အီရန်တွင် ခိုးရာလိုက်ပြေးသော အသက် ၁၄ နှစ် သမီးလေးအား ဖခင်ဖြစ်သူ မှ ခေါင်း ဖြတ် သတ်

အီရန်နိုင်ငံ မှာ အသက် 14 နှစ်သမီးလေး Romina Ashrafi ရိုမီနာ အာရှာရဖီဟာ သူ့အဖေ ရဲ့ ခေါင်းဖြတ်သတ်ခြင်း ကို ခံခဲ့ရ ပါတယ်။ အီရန် ၊ ပါကစ္စတန် ၊ အာဖကန်နစ္စတန် စတဲ့ အစွန်းရောက်နိုင်ငံတွေ မှာ ဒါမျိုး သတ်တာ ကို honor killing ဆွေမျိုး ဂုဏ်ဆယ်ပြီး သတ်တယ် လို့ ခေါ်ကြ ပါတယ် ။

ရိုမီနာဟာ မိဘသဘောမတူတဲ့ လူနဲ့ ခိုးရာလိုက်ပြေးခဲ့လို့ဖြစ် ပါတယ် ။ ခိုးရာ လိုက်ပြေးပြီး 5 ရက်အကြာမှာ ရဲကမိဘလက်ပြန်အပ်ခဲ့တာ ဖြစ်ပါတယ်။ မကျေနပ်ရင် တရားဥပဒေ အရအရေးယူ သင့်ပေမယ့် ခိုးပြေးတဲ့သူကို အရေးမယူပဲ ကိုယ့်သမီး ကိုယ်သတ်တာဟာ ဘယ်လိုမှ ခွင့်လွှတ်စရာ မရှိပါ ။

အီရန်တွင် ခိုးရာလိုက်ပြေးသော အသက် ၁၄ နှစ် သမီးလေးအား ဖခင်ဖြစ်သူ မှ ခေါင်း ဖြတ် သတ်

သို့သော် ပါကစ္စတန်တို့ အာဖကန်တို့ မှ ကျောက်ခဲ နဲ့ဆွေမျိုးတွေက ဝိုင်းပစ်သတ်တာတွေ ရှိဆဲပါ ။ အီရန် မှာ ဒီကိစ္စကို ပြည်သူတွေက ဒေါသထွက်ခဲ့ကြပါတယ်။

အီရန်နိုင်ငံမှာ honor killing ကို တားမြစ်တဲ့ ဥပဒေထုတ်ဖို့ ကြိုးစားနေတာ အခုထိမအောင်မြင်သေး ပါဘူး ။ ကျနော်ပြောချင်တာက ဘာသာရေးအစွန်းရောက်ခြင်း ကို ရှောင်ရှားကြဖို့ ပါ ။

အာဖကန်နစ္စတန်နိုင်ငံ မှာ ဆိုရင် 2000 ခုနှစ်လောက်က တာလီဘန်အစိုးရလက်ထက် မှာ အာဖကန်တက္ကသိုလ်က ပါမောက္ခဆရာမကြီး တစ်ဦးဟာ လမ်းပေါ် မှာ သူတောင်းစားဘဝ နဲ့ အသက်မွေးခဲ့ ရဖူး ပါတယ် ။

တာလီဘန်တွေတက်လာပြီးတဲ့နောက် မိန်းမတွေ စာမသင်ရ ၊ ယောက်ျားလုပ်စာပဲ စားရမယ် လို့ အမိန့်ထုတ် ခဲ့တဲ့ အချိန်မှာ အဲ့ဒီ တက္ကသိုလ်ပါမေက္ခဆရာမကြီးမှာ ယောက်ျားမရှိတော့တဲ့အတွက် စာသင်ကြားခွင့်မရပဲ လမ်းပေါ်မှာ ထွက်ပြီးတောင်းရမ်းကာ အသက်မွေးခဲ့ ရ တာ ပါ ။

https://web.facebook.com/richard.myothant/posts/3482302988464452

Richard Myo Thant
28-May-2020

Add a Comment

Your email address will not be published. Required fields are marked *