စစ်မြေတလင်းလို တစ်နိုင်ငံလုံး ဆန္ဒပြမှုများ နဲ့ ၅ ညမြောက်လာတဲ့ အမေရိကန် မြို့ကြီးတွေမှာ ညမထွက်ရ အမိန့် ကာဗျူး ထုတ်ပြန်

အမေရိကန်မှာ ၅ ညမြောက် အဖြစ် ဆန္ဒပြမှုတွေ ဖြစ်ပွားေ နပါ တယ် ။ အခြေအနေက ထင်ထားတာ ထက် အများကြီး ဆိုးပြီး တပြည်လုံးက စစ်မြေပြင် လို ဖြစ်နေ ပါ တယ်။

မီးလောင်နေတဲ့မြို့ကြီးတွေ ကို မြင်နေရတဲ့ အတွက် စိုးရိမ်နေရသလို အဖမ်းအဆီးတွေလဲ စလုပ်နေပါတယ်။ လက်ရှိအချိန်ထိ လူပေါင်း ၁၇၀၀ ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စစ်မြေတလင်းလို တစ်နိုင်ငံလုံး ဆန္ဒပြမှုများ နဲ့ ၅ ညမြောက်

New York, LA တို့လို ဒီမိုကရက် အမာခံအပြာဒေသတွေအပြင် San Antonio တို့လို အနီအမာခံဒေသတွေမှာ ဖြစ်နေလို့ မလွယ်ကြောဆိုက်နေပါတယ်။ ၉၉% လူဖြူတွေနေတဲ့ Seattle မှာလဲ အကြီးအကျယ်ဆန္ဒပြနေ သလို Miami မှာလဲ လက်တင်တွေ က ဆန္ဒပြပေးနေကြ ပါတယ်။

လက်ရှိအဖြစ်အပျက်တွေဟာ စုပြုံနေတဲ့ဒေါသတွေ ပေါက်ကွဲလာတာလဲ ဖြစ်ပါ တယ် ။ အမေရိကန်မှာ လူပေါင်း သန်းချီ COVID ကူးစက်ခံရပြီး ၁ သိန်းကျော် သေဆုံးခဲ့ပါတယ်။ အလုပ်လက်မဲ့ က ၄၁ သန်း အထိ ရှိလာပီး အလုပ်လက်မဲ့နှုန်း က ကမ္ဘာ့စီးပွား ပျက်ကပ်တုန်းက အနေအထားနဲ့ အလွန်နီးကပ်နေ ပါတယ် ။

စစ်မြေတလင်းလို တစ်နိုင်ငံလုံး ဆန္ဒပြမှုများ နဲ့ ၅ ညမြောက်

ပြည်သူတွေကော ကျန်းမာရေးဝန်ထမ်းတွေက ပါ လက်ရှိ အစိုးရ ရဲ့ COVID လုပ်ဆောင်ပုံကို အားမရကြပဲ ဒီလောက် လူအများကြီးသေရတာဟာ Plan မရှိလို့ဆိုပီး ဝေဖန်နေကြတာပါ။ အဲဒီမကျေနပ်ချက်တွေဟာ အခုအခါမှာတော့ ဆန္ဒပြပွဲတွေအဖြစ် ပေါက်ကွဲ လာတာပါပဲ။

ဗြိတိန်က ကမ္ဘာကြီးကို ကိုလိုနီပြု အုပ်ချုပ်တုန်းက ပြည်သူတွေတအား ကြပ်တည်းလာရင် အဓိကရုဏ်းတွေ ဖန်တီးတတ်ပါတယ်။ မြန်မာပြည်ကို အုပ်ချုပ်တုန်းက ” မော်လဝီနဲ့ယောဂီ” စာအုပ်ထုတ်ပီး မီးမွှေးခဲ့သလိုပေါ့။ အခု အမေရိကန်ကတော့ နှစ်ရှည်လများ ခံစားလာရတဲ့ မကျေနပ်ချက်တွေက ပေါက်ကွဲလာတာပါ။

စစ်မြေတလင်းလို တစ်နိုင်ငံလုံး ဆန္ဒပြမှုများ နဲ့ ၅ ညမြောက်

သမ္မတကလဲ ပြည်သူကို သြဇာမလွှမ်းနိုင်သလို ကျေနပ်အောင် စကားမပြောတတ် ပါဘူး။ ဒီလူ နဲ့ ဒီပြည်သူတွေ ဘယ်လို စခန်းသွားမလဲ စောင့်ကြည့်ရ ပါမယ် ။ အရမ်းတော့ ကြာမြင့်လိမ့်မယ်လို့ မထင်ပါဘူး။ ကျေနပ်သွားရင် ပြီးသွား ပါလိမ့်မယ် ။ အခုတော့ အောက်ပါ မြို့ကြီးတွေမှာ ညမထွက်ရအမိန့် ကာဗျူးထုတ်ပြန်ထားပါတယ်။

• Minneapolis • Los Angeles • Atlanta • Denver • Philadelphia • Pittsburgh • Seattle • Cleveland • Columbus • Portland • Miami • Milwaukee • Rochester, New York

ပထမ video ကတော့ New York မှာ ဆန္ဒပြနေသူတွေကို ရဲကားနဲ့ ဝင်တိုက်လို့ ပြသနာဖြစ်ပွားနေပုံဖြစ်ပါတယ်။

ဒုတိယ video ကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရှိတဲ့ အမေရိကန်သံရုံးရှေ့မှာ ဂျာမန်တွေက Black Live Matter လို့ အော်ဟစ်ပီး George Floyd အတွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ G 7 ထိပ်သီးအစည်းအဝေးအတွက် ထရန့်ရဲ့ ဖိတ်ကြားမှုကို ဂျာမနီအဓိပတိ မာကယ်က ငြင်းပယ်လိုက်ပါတယ်။

တတိယ video ကတော့ ချီကာဂိုက ဆန္ဒပြနေတဲ့ လူထုကြီးဖြစ်ပါတယ်။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *