အိန္ဒိယတွင် အပူလှိုင်းကျရောက်ကာ ကမ္ဘာ့အပူဆုံးနေရာ အဖြစ် ယနေ့ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် ဖြင့် စံချိန်တင်

အိန္ဒိယမြောက်ပိုင်း နေရာဒေသအများစုမှာ အပူလှိုင်းကျရောက်နေပြီး မြို့တစ်မြို့ရဲ့ ယနေ့ (မေ ၂၇ ရက်) အမြင့်ဆုံး အပူချိန်ဟာ ၅၀.၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန် တင် မြင့်တက်ရောက် ရှိခဲ့ကြောင်း သိရ ပါတယ်။

အိန္ဒိယမြို့တော် ဒေလီမြို့တော် ရဲ့ အပူချိန်ဟာ လည်း ၄၇ ဒီဂရီ ဆဲလ်စီးယပ် ကို ယနေ့ ရောက်ရှိခဲ့ပါတယ်။ အပူလှိုင်းကျရောက်မှုဟာ ယခု သီတင်းပတ်ကုန်အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောထားပါတယ်။ အိန္ဒိယမှာ COVID-19 ကူးစက်ဖြစ်ပွားမှုနဲ့ ကျိုင်းကောင်အုပ် များကျရောက်မှုကြောင့် ရုန်းကန်နေရတဲ့ နေရာဒေသေ တွအတွက် အပူလှိုင်းက နောက်ထပ် အခက်အခဲ တစ်ရပ် ဖြစ်လာခဲ့ ပါတယ် ။

အိန္ဒိယတွင် အပူလှိုင်းကျရောက်ကာ ကမ္ဘာ့အပူဆုံးနေရာ အဖြစ် ယနေ့ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် ဖြင့် စံချိန်တင်

ကျိုင်းကောင် အုပ်ကျရောက်မှုတွေ ဖြစ်ပွားနေတဲ့ ရာဂျက်စတန် (Rajasthan) ပြည်နယ်အတွင်း ချူရူမြို့ (Churu) ရဲ့ အမြင့်ဆုံး အပူချိန်ဟာ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် အထိ ရောက်ရှိခဲ့ပြီး အိန္ဒိယမှာ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အပူချိန် အလွန်မြင့်တက်နေမှုကြောင့် အများပြည်သူအနေနဲ့ တတ်နိုင်သမျှ နေအိမ်မှာနေကြရန် တာဝန်ရှိ သူတွေက သတိပေးခဲ့ ပါတယ် ။

အိန္ဒိယတွင် အပူလှိုင်းကျရောက်ကာ ကမ္ဘာ့အပူဆုံးနေရာ အဖြစ် ယနေ့ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် ဖြင့် စံချိန်တင်

လက်ရှိ အပူချိန်ဟာ အိန္ဒိယမှာ ဆယ်စုနှစ်များ အတွင်း အလားတူ အချိန်ကာလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းရဲ့ မိုးလေဝသအခြေအနေ စောင့်ကြည့်ဝက်ဘ် ဆိုက် El Dorado မှာ ဖော်ပြထားမှုအရ မေ ၂၇ ရက် မှာ အိန္ဒိယက ကမ္ဘာ့အပူဆုံးနေရာ ဖြစ်ခဲ့တယ် လို့ ဆို ပါတယ်။

အိန္ဒိယတွင် အပူလှိုင်းကျရောက်ကာ ကမ္ဘာ့အပူဆုံးနေရာ အဖြစ် ယနေ့ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် ဖြင့် စံချိန်တင်

အိန္ဒိယမှာ အပူလှိုင်းကျရောက်မှု အကြောင်းရင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း အမ်ဖန်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ မိုးလေဝသဌာန တာဝန်ရှိသူတွေက ဒေသခံမီဒီယာ ကို ပြောပါတယ်။

“စူပါဆိုင်ကလုန်း အမ်ဖန်က နိုင်ငံ ရဲ့ အခြားနေရာတွေက အစိုဓာတ် ကို စုပ်ယူသွားခဲ့တယ် ” လို့ ဒေသဆိုင်ရာ မိုးလေဝသဌာန မှ အကြီးအကဲ Kuldeep Shrivastava က Hindustan Times သတင်းစာ ကို ပြောပါတယ်။ အိန္ဒိယ မှာ လတ်တလော နှစ်များအတွင်း အပူလှိုင်းတွေကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။

အိန္ဒိယတွင် အပူလှိုင်းကျရောက်ကာ ကမ္ဘာ့အပူဆုံးနေရာ အဖြစ် ယနေ့ ၅၀.၂ ဒီဂရီဆဲလ်စီးယပ် ဖြင့် စံချိန်တင်

လက်ရှိ အပူလှိုင်းကျရောက်မှုက လူတွေအပေါ် သက်ရောက် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးကြောင်း BBC သတင်းက ပြော ပါတယ်။ သို့သော် အိန္ဒိယမှာ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေက COVID-19 ပိတ်ပင်ကန့်သတ်မှုများ အတွင်း ၎င်းတို့နေရပ် ကျေးရွာများ သို့ လမ်းလျှောက်ပြန်ကြရာ အပူဒဏ်အန္တရာယ် ရှိနေ ပါတယ်။ ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *