ဆိုပါတယ် ။ အလောင်းကို မှုခင်းဆေးဘက်က စစ်ဆေးနေပြီး၊ လက်တလော အဖြေထွက် တာကတော့ လည်ပင်းညှစ်သတ်ခံခဲ့ ရတယ်ဆိုတာပါ။ ဒါပေမယ့် မုဒိမ်းကျင့်ခံခဲ့ ရသလား ဆိုတာကတော့ နောက်ထပ် ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းရဦးမယ် လို့ သိရပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; DailyStar

Add a Comment

Your email address will not be published. Required fields are marked *