လာမည့် ဆောင်းရာသီ တွင် ပိုပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ထပ်မံ ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

လာ မယ့် ဆောင်းဦး ရာသီ မှာ ပိုပြီးပြင်းထန် တဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း အတွက် ကြိုတင်ပြင် ဆင်ထားကြ ဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က သတိပေးလိုက် ပါ တယ် ။ ပြီးခဲ့တဲ့ ရက်တွေက ဥရောပတိုက်နိုင်ငံတွေ မှာ ကူးစက်နှုန်း နဲ့ သေဆုံးနှုန်းတွေ ကျဆင်းလာေ ပမယ့် သတိထားပြီး နိုးကြားစွာ နေကြဖို့ ပြောကြားခဲ့ ပါ တယ်။

လာမည့် ဆောင်းရာသီ တွင် ပိုပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ထပ်မံ ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေ ဆောင်းဦးရာသီတွေ မှာဖြစ် တတ်တဲ့ တုပ်ကွေး နဲ့ ရာသီအလိုက်ဖြစ်ပေါ်တဲ့ ဝက်သက် ရောဂါတွေပါ နောက်ဆက်တွဲ ဖြစ်လာမှာကို စိုးရိမ်နေကြ ပါတယ် ။

တကျော့ပြန်ရောဂါဖြစ်ပွားမှု နဲ့ ပတ်သက် လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်ကြီးက တောင်ကိုရီးယား နဲ့ တရုတ်နိုင်ငံတို့ကို သာဓကပြထားပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန့်မြို့မှာ ရောဂါသက်သာလာသူတွေများပြားလာလို့ lockdown အနည်း ငယ်ပြန်လည်ဖြေလျှော့ပြီးနောက် မှာပဲ ရောဂါ ကူးစက်မှုတစ်ချို့ပြန်လည် ပေါ်ခဲ့ ပါတယ် ။ နောက်ပြီး တောင်ကိုရီးယားနိုင်ငံ မှာလည်း ရောဂါကူးစက်မှုဆက်တိုက်ကျဆင်းနေခဲ့ပြီး လွန်ခဲ့တဲ့တစ်ပတ်ကပဲ ရောဂါဖြစ်ပွားမှုအသစ်တွေပေါ်ထွက်လာနေ ပါတယ် ။

လာမည့် ဆောင်းရာသီ တွင် ပိုပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးဝါးဝါး ထပ်မံ ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး

ဒေါက်တာ ကလာ့ခ် အနေနဲ့ ဗြိတိန်၊ စပိန်၊ အီတလီ နဲ့ ဥရောပဒေသအချို့မှာ ကူးစက်မှုကျဆင်းလာပြီး ကာဇက်စတန်၊ ရုရှား၊ ယူကရိန်း နဲ့ ဘယ်လာရုစ်လို ဥရောပအရှေ့စွန်း နိုင်ငံတွေဆီမှာ ကူးစက်မှုမြင့်တက်လာတာတွေ့ရတာကြောင့် ဥရောပဒေသမှာ ရောဂါပျောက်သွားပြီလို့သတ်မှတ်လို့မရကြောင်း ပြောကြားခဲ့ပါတယ်။ ကိုဗစ် ရောဂါတစ်ကျော့ပြန်လည်လာပြီး ပိုမိုအားကောင်းတဲ့ကူးစက်မှုတွေဖြစ်ဖို့ အရှိန်ယူနေတာသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *