လူနေရပ်ကွက်တစ်ခုပေါ်ကို ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှု…ခရီးသည် (၉၉) ဦးအနက် (၂) ဦးသာ အသက်ရှင်

ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း မှ ခရီးသည်တင် လေယာဉ်တစ်စင်းဟာ လာဟိုးမြို့ကနေ ပျံသန်းလာစဉ်မှာ လူနေရပ်ကွက် တစ်ခုပေါ် ပျက်ကျသွားတာကြောင့် လူ (၉၇) ဦးသေဆုံးသွားပါတယ်။

ခရီးသည် (၉၁) ဦးနဲ့ လေယာဉ် အမှုထမ်း (၈) ဦးတို့လိုက်ပါလာတဲ့ Airbus A320 လေယာဉ် ခရီးစဉ်အမှတ် PK-8303 ဟာ ဂျင်နတ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားချိန် ပျက်ကျခဲ့တာဖြစ်ပါတယ်။

လူနေရပ်ကွက်တစ်ခုပေါ်ကို ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှု

လေယာဉ်ဆင်းသက်ဖို့ ကြိုးစားစဉ်မှာ အင်ဂျင်တွေ ချို့ယွင်းသွား တာကြောင့် လေကြောင်း ထိန်းချုပ်ရေးစင်တာကို လေယာဉ်မှူးတွေက အရေးပေါ်ခေါ်ဆိုမှုတွေပြု လုပ်ခဲ့ကြပါတယ်။ လေယာဉ်ပျက်ကျ မှုကြောင့် ခရီးသည် (၂) ဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို သိရှိနိုင်ဖို့အတွက် လေယာဉ် Black Box ကိုရရှိဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေကြပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

လူနေရပ်ကွက်တစ်ခုပေါ်ကို ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှု

ပါကစ္စတန်နိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့အတွက် လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်ထားပြီးနောက် ပြန်လည်ပြေးဆွဲခွင့်ပြုပြီး ရက်အနည်းငယ်အကြာမှာ လေယာဉ်ပျက်ကျ မှုဖြစ်ပွားခဲ့တာပါ။

ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ၂၀၁၄ ခုနှစ်ကနေ ပြေးဆွဲပျံသန်းမှုတွေ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ နှစ်စဉ်လေကြောင်းခရီးစဉ်ဆိုင်ရာ စစ်ဆေးမှုတွေ အောင်မြင်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံတကာ လေကြောင်းလိုင်းက ပြောပါတယ်။

လူနေရပ်ကွက်တစ်ခုပေါ်ကို ပါကစ္စတန် ခရီးသည်တင်လေယာဉ် ပျက်ကျမှု

Add a Comment

Your email address will not be published. Required fields are marked *