အိုချိန်မတန်ခင် မအိုရအောင် ၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပ ထိန်းသိမ်းနည်း

အသက် အရွယ် အိုမင်း ရင့်ရော်ခြင်း ကို ဘယ်သူ မှ ဆန့်ကျင်လို့ မရပါဘူး ။ ဒါပေမယ့် အချိန်မတန်ခင် အိုမင်းရင့်ရော်ခြင်းကိုတော့ အသားအရေထိန်းသိမ်းနည်း အစားအသောက် သတိထား စားခြင်းတွေနဲ့ တားဆီးနိုင် ပါတယ် ။ အသက် အရွယ်ရလာတာနဲ့အ မျှ အရေးကြောင်းတွေကတော့ ပေါ်လာတာပါပဲ။ ဒီအရေးကြောင်းတွေကို (၇) ရက်အတွင်း သက်သာစေမယ့် ကိုးရီးယားနည်းလမ်းတ စ်မျိုး ကို ဝေမျှပေးလို ပါတယ်။ ပါဝင်ပစ္စည်းတွေက သဘာဝပစ္စည်းတွေမို့ စိတ်ချစွာ အသုံးပြုနိုင်ပါတယ်နော် …။

အိုချိန်မတန်ခင် မအိုရအောင် ၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပ ထိန်းသိမ်းနည်း

ဒီနည်းလမ်းရဲ့ ကောင်းကျိုးတွေကတော့…

– ပြင်ဆင်ရ လွယ်ကူပါတယ် …။

– ပါဝင်ပစ္စည်းတွေက အကုန်အကျ သက်သာပါတယ် …။

– ခရင်က အစိုဓာတ်ပေးပြီး အရေးကြောင်းတွေကို ဖယ်ရှားပေးပါတယ် …။

– အသားအရေ အမျိုးအစားတိုင်းအတွက် အသုံးပြုနိုင်ပါတယ် …။

– အသားအရေပြောင်းလဲလာတာကို ခရင်လိမ်းပြီး ၇ ရက်အတွင်း သတိထားမိ လာပါလိမ့်မယ် …။

ပါဝင်ပစ္စည်းတွေကတော့…

ကြက်ဥအနှစ် တစ်လုံး

အိုချိန်မတန်ခင် မအိုရအောင် ၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပ ထိန်းသိမ်းနည်း

သံလွင်ဆီ တစ်ဇွန်း

အုန်းဆီနှစ်ဇွန်း

ပျားရည်တစ်ဇွန်း

အိုချိန်မတန်ခင် မအိုရအောင် ၇ ရက်အတွင်း အရေးအကြောင်းတွေ လျော့ပါးစေမယ့် အလှအပ ထိန်းသိမ်းနည်း

“ပြင်ဆင်ပုံ”

ပါဝင်ပစ္စည်းအားလုံးကို အနှစ်ပုံစံရတဲ့အထိ မွှေပေးပါ။ ပြီးနောက် ခွက်တစ်ခွက်ထဲပြောင်းထည့်ပေးပါ။ ရေခဲသေတ္တာထဲတွင် ထားနိုင်ပါတယ် …။

“အသုံးပြုပုံ”

မျက်နှာသစ်ပြီးနောက် ခရင်ကို လိမ်းနိုင်ပါပြီ။ ပြီးနောက်နှိပ်နယ်ပေးပါ။ ဒီခရင်သုံးဖို့ အသင့်တော်ဆုံးအချိန်ကတော့ အိပ်ရာမဝင်ခင်ပါ။ တစ်ညလုံး အသားထဲစိမ့်ဝင်ပါစေ။ မနက်နိုးတဲ့အချိန် နူးညံ့ချောမွေ့တဲ့အသားအရေကို ပိုင်ဆိုင်ပါလိမ့်မယ် …။

၇ ရက်တိတိ ဆက်တိုက်လိမ်းပေးပါ။ ၇ ရက်သုံးပြီးနောက်မှာတော့ တစ်ပတ်မှာ တစ်ကြိမ်သာ အသုံးပြုပေးပါနော် …။ ။

May Thu Soe

AuntyMay

Add a Comment

Your email address will not be published. Required fields are marked *