YBS (၄၀) ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေ ပြောပြလာတဲ့ မင်းမဲ့စရိုက် ဖြစ်စဉ် နဲ့ ဘယ်လိုတွေဖြစ်ဖြစ် တာဝန်မယူတဲ့ အာဏာပိုင်များ

YBS ယာဉ် မောင်းတွေ ကိုတောင် မထိန်းသိမ်းနိုင် တဲ့ အုပ်ချုပ်သူတြွေ ဖစ်နေကြ ပြီ လား…..?

ပု ဂ္ဂ လိ က ယာဉ်လိုင်းများအားလုံး ပိတ်သိမ်းပြီး အစိုးရယာဉ်လိုင်းများ အမြန်ဆုံး အစားထိုး သင့်နေပါပြီ ။ မနက်က ယာဉ်တိုက်မှုဖြစ်စဉ် မှာ ဘေးက မျက်မြင်သက်သေတစ်ဦး ပြောတဲ့ ဖြစ်စဉ်က ဒီ လို ပါ ။

YBS၂စီး ပြိုင်မောင်းလာတယ် တစ်စီးမှတ်တိုင်မှာ လမ်းပိတ်ပြီးရပ်တယ် နောက်ကားကို ညစ်တဲ့သဘော အဲဒီ့မှာ နောက်ကားက လမ်းလယ် ကွန်ကရစ်တားတုံးတွေကိုပါ ကျော်ပြီး လမ်းပြောင်းပြန်မောင်းချလိုက်တယ် ဟိုကားကိုပြန်ကျော်ချင်တဲ့ သဘော

အဲဒီ့မှာ Taxiလေးက ညာဖက်ကနေ ဗယ်ဘက်ကို U Turnပြန်ဝိုက်မလို့ လုပ်နေချိန်မှာ YBS ၄၀ က တိုက်ချလိုက်တာပဲ ကားပေါ်က ခရီးသည် မောင်နှမက မနက်တိုင်း ဈေးကြိုလာနေကျပါ ။ ကျွန်တော်တို့နဲ့ ခင်ပါတယ်။ အဲ့ကောင်မလေး ဆိုရင် ကလေး မွေးထားတာ မကြာသေးဘူးလို့ ကြားတယ်။

YBS (၄၀) ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေ ပြောပြလာတဲ့ မင်းမဲ့စရိုက် ဖြစ်စဉ် နဲ့ ဘယ်လိုတွေဖြစ်ဖြစ် တာဝန်မယူတဲ့ အာဏာပိုင်များ

သူတို့ ပြောစကားတွေ ကို နားထောင်ပြီး အစိုးရက ဘယ်လိုပဲ လူလို သူလို အဆင့်ရှိရှိ လုပ်ပေးပါစေ ရ တစ်လုံးနဲ့ ဝ တစ်လုံးသာသိတဲ့ တစ်ဘို့တည်းသမားတွေက ခုထိ ကိုယ်ရ ကိုယ်ယူ စနစ်ကို ကျင့်သုံးနေကြသေးတယ် YRTAကလည်း အဲဒါတွေကို ထိထိရောက်ရောက်လေး စစ်ဆေး အရေးယူပေးစေချင်ပါတယ်။

သူတို့ စည်းကမ်းမဲ့မှုကြောင့် ဘဝတွေ ပျက်ကုန်ပြီ အနာဂတ်တွေ စုတ် ပြတ်ကုန်ပြီ ကလေးတွေ မိဘမဲ့ကုန်ပြီ ဇနီးသည် မုဆိုးမဖြစ်ရပြီ သူတို့ကို မှီခိုနေရတဲ့ ဘဝတွေ ဒုက္ခရောက်ကုန်ပြီ .ဒီနေ့ အပစ်မဲ့သေခဲ့ရတဲ့ ပြည်သူ ၃ဦးရဲ့ ကျန်ရစ်သူ မှီခိုနေသူတွေ ရဲ့ ဘဝတွေကိုပြေးမြင်ကြည့်ပါ။ အဲ့လို ကားသမားတွေ လက်ချက်နဲ့ သေဆုံးသွားရတဲ့ ဘဝတွေ အများကြီးပါ။

ဟိုးအရင် YBSပြောင်း ကာစလည်း မင်္ဂလာဒုံ ပြည်လမ်းမပေါ် မှာ ၅၅ ယာဉ်လိုင်းကြောင့် လူတွေ သေကြသေးတယ် သူတို့ ကို ပြည်သူ့နီတိသင်တန်းတွေပေးပါတယ် အခြားသော CSOတွေကလည်း သင်ပေးပါတယ် သင်ပေးလည်း သူတို့ အကျင့်ကို က အရိုးစွဲနေကြတယ် စိတ်ဓာတ်တွေကိုက မပြင်ကြသေးတာ။

YBS (၄၀) ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဘေးက မျက်မြင်သက်သေ ပြောပြလာတဲ့ မင်းမဲ့စရိုက် ဖြစ်စဉ် နဲ့ ဘယ်လိုတွေဖြစ်ဖြစ် တာဝန်မယူတဲ့ အာဏာပိုင်များ

အဓိက ကတော့ ကိုယ်ရ ကိုယ်ယူ စနစ် နဲ့ လမ်းမတွေပေါ်မှာ ဖိုက်တာလုပ်မယ် မင်းဘာကောင်လည်း ငါဘာကောင်လည်း စတဲ့စရိုက်တွေနဲ့ အများသူဌာ အထိတ် တစ်လန့်ဖြစ်အောင် ထင်ရာစိုင်းမယ် ဥပဒေဆိုတာ ထိထိရောက်ရောက် မလုပ်ထားတော့ … တစ်ချို့ကားတွေ ဆို စပယ်ယာတွေတောင်ပါနေသေးတယ်။

ကျန်သေးတယ် လှိုင်သာယာဖက်က ယာဉ်လိုင်းတွေ မ ဒဂုံဖက်က ယာဉ်လိုင်းတွေ ရွှေပြည်သာ တဒဂုံ သာကေတ ယုဇနဥယျာဉ်မြို့တော် အဲဒီ့ဖက်မှာပြေးဆွဲနေတဲ့ ယာဉ်တွေဆို ပိုပြီး စည်းကမ်းပိုင်း စစ်ဆေးပေးပါလို့ မေတ္တာရပ်ခံ ပါရစေ ပြည်သူက တိုင်ကြား လာလျှင် ထိရောက်စွာ အရေးယူပါလို့ မေတ္တာရပ်ခံပါရစေ ဒီနေ့ သေဆုံးသွားတဲ့ သုံးဦး အတွက် အဲ့ယာဉ်မောင်း ကို စံပြအနေ နဲ့ သေဒဏ်ပေးသင့် ပါ တယ် ။

ဘုန်းလက်ရုံး

Add a Comment

Your email address will not be published. Required fields are marked *