(၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲ ပိုင်ရှင်အဖြစ် စစ်တွေမြို့က (၃) တန်းကျောင်းသူလေး ဆွတ်ခူး

ယနေ့ ဇွန်လ ၁ ရက်နေ့ တွ င်ဖွင့်လှစ်လိုက် သည့် ( ၁၆ ) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆု ကို ရခိုင်ပြည်နယ် စစ်တွေမြို့ မှ ဆွတ်ခူးသွား ပါတယ် ။ စစ်တွေမြို့၊ ရွာကြီးတောင် ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်း က ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် သိန်းတစ်သောင်းခွဲ ထီဆုကြီး ကို ဆွတ်ခူးရရှိ သွားခြင်းဖြစ် ပါ တယ် ။

(၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲ ပိုင်ရှင်အဖြစ် စစ်တွေမြို့က (၃) တန်းကျောင်းသူလေး ဆွတ်ခူး

“အခုလို ထီဆုကြီးပေါက် လို့ အတိုင်း မသိ ပျော်မိ ပါတယ် ။ အလှူတွေ လုပ်သွားမယ်။ စစ်ဘေးရှောင်တွေကိုလည်း လှူသွားမယ်။ ထီကိုယ်စားလှယ်ကိုလည်း ကားတစ်စီးဝယ်ပေးဖို့ စိတ်ကူးထား ပါတယ် ။”ဟု မကြည်ဖြူစင်သိန်း ၏ မိခင် ဒေါ်မေကြီးဖြူ က ပြော ပါတယ်။

(၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲ ပိုင်ရှင်အဖြစ် စစ်တွေမြို့က (၃) တန်းကျောင်းသူလေး ဆွတ်ခူး

ထီပေါက်သည့် မကြည်ဖြူစင်သိန်းသည် ရွာကြီးတောင်မူလွန်ကျောင်းတွင် တတိယတန်း ကို ဖြေဆို ထားသူဖြစ် ပါတယ် ။ ဒေါ်မေကြီးဖြူတို့သည် မေလ လဆန်းပိုင်းတွင် တွန်းလှည်းဖြင့်လည်၍ ရောင်းချသည့် ထီးကိုယ်စားလှယ်ထံမှ ထီ ၅ စောင်တွဲကို သမီးဖြစ်သူအမည်ဖြင့် ထိုးခဲ့ခြင်းဖြစ် ပါတယ်။

(၁၆) ကြိမ်မြောက် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲ ပိုင်ရှင်အဖြစ် စစ်တွေမြို့က (၃) တန်းကျောင်းသူလေး ဆွတ်ခူး

ထီပေါက်သည့် မကြည်ဖြူစင်သိန်း၏ ဖခင်သည် သုံးဘီးဆိုင်ကယ်မောင်းပြီး မိခင်ဖြစ်သူ မှာ အိမ် တွင် ကြက်ဥနှင့် မုန့်တီဖတ်ရောင်းချကြကြောင်း၊ သူတို့ မိသားစုတွင် မုန့်တီဖတ်လုပ်သည့်ဖိုတစ်ခုရှိတယ်လို့လည်း သိရ ပါတယ်။

၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့ သည့် ကျပ် သိန်းတစ်သောင်းထီဆုကြီး ကိုလည်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ နာရီစင်အနီးတွင် နေထိုင်သူ ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့ဖူးပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *