” အများ နဲ့ မတူတဲ့ အတွေးအခေါ်ပို င်ရှင် မင်းသား နေထူးနိုင် “

နေ ထူးနိုင်​ တဲ့ သူ့အ​ကြောင်း​တွေ ​ရေးပြရရင်​ အများကြီးဗျ ​ရေနံ​ချောင်းသား တွင်းကုန်း ဇာတိ ​ရေနံ​ချောင်း ဒီဂရီ​ကောလိပ်​က​နေ ဘွဲ့ရခဲ့တယ်​ ကိုယ့်​ဒူး ကိုယ်​ချွန်​ပြီး ​အောင်​မြင်​တဲ့မင်းသား တ​ယောက်​ဖြစ် ​ခဲ့တယ်​ သူ့ဇာတ်​ကား​တွေ ရဲ့ ရိုက်ကွင်းနေရာ တော်​​တော်​ များများ က ​ရေနံ​ချောင်းမြို့ ကို အ​ခြေ တည် ​တယ် ​။

ရေနံ​ချောင်းမြို့ ရဲ့ အလှအပ​တွေ ကို TVဖန်​သားပြင်​က​နေ တနိုင်​ငံလုံးသိ​အောင်​ ကြိုးစားပြ​နေတယ်​ မှတ်​မိ​သေးတယ်​ မ​ကွေးမှာ တက္ကသိုလ်​ တက်​​ချိန်​ မြစ်​အ​နောက်​ဘက်​က သူငယ်​ချင်း​တွေနဲ့ ခင်​​တော့ သူ့ဇာတိ ကိုယ့်​ဇာတိ အပြန်​အလှန်​ မိတ်​ဖွဲ့ရင်း ကိုယ်​​တွေ ​ရေနံ​ချောင်း ဇာတိ မှန်းသိ​ရော မင်းသား​နေထူးနိုင်​ မြို့ကပဲ တဲ့

” အများ နဲ့ မတူတဲ့ အတွေးအခေါ်ပို င်ရှင် မင်းသား နေထူးနိုင် “

သူတို့နယ်​​တွေ ဘက် ​မှာ မင်းသားကား​တွေ ဆို ရုံပြည့်​ရုံလျံ အား​ပေးကြတာတဲ့ ဘာလို့လည်းလို့ ​မေးကြည့်​​တော့ သူ့ဇာတ်​ကား​တွေက မိသားစု အကုန်​ကြည့်​လို့ရတယ်​ ​အောက်​လုံးမပါဘူးတဲ့ ဗဟုသုတ ဖြစ်​စရာ ​တွေးစရာတခုခုကျန်​ခဲ့ တယ် ​တဲ့ တယ် ​ဟုတ်​ပလား​ပေါ့

အမှန်​​ပြောရရင်​အဲချိန်​အထိ သူ့ကား​တွေ ​ကောင်း​ကောင်း မကြည့်​ဘူး​သေးဘူး မြစ်​အ​နောက်​ဘက်​တ​ကြောက သူ့ဖန်​​တွေ ​ပေါမှ​ပေါ မင်းသူ့ကိုသိလားတဲ့ ငါနဲ့တရပ်​ကွက်​ထဲပဲလို့ ​နောက်​​ ဆည်​​မြောင်းမှာ အလုပ်​ စလုပ်​​တော့ တာဝန်​ကျတဲ့​နေရာက လည်း အ​ဝေးကြီးခု​ခေတ်​လို အင်တာနက်က လည်းမဖွံ့ ဖြိုး သူငယ်​ချင်းတ​တွေ ည​ရောက်​ရင်​ သူ့ဇာတ်​ကား​တွေ ဌားကြည့်​​တော့ တာ ပဲ။

” အများ နဲ့ မတူတဲ့ အတွေးအခေါ်ပို င်ရှင် မင်းသား နေထူးနိုင် “

ဇာတ် ​ကားထဲ က ​နေရာ​လေး​တွေ ကြည့်​ရင်း ဒါက ငါတို့မြို့ကဘယ်​​နေရာ​လေးဆိုပြီး အလွမ်း​ဖြေခဲ့ရတယ်​ ​နောက်​တခါ သူ့ကိုinterviewရင်​ ပိုက်​ဆံ​ပေးရမယ်​ ဆိုပြီး media က​နေ အတိအလင်း​ကြေညာ​တော့ ပွက်​​လောရိုက်​ခဲ့တာမှတ်​မိ​သေးတယ်​ တပါတ်​မှာတရက်​ မိသားစုကို ​ရောက်​ရာအရပ်​ကပြန်​ပြီး ဂရုစိုက်​တက်​​သေးတယ်​ မိန်းမအ​ပေါ်လည်း အရမ်းချစ်​တက်​သူကြီး​ပေါ့(​ရေနံ​ချောင်းသား​တွေကအရမ်းချစ်​တက်​ကြတယ်​)

ဗီဒီယိုလောကကြီးပျက်​ဆီး​နေချိန်​ ရ​အောင်​​တောင့်ခံတယ်​ နယ်​​တွေ ကိုယ်​တိုင်​ဆင်းပြီး video​လောက ပြန်​လည်​ဦး​မော့လာ​အောင်​ ကြိုးစား​နေတာ​တွေလည်း မြင်​​နေရတယ်​ သူ့ကို မှီခို​နေရတဲ့ မိသားစု အနည်းဆုံး၆၀-၈၀ကြားရှိတယ်​ သူတို့​တွေ စားဝတ်​​နေ​ရေးအတွက်​ ကြိုးစား​ပေး​နေရတာတဲ့ interviewတခုမှာ ​ဖြေတာကြားဘူးလိုက်​တယ်​။

မြန်​မာပြည်​မှာ ​ရေကြီး​ရေလျှံဖြစ်​​တော့ အများ သူဌာ ​ရေ​ဘေးသင့်​ပြည်​သူ​တွေ အတွက်​အစားအ​သောက်​​တွေ အဝတ်​အထည်​​တွေ လှူဒါန်း​နေချိန်​ ​သူ့အ​တွေးအ​ခေါ်ကအများနဲ့မတူပြန်​ဘူး ​ရေ​ဘေးသင့်​​ဒေသက ကျွဲ ​တွေ နွား​တွေ အတွက်​ အစားအ​သောက်​​တွေ လှူ​နေပြန်​​ရော

” အများ နဲ့ မတူတဲ့ အတွေးအခေါ်ပို င်ရှင် မင်းသား နေထူးနိုင် “

နောက်​မန္တ​လေးဘက်​မှာ တာဝန်​ကျ​တော့ ​ကျောက်​ဆည်​က ညီတ​ယောက်​နဲ့ ခင်​တယ်​ သူက​နေထူးနိုင်​ ဖန်​ အကြီးစားကြီးဗျ ခု​ခေတ်​​ပေါ်​နေတဲ့မင်းသား​တွေကိုမကြိုက်​ပဲ ဘာလို့သူ့ကိုကြိုက်​တာလည်း ​မေးကြည့်​ဘူးတယ်​ သူ့ကား​တွေမှာ ​မောင်​နဲ့ အမိသားနဲ့နှမ မကြားဝံ့ မနာသာ​တွေမပါဘူး ဗဟုသုတ ဖြစ်​စရာ​တွေပါတယ်​တဲ့ ​အောက်​လုံးမသုံးဘူးတဲ့ စရိုက်​တဲ့ကား​တွေကသာ က​လေးကား​တွေ များ​ပေမယ့်​​နောက်​ပိုင်းရိုက်​တဲ့ကား​တွေ မှာ ​တော်​​တော်​​လေး​ကောင်းတယ်​ဆိုပဲ။

ကိုယ်​​တွေကမြန်​မာကားသိပ်​မကြည့်​ဖြစ်​​တော့ အလှမ်းမမှီပါဘူး ​ဟော ရာသီဥတုပူပြင်းလို့ တနှစ်​ထက်​တနှစ်​အပူချိန်​မြင့်​တက်​လာချိန်​ အများသူဌာ ပန်​ကာဝယ်​ airconတပ်​ဖို့လုပ်​​နေချိန်​မှာ မြန်​မာပြည်​ရဲ့အပူချိန်​စံချိန်​တင်​တဲ့ ​ချောက်​မြို့မှာ ​နေပူပူမှာ ​တောင်​ကတုံး​တွေအ​ပေါ်သစ်​ပင်​စိုက် ​ဖို့ သူကြိုးစား​တော့ ဝိုင်းဝန်း​ဝေဖန်​သံ​တွေ ကြားရပြန်​​ရော ဘယ်​အပင်​မှမဖြစ်​ထွန်းဘူးဆိုပြီး ​လှောင်​​ပြောင်​သံ​တွေကို အလုပ်​နဲ့သက်​​သေပြသွား တယ်​။

ခုဆိုသစ်​ပင်​​လေး​တွေ စိမ်းစို လို့ ​နောက်​၃နှစ်​​လောက်​ဆို ​ချောက်​မြို့အပူချိန်​ ​လျော့ချနိုင်​ပြီ ​နောက်​ Covid ဖြစ်​​တော့လည်း ဇာတိ​မြေကို ပစ်​မထားခဲ့ဘူး စက်​မှု့ဇုန်​ မှာရှိတဲ့သူ့ရဲ့ရုပ်​ရှင်​ခြံ ကို အချိန်​မ​ရွေး အသုံးပြုပါဆိုပြီး လှူဒါန်းထား​သေးတယ်​။ တခြားလိုအပ်​တာ​တွေရှိရင်​လည်း​ပြောပါ သူကူ ညီပါမယ်​တဲ့ သူ့ကိုချစ်​တဲ့သူ​တွေ​ကော မုန်းတဲ့သူ​တွေ​အတွက်​​ကော သူအများကြီး​တော့ ​ပြော​နေမှာ မဟုတ်​ဘူး သူလုပ်​စရာရှိတာ အ​ကောင်းဆုံးလုပ်​​နေမှာပါ ​တောင်​ကတုံး​တွေ ကို ​သျှောင်​များများ ထုံးနိုင်​ပါ​စေကိုကြီး

Soe Paing Oo

Add a Comment

Your email address will not be published. Required fields are marked *