ကျောင်းပြန်ဖွင့်ရင် ကျောင်းသားတွေကို ပညာရေးဝန်ကြီး အခမဲ့ပေးမည့် ကာကွယ်ရေး ပစ္စည်းများ

ပ ညာ ရေး ဝန်ကြီးဌာန ၊အခြေခံပညာဦးစီးဌာန က မသုံးစွဲရသေးတဲ့ ဘက်ဂျက် ကို အသုံးပြုပြီး ကျောင်းသားတွေ အတွက် ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းတွေ အခမဲ့ပေးသွားဖို့ရှိတယ် လို့ အခြေခံ ပညာ ဦးစီး ဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်း က ပြော ပါ တယ် ။ နွေရာသီ မှာ ဆရာ၊ဆရာမတွေ ကို အခုနှစ် သင်တန်းတွေမပေးဖြစ်တဲ့ အတွက် အဲဒီ အတွက် ရရှိထား တဲ့ ဘက်ဂျက်တွေ ကို ကျောင်းသားတွေအတွက် ကိုဗစ် ကာကွယ်ရေး ပစ္စည်းတွေ အခမဲ့ပေးဖို့ အသုံးပြုသွားမှာဖြစ်တယ် လို့ ဒေါက်တာ တင်မောင်ဝင်းက ပြော ပါတယ် ။

ကျောင်းပြန်ဖွင့်ရင် ကျောင်းသားတွေကို ပညာရေးဝန်ကြီး အခမဲ့ပေးမည့် ကာကွယ်ရေး ပစ္စည်းများ

“ပညာရေးဝန်ကြီးဌာန ၊အခြေခံပညာဦးစီးဌာန ရဲ့ ဘတ်ဂျက်ကနေ ပေးသွားမှာပါ ။ ဆရာဆရာမ လေးသိန်းခွဲကို နွေရာသီ မှာ သင်တန်းပေးဖို့က ရှိပြီးသား ။ အဲဒီသင်တန်း ( ၁၄ ) ရက်က ပေးဖို့မရှိတော့ဘူး။ အဲဒီထဲက တစ်ဝတ်လောက်ကနေ လုံလုံလောက်လောက်ကို ပေးလို့ရပါတယ်။ “ လို့ ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းပြန်ဖွင့်ရင် ကျောင်းသားတွေကို ပညာရေးဝန်ကြီး အခမဲ့ပေးမည့် ကာကွယ်ရေး ပစ္စည်းများ

အခုနှစ် ကိုဗစ် ကာကွယ်ရေးအတွက် ကျောင်းသားတွေကို ” အဝတ် နှာခေါင်းစည်း ၂ ခု ၊ မျက်နှာကာကွယ်တဲ့ မျက်နှာဖုံးတစ်ခုပေး ” မှာ ဖြစ်ပါတ ယ် ။ အဲဒီ့အပြင် ကျောင်းတွေမှာ လည်း လက်ဆေးကန်နဲ့ လိုအပ်တဲ့ အရာတွေ ကို လုပ်ဆောင်ပေးသွားဖို့ရှိတယ် လို့ သိရ ပါတယ် ။ ကျောင်းတွေကိုတော့ အစောဆုံး ဇူလိုင်လ မှာ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်း ဆောင်ရွက် နေတယ်လို့လည်း ပြောပါတ ယ် ။

Credit One News Myanmar

Add a Comment

Your email address will not be published. Required fields are marked *