အမေရိကန် လူမည်း သေဆုံးမှုအတွက် အဖမ်းခံရတဲ့ ရဲအရာ ရှိကို US ရဲ့ အလုံခြုံ ဆုံး အကျဉ်းထောင် တစ်ခုဆီ ကို ပြောင်းရွှေ့ထားရ

အာဖရိက န်- အမေရိကန် အမျိုးသား George Floyd သေဆုံးမှု အတွက် အလုပ်ထုတ် ခံရပြီး လူသတ်မှု နဲ့ အဖမ်းခံ ထားရတဲ့ Minneapolis ရဲ အရာရှိ Derek Chauvin ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည က အမေရိကန် မှာ ရှိတဲ့ အလုံခြုံ ဆုံး အကျဉ်းထောင်တစ်ခုဆီကို ပြောင်းရွှေ့ထားရတယ်လို့ Daily Mail ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ် ။ အဆိုပါ ရဲအရာရှိဟာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့ က George Floyd ကို မှားယွင်း စွပ်စွဲကာ လည်ပင်း ပေါ် ဒူးနဲ့ထောက်ပြီး ဖမ်းဆီး ခဲ့ တာကြောင့် အဲဒီနေရာမှာတင် Floyd အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ ပါတယ်။ အဲဒီကိစ္စ ကို အစပြုပြီး အမေရိကန် တစ်နိုင်ငံလုံး မှာ ပြင်းထန်တဲ့ ဆူပူဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်နေ တာလည်း ဖြစ်ပါတယ်။

အမေရိကန် လူမည်း သေဆုံးမှုအတွက် အဖမ်းခံရတဲ့ ရဲအရာ ရှိကို US ရဲ့ အလုံခြုံ ဆုံး အကျဉ်းထောင် တစ်ခုဆီ ကို ပြောင်းရွှေ့ထားရ
အမေရိကန် လူမည်း သေဆုံးမှုအတွက် အဖမ်းခံရတဲ့ ရဲအရာ ရှိကို US ရဲ့ အလုံခြုံ ဆုံး အကျဉ်းထောင် တစ်ခုဆီ ကို ပြောင်းရွှေ့ထားရ

အဆိုပါ ရဲဟာ သေဆုံးသူ အသက် ၄၆ နှစ် အရွယ် George Floyd ကို ဒေါ်လာ ၂၀ တန် အတုသုံး စွဲတယ်လို့ မှားယွင်း စွပ်စွဲပြီး ကြမ်းတမ်းစွာ ဖမ်းဆီးခဲ့တာကြောင့် အခုလိုသေဆုံးသွားခဲ့ရတာပါ။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုတစ်လုံးက အမျက်ထွက် နေကြတာ ဖြစ်ပါတယ် ။ အဲဒါကြောင့်လည်း လူသတ်မှုနဲ့အဖမ်းခံထားရတဲ့ အဆိုပါရဲကို တနင်္ဂနွေနေ့တုန်းက အမေရိကန်ရဲ့ လုံခြုံဆုံး အကျဉ်းထောင် တစ်ခုဖြစ် သလို လုံခြုံရေးအစီအမံများစွာရှိတဲ့ မင်နီဆိုးတားက Oak Park Heights အကျဉ်း ထောင်ဆီ ပြောင်းရွှေ့ထားရှိခဲ့ရ တာပါ ။

အမေရိကန် လူမည်း သေဆုံးမှုအတွက် အဖမ်းခံရတဲ့ ရဲအရာ ရှိကို US ရဲ့ အလုံခြုံ ဆုံး အကျဉ်းထောင် တစ်ခုဆီ ကို ပြောင်းရွှေ့ထားရ
အမေရိကန် လူမည်း သေဆုံးမှုအတွက် အဖမ်းခံရတဲ့ ရဲအရာ ရှိကို US ရဲ့ အလုံခြုံ ဆုံး အကျဉ်းထောင် တစ်ခုဆီ ကို ပြောင်းရွှေ့ထားရ

အသက် ၄၄ နှစ် အရွယ် Derek Chauvin ဟာ George Floyd ကို သေစေမှုနဲ့ မေလ ၁၆ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ လာမယ့် ဇွန်လ ၈ ရက်မှာ ပထမဆုံးအနေနဲ့ တရားခွင်ကို ဝင်ရောက်ရမှာပါ။Chauvin ကို ပြောင်းရွှေ့လိုက်တဲ့ Oak Park Heights အကျဉ်းထောင်မှာ လက်ရှိ လူသတ်တရားခံပေါင်း ၂၉၇ ဦး၊ မဒိန်းမှုကျူးလွန်ခဲ့သူ ၆၉ ဦးနဲ့ ပြန်ပေးသမား ၈ ဦး ရှိ ပါတယ် ။ အဆိုပါ အကျဉ်းထောင် မှာ အကျဉ်းကျ ခံနေရတဲ့ တရားခံစုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းလောက်ဟာ လူမည်းတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။TMZ ရဲ့သတင်းဖော်ပြချက်အရဆိုရင် အကျဉ်းထောင် အတွင်း မှာ Chauvin ကို တစ်ချိန်လုံး ကင်မရာနဲ့ မျက်ခြေ မပျက်စောင့်ကြည့်နေပြီး ၁၅ မိနစ်တစ်ခါ သူ့ရဲ့အကျဉ်းခန်းဆီ သွားရောက်စစ်ဆေးမှု ပြုလုပ်တယ်လို့လည်း ဆို ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *