ရန်သူတွေ ကို တိုက်ခိုက်ဖို့ ကိုဗစ် ကို ဘုရားသခင် က လွှတ်လိုက် တာ ဖြစ်ကြောင်း အိုင်အက်စ် ( IS ) အဖွဲ့ ကြေညာ

စစ် သွေးကြွ အဖွဲ့တစ်ခုဖြစ် တဲ့ အိုင်အက်စ် အဖွဲ့က ၎င်းတို့ရန်သူတွေကို တိုက်ခိုက်ဖို့အတွက် အလ္လာအရှင် က ကိုဗစ်ရောဂါပိုး ကို ဖန်တီးပြီး ကမ္ဘာ ကိုစေလွှတ် လိုက်တာ ဖြစ်ကြောင်း ကြေညာခဲ့ ပါ တယ် ။ သူ တို့ ဆို လို တာ က အခု ကိုဗစ်ရောဂါဟာ ဘုရားသခင် အလိုတော် ကျဖြစ်ကြောင်း ၊ မိမိ တို့ကို ကူညီပြီး တိုက်ခို က်ဖို့ ဖြစ် တယ် လို့ ဆို ပါ တယ် ။

ရန်သူတွေ ကို တိုက်ခိုက်ဖို့ ကိုဗစ် ကို ဘုရားသခင် က လွှတ်လိုက် တာ ဖြစ်ကြောင်း အိုင်အက်စ် ( IS ) အဖွဲ့ ကြေညာ

အိုင်အက်စ် အဖွဲ့ဟာ အခု ဆိုရင် အရှေ့ အလယ်ပိုင်း မှာ တိုက်ခိုက်မှု အရှိန်တွေ ပြန်လည် စတင်နေပြီဖြစ်ပြီး၊ ကိုယ်ပိုင်နယ်မြေ အတွက် တိုက်ပွဲဝင်ကြတာ လို့ ဆိုပါတယ် ။ အီရက်နဲ့ ဆီရီးယား မှာတော့ မဟာမိတ်တွေ ရဲ့ စွမ်းဆောင်မှုကြောင့် စစ်ရေးအရ အရှုံးကြီး ရှုံးထား တယ် လို့ ဆိုရမှာပါ ။

အိုင်အက်စ်အဖွဲ့ ကတော့ ကိုဗစ်-၁၉ကို ဘုရားသခင် ရဲ့ ပြစ်ဒဏ်ခတ်ခြင်း-လို့ တင်စား ထားပြီး ၊ အိုင်အက်စ် ရဲ့ ရန်သူတော် နိုင်ငံတွေ ကိုဗစ်ကြောင့် အကြပ်အတည်းဖြစ်ပေါ်နေတာ aတွကိုကြည့်ပြီး ၊ သူတို့ တစ်တွေ ပျော်ရွှင်တယ်လို့ ဆိုထား ပါတယ် ။

ဒီကြေညာချက် ကို Abu Hamza al-Quraishi အမည်ရ လူမှု ကွန်ရက် အကောင့်ကနေ စတင်ဖြန့်ဝေခဲ့တာပါ။ သူဟာ အိုင်အက်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ထုတ်ပြန်ကြေညာလေ့ရှိပြီး၊ သူ့ကိုယ်သူ “အိုင်အက်စ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ “လို့ ကြေညာထား သူဖြစ် ပါတယ် ။

ရန်သူတွေ ကို တိုက်ခိုက်ဖို့ ကိုဗစ် ကို ဘုရားသခင် က လွှတ်လိုက် တာ ဖြစ်ကြောင်း အိုင်အက်စ် ( IS ) အဖွဲ့ ကြေညာ

(၃၃ )မိနစ်ကြာတဲ့ အသံသွင်း ကြေညာချက် မှာ ” နောက်ဆုံးတော့ ကျနော် တို့ပဲ အောင်ပွဲခံကြ မှာပါ …. “လို့ ဆိုထားပါတယ် ။ Abu Hamza က ” ဘုရားရှင်ရဲ့ အလိုတော်အတိုင်းပါပဲ … မသမာသူတွေ ကို နှိမ်နင်းဖို့ ဒီရောဂါကပ်ဆိုးပြီးကို လွှတ်လိုက်တာပါ …. ဒါကို သာမန်မျက်လုံး နဲ့ မမြင်နိုင် ပါဘူး “လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး ” အခု ဘုရားသခင် က ကျနော် တို့ဘက်က ပါနေခြင်း အတွက် … မသမာသူတွေကို နှိမ်နင်းပေးခြင်း အတွက် ကျနော်တို့ ဝမ်းမြောက် ဝမ်းသာဖြစ်နေကြပါတယ် “လို့ အဆုံးသတ်ထားပါတယ် ။ အိုင်အက်စ်အဖွဲ့ဟာ ကမ္ဘာမှာ အကြွင်းအကျန် ရှိနေဆဲဖြစ်ပြီး ၊ အလွန်ရက်စက်တဲ့ ရာဇဝတ်မှု တွေကို ဆက်လက် ကျူးလွန်နေဆဲပါ ။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *