မုန့်ဖိုးရတိုင်း တရုတ် အသားတုမုန့် ဝယ်စားတဲ့ ကလေးလေး ရဲ့ ဗိုက်ထဲက ထွက်လာတာ တဲ့…

လူနာ က ၉ နှစ် ယောင်္ကျားလေး ပင်လယ်ဘက် က ရွာလေး က ဗိုက်နာနေတာ တပတ်လောက် ရှိပီ ရွာက ဆရာမလေးက သံချေ ဆးပေး တယ် ၃ ရက် ​လောက်ကြာတော့ ဗိုက်ကပိုနာ လာ တယ် ဗိုက် ပို ဖောင်းလာ တယ် အန်တယ် ဝမ်းချုပ် တယ် ဆေးရုံရောက် လာ တယ် အူလမ်းကြောင်း ပိတ်တဲ့ ပုံပဲ သံလုံး သံခဲတေကြောင့် လားပေါ့

မုန့်ဖိုးရတိုင်း တရုတ် အသားတုမုန့် ဝယ်စားတဲ့ ကလေးလေး ရဲ့ ဗိုက်ထဲက ထွက်လာတာ တဲ့…

စမ်း သပ်ကြည့်တော့ အူခေါက်၊ အူသိမ်ကျယ်နေ၊ သံကောင် အများအပြား မတွေ့။ ဒါနဲ့ SE ပေးပြီး စောင့်ကြည့်နေတာ ၃ ရက်ကျော် မသက်သာလာတာနဲ့ ဗိုက်ဖွင့်ကြရော တွေ့ရတာက အူသိမ် မှာ အလုံးအကြိတ်ကြီးတခု။ အပြင်ကကိုင်ကြည့်တော့ မာမာလေး ရွှေ့ လို့ လည်း ရတယ် သံလုံး သံခဲ လည်း မဟုတ် အူသိမ်ထဲ ဆိုတော့ အီး တုံးလည်း မဟုတ်ပေါ့။

ဒါနဲ့ အူဖွင့် ထုတ်ကြည့် လိုက်တော့ အောင်ပန်း ဘက်က လာတဲ့ အာလူး လောက်ရှိတဲ့ အစိမ်းရောင် အလုံးကြီး တလုံး ထွက်လာ ပါရော ဟ ဘာကြီးလည်း ဟ ကိုဗစ်လုံးကြီလားပေါ့(ကိုဗစ် က ဘာရောင်မှန်းတော့ မသိ ပါ ဘူး) ကိုင်ကြည့်တော့ လည်း ပေါ့ပေါ့လေး ပွစိစိနဲ့ ခွဲကြည့် လိုက်တော့ လည်း အထဲ မှာ ရေမြှုပ်လို ဗွစိစိ နဲ့

မုန့်ဖိုးရတိုင်း တရုတ် အသားတုမုန့် ဝယ်စားတဲ့ ကလေးလေး ရဲ့ ဗိုက်ထဲက ထွက်လာတာ တဲ့…

ဒါနဲ့ ကျန်တဲ့အူတွေ စစ်ကြည့် ပုံမှန်ဆိုတော့ လုပ်စရာရှိတာလုပ် ဗိုက်ပြန်ပိတ် အပြင်ရောက် မှ ကလေးအူထဲ က အလုံးကိုပြပီးကလေးအမေကို မေးကြည့်ရတာပေါ့။ အမေကလည်း ဗိုက်တလုံးနဲ့ ရွာမှာလည်း ကလေး ၅ ယောက်ကျန်ခဲ့တယ် ခုဖြစ်တာ တတိယကလေး တဲ့ ဒါ နဲ့ ကလေး ဗိုက်မနာခင် ရက်တေ က ဘာတွေမြန်း ထူးထူးဆန်းဆန်း စားတာ ရှိလည်း – အူထဲမှာတော့ဒါကြီးနဲ့ ပိတ်နေတာ ဆိုတော့ အမေကလည်းမပြော တတ်။

နောက်နေ့ လူနာကြည့်ရင်း နဲ့ အမေ ရော ကလေး​ရော မေးကြည့် မှ မုန့်ဖိုး တစ်ရာ နှစ်ရာလောက်ရရင် တရုတ်ကလာ တဲ့ အသားတု မုန့်ထုပ်လေးတွေ ဝယ်စားတတ်ကြ တယ် ဝါးလို့ကောင်းတယ် အရသာရှိတယ် အလဲုးလေးတွေ တဲ့ ။ တခါ မီးနဲ့ စမ်း ရှို့ကြည့်တာ ကော်ဗတ်စကိုမီးရှို့ရသလိုပဲ တဖြစ်ဖြစ် နဲ့လောင်လို့ ကလေးတွေက ကော်ဗတ် မုန့်လို့ပြောဝယ်ကြတယ်တဲ့ (ဒီဒေသမှာ ရာဘာကို ကော်ဗတ်လို့ခေါ်ကြ ပါတယ်)

မုန့်ဖိုးရတိုင်း တရုတ် အသားတုမုန့် ဝယ်စားတဲ့ ကလေးလေး ရဲ့ ဗိုက်ထဲက ထွက်လာတာ တဲ့…

သေချာတာကတော့ ဒီလောက်ကြီးတဲ့အလုံးကြီးကို ကလေးပါးစပ်က မမြိုနိုင်ပါဘူး အီးတုံးလည်း မဟုတ် ပါဘူး အူထဲရောက် မှ တဖြည်ဖြည်း ပွလာပီး အူလမ်းကြောင်း ပိတ်သွားတာဖြစ်မှာပါ ခုတော့ ကလေးလည်း ကောင်းကောင်းမွန်မွန် နဲ့ ဆေးရုံ ကဆင်းသွားပါပြီ။

မြန်မာပြည်ကြီး —–ကျန်းမာပါစေ။ တရုတ်ကြီး — ချမ်းသါမြဲပါ။

Moe Min Zaw

Add a Comment

Your email address will not be published. Required fields are marked *