လွယ်လွယ်သောက် နေကြ တဲ့ ပါရာစီတမော “ Paracetamol ” ရဲ့ တွဲဖက် ရန်မသင့် တဲ့ အန္တရာယ်များ…

အ ချိန် ခဏလေးပေးပြီး ဖတ်ကြည့်ပါနော် ။ ပျင်းလို့ ဆိုပြီးလည်း ကျော်မသွားကြပါ နဲ့ ။ သိပြီးသား သူတွေကလည်း မသိသေး တဲ့ သူတွေ အတွက် ပြန်လည် မျှဝေပေးလိုက် ပါနော်။ အခုပြောပြပေးမဲ့ အကြောင်း ရာကတော့ ပါရာစီတမော “ Paracetamol ” အကြောင်းပဲ ဖြစ် ပါ တယ် …။

ပါရာစီတမော ကို ဆရာဝန် ညွှန်ကြားမှု မရှိပဲ အလွယ် တကူ ဝယ်သောက်နေသူ များ များပြားလာ ပါပြီ ။ နေမကောင်း လို့ သောက်တယ် ၊ခေါင်းမူးလို့ သောက် တယ် ၊ ညောင်းညာကိုက်ခဲလို့ သောက်တယ် ၊ ဗိုက်အောင့် လို သောက်ကြတယ် ။

အကြောင်း အမျိုးမျိုး နဲ့ သောက်သုံး နေတာကို တွေ့ရပါတယ် ။တကယ်တော့ ပါရာစီတမောဆိုတာ အဆိပ်တက်စေတဲ့ ဆေးဝါးပါ ။နောက်ပြီးတော ကမ္ဘာကျော် အနာကျင် ပျောက်ဆေး တစ်မျိုးပါနော် …။

လွယ်လွယ်သောက် နေကြတဲ့ ပါရာစီတမော “ Paracetamol ” ရဲ့ တွဲဖက် ရန်မသင့် တဲ့ အန္တရာယ်များ…

ပါရာစီတမော နဲ့ ကော်ဖီ လုံးဝတွဲ မသောက်သင့်ပါ…

သူ့ကို သည်းခြေ မှ အစာခြေ ရည်များက ဖြိုဖျက်လိုက်တဲ့ အခါမှာ သေစေတဲ့ အဆိပ် အင်ဇိုင်းများကို ထွက်ပေါ် စေပါတယ် …။

အဲ့ဒီ အဆိပ် ပမာဏဟာ ကဖိန်းနဲ့ တွေ့တဲ့အခါ အဆိပ် အင်အားကို ၃ ဆ အထိ မြင့်တက်သွားစေပါတယ် ။ အဲ့ဒါကြောင့်ပါရာစီတမောကို ကော်ဖီနဲ့ တွဲမသောက်သင့်ပါဖူး ။ အသဲကို ပျက်စီးစေတတ် ပါတယ်နော် …။

ဘာလို့လဲဆိုရင် ကော်ဖီမှာ ပါတဲ့ ကဖိန်းဓာတ်ကြောင့်လို့ သိပ္ပံပညာရှင်များက ဆိုထားတယ်လို့ သိရပါတယ် ။ မကြာခဏ သောက်ဖြစ်နေတယ် ဆိုရင်တော့ သေတဲ့အထိ ဖြစ်စေနိုင်တယ်လို့ ပြောထား ပါတယ် …။

အဲ့ဒါကို တော်တော် များများက နေမကောင်းဖြစ် လို့ အစာစားချင်စိတ် မရှိတဲ့အခါ အူငြိမ်အောင် ဆိုပြီး ကော်ဖီတိုက်လေ့ ရှိ ပါတယ် …။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အဲ့လိုမျိုးတွေ ညတွေ့ဖူးမှာပါ ။ အရင်က ကျမကိုယ်တိုင် အဲ့လိုမျိုး သောက်ခဲ့ဖူးပါတယ်။ ဆေးသောက်တဲ့အခါ အစာမရှိရင် ပိုဆိုးမှာစိုးလို့ ကော်ဖီနဲ့ဆေးကို တွဲပြီး သောက်လေ့ ရှိကြပါတယ် …။

လွယ်လွယ်သောက် နေကြတဲ့ ပါရာစီတမော “ Paracetamol ” ရဲ့ တွဲဖက် ရန်မသင့် တဲ့ အန္တရာယ်များ…

ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးကိုမဆို ကော်ဖီနဲ့ တွဲမသောက်ဖို့ အတတ်နိုင်ဆုံး ရှောင်တာက ကောင်းပါတယ်နော် …။

အဲ့လိုဆိုတိုင်းလည်း ကော်ဖီသောက်တာ ရပ်ဖို့ မလိုအပ်သလို ပါရာစီတမော သောက်တာလည်း စွန့်လွှတ်ဖို့ မလိုအပ်ပါဖူး။ အတူ တွဲမသောက်ဖို့ပဲ လိုအပ်တာပါ ။နောက်တစ်ခုက ပါရာစီတမောနဲ့ ကိုကာကိုလာ မတည့်ဘူး ဆိုတာလည်း သိကြမှာပါနော် ။သေစေတဲ့အထိ ဖြစ်စေပါတယ်ရှင့်။ ပါရာစီတမောကို အလွန်အကျွံ သောက်မိရင် အသည်း ပျက်စီးစေပြီး သေစေနိုင်သည်အထိ အန္တရယ်ရှိပါတယ် …။

ဒီလိုပဲ အရက် နဲ့ တွဲသောက်မိရင်လည်း အသည်းကို ပျက်စီးစေတဲ့အထိ သေနိုင်ပါတယ် ။ပါရာစီတမောကို တာရှည်သုံးစွဲရင်ကျောက်ကပ်နဲ့ အသည်း ပျက်စီးစေတတ်ပြီး သွေးတိုးခြင်းနဲ့ လေဖြတ်ခြင်းများလည်း ဖြစ်စေနိုင် ပါတယ် ဒါကိုလည်း သိထားသင့် ပါတယ် ပါရာစီတမော ရဲ့ အန္တရာယ် ရှိပေမယ်လို့ ကောင်းကျိုးကတော့ သားအိမ် ကင်ဆာကို လျော့ပါးစေတယ် ဆိုတာလည်း တွေ့ရှိထား ပါတယ် …။

သုတေသီတွေ တွေ့ရှိချက်အရ ပါရာစီတမော သောက်သုံးနေတဲ့ အမျိုးသမီးများ မှာ သားအိမ် ကင်ဆာ အန္တရာယ်ဖြစ်ဖို့ ၃၀% ပိုနည်းပါးတာ တွေ့ရပါတယ်တဲ့ ။အရာအားလုံးမှာ ဆိုးကျိုးရှိသလို ကောင်းကျိုး ဆိုတာလည်း ရှိတတ်ကြတာ ပါပဲ …။

ဒါပေမဲ့ ပါရာစီတမောမှ မဟုတ်ပါဘူး ဘယ်ဆေးဝါးကို မဆို တာရှည် သုံးစွဲရင် မကောင်းဖူးဆိုတာ သိထားကြဖို့ လိုအပ်ပါတယ်နော် …။

ဒါက ကျမဖတ်ဖူးတာကို မသိတဲ့သူတစ်ချို့ သိအောင် ပြန်လည် မျှဝေပေး တာပါ ။ အားလုံး ကလည်း အပန်းမကြီးဖူး ဆိုရင် လက်ဆင့်ကမ်းပြီး မျှဝေပေးလိုက်ပါနော် ။တင်သမျှ စာတွေကို ဖတ်ပေးကြတဲ့ အတွက်လည်း ကျေးဇူးအထူးတင် ရှိပါတယ် …။ ။

Add a Comment

Your email address will not be published. Required fields are marked *