မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှုနည်းခြင်း အကြောင်းအရင်း…

ကျန်တဲ့ တကမ္ဘာလုံး မှာ ဘယ်လောက်ပဲ သေသေ ကိုဗစ်-၁၉ ဟာ Vietnam, Laos, Cambodia, Thailand and Myanmar ဆို တဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ ဖြစ်တာ လည်းနည်း သေတာ လည်း နည်းတယ် တဲ့ ။ Vietnam, Laos, Cambodia ဆို လုံးဝ မသေသေး ဘူး ။ အံ့သြစရာ က Cambodia ပါ ဝူဟန်နဲ့တောင် လေကြောင်း သွား လာ တုန်းလို့ ဆို တယ် ။ လူတွေက ပြွတ်သိပ်နေကြ ရ တယ် ။ စက်ရုံတွေ မှာ ကျဉ်းကျဉ်း ကျပ်ကျပ် လုပ်နေကြ ရ တယ် ။

မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှုနည်းခြင်း အကြောင်းအရင်း…

ဒါပေမယ့် ကိုဗစ် က ညှာတာပေးနေ တယ် ။ အနောက်နိုင်ငံတွေ မှာ လူဦးရေ တစ်သန်း မှာ လူရာကျော်နှုန်း နဲ့ သေနေချိန်မှာ မြန်မာက လူတစ်သန်းကို ဝ.၁ ယောက်၊ ထိုင်းက လူ ၁ သန်းကို ဝ.၈ ယောက်ပဲ သေသတဲ့ ။ ဘာကြောင့် များလဲ ။

၁။ အပူချိန် ။

ကိုဗစ် ဟာ ၁၀-၁၅ စင်တီဂရိတ်အတွင်း ရှိတဲ့ ဒေသတွေမှာ ဒုက္ခ အပေးဆုံး ပဲ။ ဝူဟန် ကိုယ်တိုင် က မတ်လ အထိ ၁၅ စင်တီဂရိတ် မကျော်တာ ။ MDY မှာ ဒီနေ့ ၃၈ စင်တီဂရိတ် ( ၁၀၁ ဖာရင်ဟိုက် ) ။ ၂၅ ကနေ ၄၀ စင်တီ အတွင်း ရှိနေတဲ့ အရှေ့တောင်အာရှမှာ ပိုးဟာ ချည့်နဲ့နေပုံ ရပါတယ် လို့ ရေးတယ် ။

မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှုနည်းခြင်း အကြောင်းအရင်း…

၂။ ဆင်းရဲ ချမ်းသာ

ဝင်ငွေ ဂျီဒီပီ (GDP) သိပ်ကောင်းတဲ့ Western Europe, North America တွေမှာ လူပိုသေတယ်။ အသက်ကြီးသူ ပိုများတာရယ် ဝသူပိုများတာရယ်ကြောင့် ဖြစ်နိုင်ပါသတဲ့ ။ အရှေ့တောင် အာရှကတော့ ဂျီဒီပီနည်းတာပေါ့ ။ အသက်ရှည် ချမ်းသာတာ ဆိုတော့ ဂျပန် နဲ့ ကိုရီးယား ပြေးမြင် မိတယ်။

၃။ ငှက်ဖျား။

ငှက်ဖျားဖြစ်ဖူးသူတွေမို့ ကိုဗစ်ကို ခံနိုင်ရည်ရှိတာ များ လား လို့ စာရေးသူက တွေးတယ်တဲ့။ ဒါတော့ ကျနော်သဘောမတူဘူး။ ကျနော်တို့မှာ ငှက်ဖျား မဖြစ်တာကြာပြီ။ ဖြစ်ခြင်းဖြစ်ရင် Typhus တို့ Dengue တို့ကြောင့်ဆို ဖြစ်နိုင်မယ်လို့ တွေးမိတယ်။

မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှုနည်းခြင်း အကြောင်းအရင်း…

၎။ Haemoglobin E Disease

သာလာစီးမီးယားနွယ်ဝင် မျိုးရိုးလိုက် သွေးအားလည်း ရောဂါဟာ အရှေ့တောင်အာရှမှာ အင်မတန်ပေါတယ်။ Haemoglobin E ရှိသူတွေဟာ ငှက်ဖျားကို အထိုင်အလျောက် ခံနိုင်ရည် ရှိတယ်။ Haemoglobin E ကပဲ ကိုဗစ်ကို ကာကွယ်နေတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်တယ်။

မြန်မာ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေ မှာ ကိုဗစ် ဖြစ်ပွားမှု နဲ့ သေဆုံးမှုနည်းခြင်း အကြောင်းအရင်း…

Ref – thegeopolitics

ကျနော်ကတော့ Mask ရယ်၊ အပူချိန်ရယ်၊ လူနေ အစိတ်အကျဲရယ် rickettsia (Typhus) နဲ့ သွေးလွန်တုတ်ကွေးရယ်က ကာကွယ်နေတာလို့ ယူဆပါတယ်။

Ye Min – Maung Maung Oo

Add a Comment

Your email address will not be published. Required fields are marked *