လျှပ်စစ် ဝန်ထမ်းများ မှ အိမ်အရောက် မီးသုံးသူ ပြည်သူများနှင့် အတူ မီတာဖတ်မည်

ရန် ကုန် တိုင်း ဒေသကြီး လျှပ်စစ်ဓါတ် အား​ပေး​ရေး ​ကော်ပို​ရေးရှင်း လျှပ်စစ်ဝန် ထမ်းများ မှ ပြည်သူများနှ င့် အတူ အိမ် အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိ ရ သည် ။

ရန်ကုန် လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း ရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မီးသုံးသူပြည်သူများ ၏ မေလ အတွက် လျှပ်စစ်ဓာတ် အားသုံးစွဲ မှု ယူနစ် ဖတ်ရှုခြင်းများ ကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ မီးသုံးစွဲသူ ပြည်သူများ ၏ နေရာသို့ အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိ ရ သည် ။

လျှပ်စစ် ဝန်ထမ်းများ မှ အိမ်အရောက် မီးသုံးသူ ပြည်သူများနှင့် အတူ မီတာဖတ်မည်

ထိုသို့ မီတာဖတ်ရာ တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မီတာဖတ် ဝန်ထမ်းများ မှ မီးသုံး သူပြည်သူများ ၏ မျက်မြင်ရှေ့မှောက် အတူတကွ မီတာဖတ်ရှု့ မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း အသိပေးကြေညာထားသည်။

လျှပ်စစ် ဝန်ထမ်းများ မှ အိမ်အရောက် မီးသုံးသူ ပြည်သူများနှင့် အတူ မီတာဖတ်မည်

Covid-19 ကာလ အတွင်း မီတာ​ခကောက်​ခံ​ငွေများပြားမှုမှာ မီတာဖတ်​ဝန်​ထမ်းများ၏ အားနည်းချက်​နှင့် မီတာခယူနစ်​သတ်​မှတ်​ချက်​​ကြောင့်ဖြစ်​​ကြောင်း လျှပ်​စစ်​နှင့် စွမ်းအင်​ဝန်​ကြီးဌာန ၊ ဒုတိယ အမြဲတန်း အတွင်းဝန်​ ဦးစိုးမြင့်က ​ပြောကြား ထားသည်​ ။

လျှပ်စစ် ဝန်ထမ်းများ မှ အိမ်အရောက် မီးသုံးသူ ပြည်သူများနှင့် အတူ မီတာဖတ်မည်

လျှပ်​စစ်​နှင့် စွမ်းအင်​ဝန်​ကြီးဌာန မှ ပြီးခဲ့သည့် ဧပြီလအတွင်းက အိမ်​သုံးအမျိုးအစား လျှပ်​စစ်​ဓာတ်​အားသုံးစွဲမှု (၁၅၀) ယူနစ်​အထိကို ​ငွေ​ကြေး​ကောက်​ခံမှု ကင်းလွတ်​ခွင့်ပြု​ခဲ့သော် လည်း အဆိုပါ ယူနစ် ၁၅၀ ကင်းလွတ်ခွင့်ရရှိသည့် လ သည် ယခင်​လများထက်​ မီတာခပိုမို များပြား​နေ​​သည်ဟုဆိုကာ ပြည်​သူများ အကြား ​ဝေဖန်​မှု မြင့်တက် ​ခဲ့သည်​။

Add a Comment

Your email address will not be published. Required fields are marked *