နွေရာသီ ရေကျချိန်မှ ဖူးခွင့်ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး.. အလွမ်းပြေ သွားရောက်ဖူးမျှော်ရင်း ဒေသခံတွေ မျက်ရည်စို့ရတယ် ….

သဖန်း ဆိပ် ဆည် ထဲ က ဘုရားကြီးဖြစ် ပါ တယ်… မိုးရာသီ ရေပြည့်ချိန် မှာ ရေအောက်မှာ စံနေတော် မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ် လာတာဖြစ်ပါတယ် ၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြ ရ တယ်။ တချို့မရွေ့ပြောင်းနိုင် တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်…ဆည်ရေလျော့တဲ့ အခါ မွေးရပ်ရွာက ဘုရားကြီး ကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ် သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေ တဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်း အတွင်း က တောင်သူတွေ လယ်ယာ စိုက်ပျိုးရေး အတွက် များစွာ အဆင်ပြေကြ ပါတယ်

သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

သဖန်းဆိပ် ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပီ အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေ ကတော့ ခုထိရှိနေဆဲပါ

သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး

အများအကျိုးအတွက် ပေးဆပ် ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့် လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့်မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲသဖန်းဆိပ်ဆည်ဟာအရှေ့တောင်အာရှရဲ့ အကြီးဆုံးဆည် ဖြစ်ပြီး အမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေအပြည့်သိုလှောင်နိုင် သည့်ပမာဏ ၂၈၈၀၀၀၀ ဧကပေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏ ၃၀ မဂ္ဂါဝပ် ဖြစ်ပါတယ်

သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး
အလွမ်းပြေ သွားရောက်ဖူးမျှော်ရင်း ဒေသခံတွေ မျက်ရည်စို့ရတယ် ….

Credit to Original

Add a Comment

Your email address will not be published. Required fields are marked *