မိုးအစမှာ ရောက်ရှိတော့မယ့် တုပ်ကွေးရာသီ နဲ့ ဘယ်လိုဖျားတဲ့ လူတွေ Q ၀င်ရမလဲ ဆိုတာ………

Q ဝင်ရမယ့် သူတွေကို အထက်က ဆုံးဖြတ်နေရတဲ့ အခြေအနေ (ဆရာဝန်တွေတောင် မျက်စိလည်နေကြတယ်)

ဒီနေ့မှာ ကိုဗစ်အဖြေ နဲ့ ပက်သက်ပြီး နည်းနည်း ရင်ခုန်ခဲ့ရတယ်။ ကျွန်တော် ပြင်ပဆေးရုံတစ်ခုမှာ ကြည့်ထားတဲ့လူနာတစ်ယောက်ရဲ့ ရင်ဘတ်ကွန်ပြူတာဓာတ်မှန် CT chest အဖြေက ကိုဗစ်လူနာတွေမှာ တွေ့ရလေ့ရှိတဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါနဲ့ အလွန်တူတာကြောင့်ပါ။ အဲ့လိုတွေ့ပြီဆိုတော့ နှာခေါင်းတို့ဖတ် nasal swab ယူဖို့အတွက် အစိုးရဆေးရုံကို လွှဲပြောင်းကုသရပါတော့တယ်။ မနေ့က swab ယူပါတယ်။

အဲ့မှာ ကျွန်တော်စပြီးစဉ်းစား ပြင်ဆင်ရပါတော့တယ်။ ကျွန်တော်က လူနာနဲ့ကို သုံးကြိမ်ကြည့်ထားပါတယ်။ လူနာက surgical mask တပ်ထားပါတယ်။ ကျွန်တော့် လူနာအားလုံးကို ဒီကိုဗစ်ကာလမှာ mask မဖြစ်မနေတပ်ခိုင်းပါတယ်။ OPD မှာ တတ်နိုင်သမျှ မလိုအပ်ပဲ အနီးမကပ်ပါဘူး။ တချို့လူနာတွေက နားလည်ပေမယ့် တချို့က သူတို့ကို ဆရာဝန်က ရွံ့လို့၊ သူတို့ဆီက ကူးမှာစိုးလို့ထင်ကြပါတယ်။ သူတို့မှာ ကိုဗစ်လက္ခဏာမရှိကြောင်း ပြောကြပါတယ်။


မကြာခင်လာတော့မယ့် တုပ်ကွေးရာသီ နဲ့ ဘယ်လိုလူတွေ Q ၀င်ရမလဲ ဆိုတာ………

ကျွန်တော်က ပြန်ပြောပါတယ်။ ခင်းဗျားတို့ကို တပ်ခိုင်းတာ ခင်ဗျားတို့ဆီက ကူးမှာကြောက်လို့ထက် ကျွန်တော့်ဆီက ခင်ဗျားတို့ဆီ ကူးမှာစိုးလို့ပါလို့။ ကျွန်တော်တို့က အလုပ်သဘောအရ တနေ့ လူနာ အတော်များများ ကြည့်နေရတဲ့သူတွေလေ။ အဲ့ကျ လူနာတွေ နားလည်သွားပါတယ်။ ထားပါတော့။ စကား ချော်တော့ငေါ့သွားတယ်။

ကျွန်တော် သုံးခါကြည့်တယ်။ လူနာက surgical mask နဲ့။ ကျွန်တော်က level 2 PPE ဝတ်ထားတယ်။ level 2 ဆိုတာ ခေါင်းဆောင်း cap ဝတ်တယ်။ မျက်လုံး ကာကွယ်ဖို့ goggle တပ်ထားတယ်။ mask က N95 ဝတ်ထားတယ်။ အဲ့အပေါ်က surgical mask နဲ့။ နှစ်ထပ်ဝတ်ထားတယ်။ ဝတ်ရုံ surgical gown waterproof ဝတ်ထားတယ်။ လက်အိတ်ဝတ်ထားတယ်။ ဒါ ကိုဗစ်ကာလမှာ ကျွန်တော် ဘယ်လူနာနဲ့ တွေ့တွေ့ ဒီအတိုင်း အမြဲဝတ်ထားတယ်။

ဒါ ကျန်းမာရေးဝန်ကြီးဌာနရဲ့ fever clinic guideline အတိုင်းပဲ။ level 3 PPE က လူတွေပြောနေတဲ့ ဂြိုလ်သားဝတ်စုံ။ ခေါင်းအပြည့် ခြေထောက်အပြည့်။ အဲ့တာက positive လူနာ၊ PUI ဒါမှမဟုတ် AGP လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းနဲ့ ဆိုင်တဲ့ အစီအစဉ် (aerosol generating procedure) တွေလုပ်မှ ဝတ်ဖို့လိုတယ်လို့ ကျွန်တော်နားလည်ထားတယ်။ သာမန် လူနာကြည့်တာ၊ round တာ၊ ခွဲတာ level 2 ဟာ လုံလောက်တယ်လို့ ကျွန်တော် နားလည်ထားတယ်။


မကြာခင်လာတော့မယ့် တုပ်ကွေးရာသီ နဲ့ ဘယ်လိုလူတွေ Q ၀င်ရမလဲ ဆိုတာ………

ကျွန်တော်က level 2 အမြဲဝတ်တော့ လူနာဆီက ကူးဖို့ အခွင့်အလမ်းက အရမ်းကိုနည်းတယ်။ မဖြစ်နိုင်သလောက်ပဲ။ အခု ကျွန်တော်ကြည့်နေတဲ့ လူနာက သံသယလူနာဖြစ်သွားတော့ ကျွန်တော့်ကို ကူးမှာကို ကျွန်တော်လုံးဝစိတ်မပူဘူး။ မဖြစ်နိုင်သလောက်ပဲဆိုတာ ကျွန်တော်နားလည်တယ်။

အဲ အဲ့မှာ နားမလည်တဲ့ အပိုင်းလာပြီ။ ကျွန်တော့် လူနာများ positive ဖြစ်ခဲ့ရင် ကျွန်တော် ကွာရန်တင်း Q ဝင်ရမှာလား။ မဝင်ရဘူးလား။ Q ရမယ်ဆို facility Q လား၊ home Q လား။ level 2 ဝတ်ထားရက်နဲ့ Q ဖို့ လိုသလား။

အဲ့တာကို ကျွန်တော့် ဆရာတွေ၊ ရှေ့တန်းက အရေးပေါ်ဌာနက သူငယ်ချင်းတွေ၊ မြို့နယ်ကျန်းမာရေး ဦးစီးမှူးတွေ လိုက်မေးတယ်။ စာလဲ ရှာဖတ်တယ်။ ခက်တာက ဘယ်သူကမှ တိတိကျကျမသိဘူး ဖြစ်နေတယ်။ Q ဝင်ရမယ့်သူကို အထက်က ဆုံးဖြတ်တယ်။ သူတို့ သေသေချာချာ မသိဘူးချည်းပဲ ဖြေကျတယ်။


မကြာခင်လာတော့မယ့် တုပ်ကွေးရာသီ နဲ့ ဘယ်လိုလူတွေ Q ၀င်ရမလဲ ဆိုတာ………

ဒါဟာ မဖြစ်သင့်ဘူးလို့ထင်တယ်။ ကျွန်တော်တို့လို လူနာနဲ့ အမြဲထိတွေ့နေရသူတွေဟာ တနေ့နေ့ တချိန်ချိန် ကိုယ့်လူနာက positive ထွက်မှာပဲ။ ဘယ်လို Q မထိအောင် ဘယ် level PPE ကို ဝတ်၊ level ဘယ်လောက် PPE ကိုဝတ်ရင် Q စရာ မလိုဘူးဆိုတာ ရှင်းရှင်းလင်းလင်းရှိသင့်တယ်လို့ထင်တယ်။ အခုက ဘယ်သူမှ မရှင်းလင်းဘူး၊ မသိကြဘူးဖြစ်နေတယ်။

မိုးရာသီလာတော့မယ်။ GP တွေလဲ အလုပ်များတော့မယ်။ ဆရာဝန်တွေက ဘယ် level ဝတ်ပြီး precaution ယူရင် Q စရာမလိုဘူးဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်သင့်ပါတယ်။ နို့မို့ ဘယ်သူလူနာကြည့်ရဲတော့မလဲ။ ကြည့်ကြက် Q ဆိုရင်။

ရှင်းရှင်းလင်းလင်း ဘယ် level ဝတ်ရမယ် guideline ထုတ်ထားပါလျှက် မဝတ်ရင်တော့လဲ အဲ့ဆရာဝန် Q ပေါ့။ မတတ်နိုင်ဘူး။ ရှင်းရှင်းလင်းလင်း ထုတ်ထားတာ မရှိတာလား၊ ကျွန်တော်ပဲ မသိတာလား။ လမ်းညွန်ပေးကြပါအုန်း။ ကျွန်တော်မသိသလို ကျွန်တော့် အနီးအနားက ဆရာဝန်တွေလဲ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိဘူးတော့ ဖြစ်နေတယ်။ ဒါနဲ့ ပြောစရာ တစ်ခုမေ့သွားတယ်။ ကျွန်တော့ လူနာကတော့ negative ထွက်သွားတယ်။ Surgeon Myo

Add a Comment

Your email address will not be published. Required fields are marked *