မုံရွာတွင် သူနာပြုဆရာမ နှင့် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်ကာ အကြမ်းဖက် လုယက်သည့် တရားခံများအား ဖမ်းဆီး

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက် DENKO စက်သုံးဆီဆိုင်၏ အနောက်ဘက်အနီး အရိပ်ရသစ်ပင်အောက်တွင် မေလ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ် အချိန် က နားခိုနေ သည့် သူနာပြု ဆရာ မစုံတွဲ အား လူလေးဦး မှ အကြမ်းဖက် လုယက် ခဲ့ကြောင်း မုံရွာမြို့မရဲစခန်း မှ အမှုရေးဖွင့် မှတ်တမ်းတင်ထား သည်။

မုံရွာမြို့ ပြည်ထောင်စုလမ်းရှိ ပြင်ပ အထူး ကုဆေးရုံ တစ် ခု တွင် တာဝန်ထမ်းဆောင် လျက်ရှိသော သူနာပြု ဆရာမတစ်ဦးသည် သူမ၏ ခင်ပွန်လောင်းနှင့် အတူ အရိပ်ရ သစ်ပင်အောက်တွင် နားခိုနေစဉ် ဆေးမှင်ကြောင် များရေး ထိုးထားသည့်

အမည် မသိ လူလေးဦး သည် သစ်ပင်နောက် မှ ရုတ် တရက်ရောက် ရှိလာပြီး သူနာပြု ဆရာမ ၏ ခင်ပွန်းလောင်အား ဓားဖြင့်ထောက်ကာ လက်သီးဖြင့် ဝိုင်းဝန်းထိုးကြိတ်ပြီး “ အရက်ဖိုးပေး” ဟု ပြောဆို တောင်းရမ်း ခဲ့သ ည် ။

မုံရွာတွင် သူနာပြုဆရာမ နှင့် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်ကာ အကြမ်းဖက် လုယက်သည့် တရားခံများအား ဖမ်းဆီး

ထိုအချိန် တွင် သူနာပြုဆရာမသည် ထွက်ပြေးခဲ့ရာ ယင်း လူလေးဦးမှ “ ကောင်းမလေး မပြေးနဲ့ ပြေးရင် ဒီကောင်ကို သတ်ပစ်မယ်” ဟုပြောဆိုပြီး သူနာပြု၏ ခင်ပွန်လောင်း အား ဓားဖြင့် နှစ်ချက်ထိုးကာ တုတ်ဖြင့် အကြမ်းဖက် ရိုက်နှက် ခဲ့သည် ။

ထို့အ ပြင် သူနာပြု ဆရာမ ၏ ငွေကျပ် ၁၅၅၅၁၅ ကျပ်( တစ်သိန်း ငါးသောင်း ငါးထောင့်ငါးရာ တစ်ဆယ့်ငါးကျပ်) ပါ လက်ကိုင်ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းများကို ထိုသူများက လုယူထွက်ပြေးသွားခဲ့ သည် ။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ မုံရွာမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ “ .. အဲ့ဒီအမှုကို ပြစ်မှုကြီးအမှတ်စဉ် ၈/ ၂၀၂၀ ၊ ရဲစခန်း(ပ) ၅၈၃ /၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အရေးယူဆောင်ရွက်လျက် ရှိတယ် ..” ပြောသည် ။

မုံရွာတွင် သူနာပြုဆရာမ နှင့် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်ကာ အကြမ်းဖက် လုယက်သည့် တရားခံများအား ဖမ်းဆီး

ယင်း ဖြစ်စဉ်နှင့်ပတ်သက် ၍ အမှုမှန် အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွှန့်မှ အနီးကပ်ကြီးကြပ်၍ မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ (မှု/နှိမ်) မုံရွာမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ နှင့် တိုင်းမှုကူအဖွဲ့များ ပူးပေါင်းကာ အကြမ်းဖက်

မုံရွာတွင် သူနာပြုဆရာမ နှင့် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်ကာ အကြမ်းဖက် လုယက်သည့် တရားခံများအား ဖမ်းဆီး

လုယက်သူများကို ခြေရာခံစုံစမ်းဖော်ထုတ်ခဲ့ ရာ ယခုလ ၂ ရက်နေ့ မနက်ပိုင်းက မုံရွာခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ လုယက်ကျူးလွန်သူ လူလေးဦးအနက် သုံးဦးအား လုယက်ပါ ဖုန်းများနှင့်အတူ လုယက်မှုကျူးလွန်ခဲ့စဉ်က အသုံးပြုသော ဓားဦးချွန် တစ်လက် ၊ တုတ် တစ်ချောင်းတို့နှင့်အတူ လက်ရ ဖမ်းဆီးရရှိခဲ့သည်။

“ အခု လုယက်မှုကျူးလွန်သူတွေဟာ ၃၈၀ / ကျင့် ၅၄ အရ မုံရွာထောင်မှာ အကျဉ်းကျခံဖူးသူတွေဖြစ်တယ် ထောင်ကလွတ်လာတာ မကြာသေးဖူး မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် ညိုသက်ဝင်းမှ ပြော သည်။

မုံရွာတွင် သူနာပြုဆရာမ နှင့် ခင်ပွန်းဖြစ်သူအား ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်ကာ အကြမ်းဖက် လုယက်သည့် တရားခံများအား ဖမ်းဆီး

မုံရွာမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည့် လုယက်မှုများနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်း၏ မှတ်တမ်းများအရ လုယက်မှု ကျူးလွန်သူ လူအယောက် ၂၀ ကျော်အား ယခုနှစ် ပထမ ခြောက်လအတွင်း ဖော်ထုတ်ဖမ်းဆီးဘ၍ တရားဥပ ဒေနှင့်အညီ အမှုဖွင့် တရားစွဲဆို အရေးယူထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

ကိုတိုးကြီး (မုံရွာ)

Add a Comment

Your email address will not be published. Required fields are marked *