ကိုရိုနာ ဗိုင်းရပ်စ် လူသားဆီ မကူးခင် ကြားခံကူးစက် ခဲ့တဲ့ သတ္တဝါ ကို သိပ္ပံပညာရှင်များ တွေ့ရှိ

ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက် လို့ သိပ္ပံပညာရှင်တွေ ဆက်ပြီး အစဉ်တစိုက် လေ့လာခဲ့ကြရာ မှာ ဒီနေ့မနက် ထုတ်ပြန် ခဲ့တဲ့ တွေ့ရှိချက် တစ်ခု အရ လက်ရှိ ကပ်ဘေးကိုဖြစ်ပေါ်စေခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ဟာ လူတွေဆီ ကို မကူးခင် မှာ လင်းနို့တွေ ဆီမှာရော သင်းခွေချပ်တွေ ဆီ မှာပါ အချိန်အတန်ကြာ ရှိနေခဲ့နိုင် တယ် လို့ တွေ့ရှိခဲ့ကြ ပါ တယ် ။

ကိုရိုနာ ဗိုင်းရပ်စ် လူသားဆီ မကူးခင် ကြားခံကူးစက် ခဲ့တဲ့ သတ္တဝါ ကို သိပ္ပံပညာရှင်များ တွေ့ရှိ

အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ် လော့စ်အယ်လာမော့စ် အမျိုးသား ဓာတ်ခွဲခန်းရဲ့ အဲဒီ သုတေသနမှာ ပါဝင်ခဲ့သူ အယ်လင်နာဂျော်ဂျီက “ ကျွန်မ တို့ရဲ့ သုတေသနအရ အခု ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မှာ မျိုးဗီဇ တစ်ခုကနေ တစ်ခုကို ကူးလူး ခဲ့တဲ့ သမိုင်းကြောင်း အရှည်ကြီး ရှိခဲ့ ပါတယ် ။ လူတွေဆီ ကို မကူးခင်မှာ လင်းနို့တွေနဲ့ သင်းခွေချပ်တွေကြား မှာ အပြန်အလှန် အချိန် အတော်ကြာ ကူးစက်နေခဲ့တာပါ ” လို့ ဆို ပါ တယ် ။

လက်ရှိ ကိုရိုနာ ကပ်ဘေး စတင်ခဲ့တယ် လို့ ယူဆထား တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ သားငါးဈေး မှာ သင်းခွေချပ်တွေဟာ လူ ကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်ခဲ့ ပါတယ် ။ ဒါကြောင့် အခု ကပ်ဘေးဟာ သင်းခွေချပ်တွေ က စတင်ခဲ့ တယ် လို့တောင် ယူဆမှုတွေ ရှိ ခဲ့ ပါ တယ်။

ကိုရိုနာ ဗိုင်းရပ်စ် လူသားဆီ မကူးခင် ကြားခံကူးစက် ခဲ့တဲ့ သတ္တဝါ ကို သိပ္ပံပညာရှင်များ တွေ့ရှိ

သင်းခွေချပ်တွေကနေ ကူးစက်တာလို့ အခိုင်အမာ ပြောဖို့ စောလွန်းနေသေးပြီး ကြားထဲ မှာ ကွင်းဆက်ပျက်နေ တဲ့ တခြား သတ္တဝါ တစ်ကောင်ကောင် ရှိနေဦးမယ် လို့လည်း ခန့်မှန်းထားကြ ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ သင်းခွေချပ်အပြင် တခြား သတ္တဝါ တစ်မျိုးမျိုးနဲ့ လည်း မျိုးဗီ ဇဖလှယ် ပြီး လူတွေကို ကူးစက်တာ လို့ ယူဆထားကြတာ လည်းဖြစ် ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *