” ခေါင်းမူး ၊ ခေါင်းကိုက် ၊ခေါင်းမကြည်ခြင်းအတွက် “ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း”
မောင်ဇေ
Sai Min Thant
Unicode
“ ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း ”
ဟင်းချက်ရာမှာထဲ့သုံးဖို့ စပါးလင်ကိုဈေးကဝယ်လာပြီးသောအခါအပေါ်ပိုင်းကိုဖြတ်ပြီး လွှင့်ပြစ်လိုက်တတ်ကြတာအများစုပါ ။နောက်ဆို မလွှတ်ပြစ်ပဲ ဒီလိုလေးစမ်းကြည့်ပါ ။ဖြတ်ထားတဲ့အပေါ်ပိုင်းကိုရေသေချာဆေးခေါက်တုတ်လေးစုပြီးချည်လိုက်ပါ ။ရေနွေးပွက်ပွက်ဆူတစ်အိုးထဲပုံမှန်အတိုင်းလက်ဖက်ခြောက်ခပ်ပြီးရင်ချည်ထားတဲ့ စပါးလင်ကိုထည့်ပါ။ရေနွေးတစ်အိုးဆိုရင်စပါးလင်တစ်ချောင်းဆိုလုံလောက်တယ် ဒီထက်ပိုထဲ့တာကိုကြိုက်လဲ ပိုထည့့်ပေါ့ ။
လက်ဖက်ခြောက်ကျပြီဆိုရင် ရေနွေးပူပူလေးကိုမှုတ်ပြီးသောက်စပါးလင်နံ့မွှေးမွှေးလေးနဲ့ ခံတွင်းလဲ ရှင်းတယ် ။
“ ဆေးဖက်ဝင် စပါးလင် ရေနွေးကြမ်း ”
တော်ယုံခေါင်းမူးခေါင်းကိုက်စိတ်မကြည်လင်တာတွေလဲ ပျောက်တယ် ။ကျွန်တော်တော့ သိပ်ကြိုက်တယ်မကြာခဏလုပ်သောက်ဖြစ်တယ် ။အဲ့လိုပဲ စပါးလင်နေရာမှာကွမ်းရွက်တွေ ကွမ်းရိုးတွေကိုသေချာရေဆေးပြီး ခပ်သောက်ကြည့်အဲ့ဒါလေးလဲ တစ်မျိုးသောက်ကောင်းတယ် ။အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေသင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံး အားလုံးအား လေးစားလျှက်ပါ ။ ။
မောင်ဇေ
Sai Min Thant
Add a Comment
Your email address will not be published. Required fields are marked *