အမေရိကန် တွင် ဆံသဆရာတစ်ဦး ထံမှ လူပေါင်း ( ၉၁ ) ဦး သို့ Covid-19 ပိုး ကူးစက်ကြောင်း ထုတ်ပြန်

Covid-19 ရှိ တဲ့ ဆံသဆရာ တစ်ဦး ဟာ ရောဂါလက္ခဏာရှိနေစဉ် ကာလ အတွင်း မှာ ၈ ရက်ခန့် အလုပ်လုပ်ခဲ့ပြီး ၎င်း ရဲ့ ဖောက်သည်တွေနဲ့ လုပ်ဖော်ကိုင်ဖက် ၉၁ ဦးကို ကူးစက်စေ ခဲ့တယ် လို့ မစ်ဆိုရီမြို့ ကျန်းမာရေး အရာရှိတွေက ပြော လိုက် ပါ တယ် ။

ယခု ကူးစက်မှုဟာ အမေရိကန်နိုင် ငံ မှာ ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကြားက စီးပွားရေးတွေပြန်လည် ဖွင့်လှစ်ခြင်းရဲ့ အကျိုးဆက်တစ်ခုအဖြစ် ကူးစက်မှု ပိုမိုများပြားလာရခြင်း ရဲ့ အကြောင်းရင်း တစ်ရပ်ဘဲဖြစ် ပါတယ် ။

အမေရိကန် တွင် ဆံသဆရာတစ်ဦး ထံမှ လူပေါင်း ( ၉၁ ) ဦး သို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ကြောင်း ထုတ်ပြန်

ယခုကူးစက်မှု မှာ အဆိုပါ ဆံသဆရာ ဟာ ၈ ရက် အတွင်း ဆံပင်လာညှပ်သူ ၈၄ ယောက်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ၇ ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေဖြစ် တယ် လို့ ကျန်းမာရေးဌာနက ပြောဆိုထား ပါ တယ် ။

အမေရိကန် တွင် ဆံသဆရာတစ်ဦး ထံမှ လူပေါင်း ( ၉၁ ) ဦး သို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ကြောင်း ထုတ်ပြန်

အဆိုပါ ဆံသဆရာ ရဲ့ ကူးစက်မှုရာဇဝင် ကို မသိရှိရသေး ပါဘူး။ ဘယ်လိုကူးစက်လာလဲဆိုတဲ့ ဇစ်မြစ်ကို အဖြေရှာမရပေမယ့် ခရီးသွားလာရခြင်းကနေ ကူးစက်နိုင်တယ်လို့ ကနဦးခန့်မှန်းထား ပါ တယ် ။ အဆိုပါဆံသဆရာဟာ မေလ ၁၂ ရက်နေ့ကနေ စတင်အလုပ်လုပ်ခဲ့တာဖြစ်ပြီးတော့ အဆိုပါအချိန်မှာ ဆံပင်ညှပ်ဆိုင်တွေ နဲ့ အလှပြင်ဆိုင်တွေ ကို ပြန်လည်ဖွင့်လှစ် တဲ့ အချိန်လည်း ဖြစ် ပါတယ်။

အမေရိကန် တွင် ဆံသဆရာတစ်ဦး ထံမှ လူပေါင်း ( ၉၁ ) ဦး သို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ကြောင်း ထုတ်ပြန်

အမေရိကန်နိုင်ငံ မှာ လက်ရှိ အချိန်ထိ လူပေါင်း ၉၆၀၀၀ ခန့် ကိုဗစ်ကြောင့် သေဆုံးခဲ့ပြီဖြစ်ပြီး ကူးစက်သူအရေအတွက်ကတော့ ၁.၆ သန်းခန့်ရှိပါတယ်။ မစ်ဆိုရီမြို့မှာတော့ ကူးစက်သူပေါင်း ၁၂၀၀၀ နဲ့ သေဆုံးသူ ၆၀၀ ခန့်ရှိတယ် လို့ ဒေသတွင်း မီဒီယာတွေ က ထုတ်ပြန်ချက် ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *