ကလေး ကို နေမကောင်း ဖြစ်အောင် ကိုယ်တိုင် ရက်ရက်စက်စက် လုပ်ပြီး မှ အွန်လိုင်းမှာ ပုံတွေပြပြီး အလှူခံစားနေ တဲ့ အမျိုးသမီး

ရက် စက် လိုက် တဲ့ ဆိုရှယ် လူမှု ကွန်ယက် က သူတောင်း စား

ဒီလို လုပ်ရပ်မျိုးတွေ ကို ဆိုရှယ် အွန်လိုင်း လူမူ့ကွန်ယက် က သနား ကူညီတတ် တဲ့ စေတနာရှင်တွေ အတွက် ကြိုတင်သိရှိနိုင်ဖို့ပါ….၊

ထိုင်းနိုင်ငံ ရဲ့ စီးပွားပျက်ကာလမှာ လူတန်းစားမျိုးစုံ ဟာ လူလိမ်တွေ ဘ၀ ရောက်နေကြတာမို့ လူ့ပတ်ဝန်းကျင် မှာ ဆိုရှယ်ကနေ ပုံစံမျိုးစုံ နဲ့ ကြည့်ရူ့သူတွေ သနားအောင်Post တွေတင်ပြီး အကူညီတောင်းကြ တဲ့ သူတွေ အများ အပြားတွေ့လာနေရ ပါတယ် ။

ကလေး ကို နေမကောင်း ဖြစ်အောင် ကိုယ်တိုင် ရက်ရက်စက်စက် လုပ်ပြီး မှ အွန်လိုင်းမှာ ပုံတွေပြပြီး အလှူခံစားနေ တဲ့ အမျိုးသမီး

ဆိုရှယ်လူမူ့ကွန်ယက် က အလှူရှင်တွေက သနားပြီး အများဆုံး ဝိုင်းကူပေးတာကတော့ ကျန်းမာရေးမကောင်း တဲ့ ကလေးငယ်တွေ ပြစားပြီး တောင်းစားနေသူတွေ ကိုပါ ။

ဘန်ကောက်မြို့ ဒိုးမောင်းနယ်မြေ မှာ နေထိုင်နေတဲ့Nittha Wongwall နစ်ထာဝုန်ဝယ် အသက်(၂၉)နှစ်ခန့်ရှိတဲ့ အမျိုးသမီးဟာ သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ရောဂါကြောင့်” သမီးလေးဟာ နာတာရှည်ဆေးရုံမှာ ဆေးကုနေရ ပါတယ် ။ တကိုယ်လုံး ဖူးယောင်နေပြီး ပါးစပ်ကအမြုပ်ထွက်ပြီးဆီးသွားရင် သွေးတွေ ပါနေပါတယ်။မိတ်ဆွေတို့ ရယ် တတ်နိုင်သမျှကူညီပေးကြ ပါ ရှင် “လို့လူမူ့ကွန်ယက်ကနေ အကူညီတောင်း ခဲ့တာပါ ။

ကလေး ကို နေမကောင်း ဖြစ်အောင် ကိုယ်တိုင် ရက်ရက်စက်စက် လုပ်ပြီး မှ အွန်လိုင်းမှာ ပုံတွေပြပြီး အလှူခံစားနေ တဲ့ အမျိုးသမီး

ဒီလိုနဲ့ ဆိုရှယ် လူမူ့ကွန်ယက် မှာ ပိုစ့်တင်ပြီး အကူညီတောင်းခံလိုက်လို့ သူမဘဏ်အကောင့်မှာ ပို့လာသူလူ ၈၀၀၀(ရှစ်ထောင်)ခန့် ရှိသွားပြီးဘတ်(၁၀)သန်းကျော် (ကျပ်ငွေ သိန်း ၄၀၀) ရသွား ပါတယ် ။

ခုလို ဆိုရှယ် လူမှုကနေ သူမသမီး အသက် ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့် ကလေး ဟာ သေဆုံးသွား ခဲ့ပါတယ် ။

ဆေးရုံက ကလေးအလောင်းကို ဆေးစစ်တဲ့အခါမှအစားအိမ်ထဲမှာ ပိုးသတ်ဆေး ဓါတ်ပေါင်းတွေ တွေ့ရလို့ သာမန်ရောဂါမဟုတ်ဘဲ ကလေးဟာ ပိုးသတ်ဓါတုဆေး တစ်မျိုးကို စားမိ မျိုမိထားတာကို စစ်ဆေးတွေ့သွားခဲ့လို့သူမကို သတိပြုမိ သွားကြ ပါတယ်

အခုလို ဒုတိယအကြိမ် သူမ ထပ်လုပ်တဲ့အခါမှာတော့ဒါဟာ မတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။မိခင်ဆိုတဲ့ တရားခံ အမျိုးသမီးရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီး ဆိုရှယ်လူမူ့ကွန်ယက် သတင်းသမားတွေက ပထမဖြစ်ရပ်ကိုပြန်ပြီး ရှာဖွေပေးခဲ့ ပါတယ်။

ကလေး ကို နေမကောင်း ဖြစ်အောင် ကိုယ်တိုင် ရက်ရက်စက်စက် လုပ်ပြီး မှ အွန်လိုင်းမှာ ပုံတွေပြပြီး အလှူခံစားနေ တဲ့ အမျိုးသမီး

တကယ်တော့ အဲဒီ အမျိုးသမီး ဟာ သူမကလေး ကို ကျန်းမာရေး ဆိုးလာအောင်အစာထဲမှာ ပိုးသတ်ဆေး(အိမ်သာသန့်ရှင်းရေးဆေး) နည်းနည်းစီ ထည့်ကြွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာ ပါပဲ တဲ့။

သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇတ်လမ်းဆင် ငွေတောင်း ခဲ့တဲ့ သုံးနှစ် မိန်းကလေးတစ်ဦး ဟာလည်း ခုလိုပုံစံမျိုးနဲ့ကိုယ်ထဲမှာ ပိုးသတ်ဆေး အဆိပ်ပြန့်ပြီး သေဆုံးခဲ့ရပြီး အွန်လိုင်းအလှူရှင်တွေ ဆီက ဘတ်သန်း ( ၂၀ )ကျော် ရသွားခဲ့ဘူး ပါတယ် ။

ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလို မျိုးပုံစံမျိုးလုပ်ပြီးတောင်းရ မ်းမှ လူမူကွန်ယက်က သူ့ကိုမှတ်မိသွားခဲ့တာပါ။

သူဟာ သူ့အုပ်ထိန်းသူ ဆိုပြီး နာမည်ခံပြီးငွေတောင်းတာ မို့ သူမဟာ မိခင် အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ မသေချာသေး ပါဘူး ။ သူ့ ကို စစ်ဆေးနေဆဲပါပဲ ။

တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတတ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး မနေ့ကတော့ ဖမ်းဆီးလိုက် ပါပြီ။

ဒီလို လုပ်ရပ်မျိုး လိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အတုခိုးမယ့် အွန်လိုင်း လူယုတ်မာ သူတောင်စားတွေ ပေါ်လာမှာစိုးတာကြောင့် သတိပေး ဖေါ်ပြလိုက်တာဖြစ်ပါတယ်။

Social Action For Children And Women

Add a Comment

Your email address will not be published. Required fields are marked *