ထွက်ပြေးသွားတဲ့ ယာဉ်မောင်းရေ မင်းစားဝင်အိပ်ပျော်ပါစေ ..မင်းကြောင့် အသက်ပေးလိုက်ရတဲ့ မိဘကိုလုပ်ကျွေးနေတဲ့ မောင်နှမေ ရဲ့ နာရေးဖိတ်စာလေး မင်းမြင်ပါစေ…

ပြည် သူတွေ ရဲ့ အသက်တွေ ကို လမ်းပေါ် မှာ တန်ဖိုးမဲ့စွာ မဆုံးရှုံးစေချင်တော့ ပါဘူး…..

ရန်ကုန် တိုင်းဒေသကြီး အမျာြး ပည်သူ သယ်ယူပို့ ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ဘာလဲ? ဘယ်လဲ?

မနေ့က YBS 40 ကနေ တက္ကစီ တိုက်မိပြီး သေခဲ့တဲ့ ခရီးသည်မောင်နှမအိမ်ကို ရောက်ခဲ့တယ်။အဖေအမေကို သမီးက ကွမ်းယာရောင်း၊ သားက ဆိုက်ကား နင်းပြီး ရှာကျွေးနေတာတဲ့ ။ နှလုံးရောဂါသ ည် အမေကြီးကတော့ သားရော၊ သမီးရော ရှုံးဆုံးရ လို့ ဒီလိုအဖြစ် ဆိုးမျိုး တခြား လူတွေ မဖြစ်ပါစေနဲ့ ဆိုပြီး ပြောလိုက် ငိုလိုက်နဲ့။ ဟူး ဘဝတွေက ခါးလိုက်တာ ။ မြန်မာနိုင်ငံက အသက်တွေ က ပေါ လို က် တာ။

လူတစ်ယောက်ရဲ့ အသိညဏ်မဲ့ မိုက်မဲမှုကြောင့် ဆုံးရှုံးသွားတဲ့ အသက်နှစ်ချောင်း YBSမောင်းခွင့်မရှိဘဲ တက်မောင်းတဲ့ ကားသမားရောပေးမောင်း တဲ့ ကားပိုင် ကိုပါ ထိရောက်စွာ အရေး ယူပေး ပါ ။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းရေ မင်းစားဝင်အိပ်ပျော်ပါစေ

ယာဉ်မောင်းတစ်ဦး ရဲ့မဆင်မခြင် မောင်းနှင်မှုကြောင့် ကြွေလွင့်သွားရ တဲ့ ဘဝေ တွ။ ကောင်းရာသုဂတိ‌ ရောက်ကြ ပါစေ ။ လူ ၃ ဦးသေဆုံး ခဲ့သည့် YBS (၄၀)ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ယင်းYBS (၄၀) ၏ ယာဉ်မောင်းသည် YRTA တွင် ယာဉ်မောင်းအဖြစ် မှတ်ပုံတင်ထားခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်က တက်ရောက်မောင်းနှင်ခိုင်းခြ င်းဖြစ်ကြောင်း ပါ တဲ့ ။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းရေ မင်းစားဝင်အိပ်ပျော်ပါစေ

YBS (၄၀) ယာဉ်မောင်း သည် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ယာဉ်မောင်းဖြစ်ကြောင်း စမတ်ကတ်မရှိသည့်အပြင် ဂိတ်ရင်း သို့ ဝင်ရောက်မှု မရှိဘဲ ပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကို အကြမ်းမျဉ်း စုံစမ်း ရရှိကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြား ပါတယ် ။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းရေ မင်းစားဝင်အိပ်ပျော်ပါစေ

ထို့ပြင် ယာဉ်တိုက်မှုကျူးလွန်သည့် YBS (၄၀) သည် YUPT အများပိုင်ကုမ္ပဏီတွင် ပုဂ္ဂလိကပိုင် တစ်ဦးချင်း ထည့်ဝင်ထားသည့် ဘတ်စ်ကားဖြစ်ကြောင်း YRTA ထံမှ သိရှိရပါတယ်။

ထွက်ပြေးသွားတဲ့ ယာဉ်မောင်းရေ မင်းစားဝင်အိပ်ပျော်ပါစေ

လူသေဆုံးသည့် ဖြစ်စဉ်အတွက် ရာဇဝတ်ကြောင်းအရ ဥပဒေနှင့်အညီ အရေးယူမည့်အပြင် ယာဉ်ပိုင်ရှင်၊ စမတ်ကတ်မရှိသည့် ယာဉ်မောင်းကို မောင်းနှင်စေခိုင်းသူများကိုပါ YRTA က အရေးယူရန် စီစဉ်နေကြောင်း ဦးလှအောင်က ဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *