အမေရိကန်တို့ နေ၀င်သွားပြီ ဟု မြောက်ကိုရီးယားပြော တောင်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်များ ဖျက်သိမ်းပြစ်မည်ဟု ခြိမ်းခြောက်လိုက်

အမေရိကန်သည် တရုတ် ၏ လငပုတ်အဖမ်း ခံလိုက်ရပြီး နေဝင်သွား ရှာပြီ ဟု မြောက်ကို ရီယား အလုပ်သမား ပါတီ ရိုဒေါင် ဆင်မန်း သတင်းစာ အာဘော် မှ ပြင်းထန်စွာ ဝေဖန်လိုက်ပြီး တောင်ကိုရီယား နှင့် သဘော တူညီချက်များ ကို လည်း ဖျက်သိမ်းပ စ်မည် ဟု ခြိမ်းခြောက်လိုက် ပါ တယ် ။

အမေရိက န်နှင့် တရုတ်တို့ အကြား တင်းမာ မှုများ တရှိန်ထိုး မြင့်တက် လာနေချိ န်မှ အခု လို ဝေဖန်လိုက်ခြင်း လည်း ဖြစ် ပါတယ် ။ “အိမ်ဖြူတော် အထဲထိပင် ခြေဆံ့နိုင်နေပြီ ဖြစ်သော အစွန်းရောက် အသား အရောင် ခွဲခြားရေး အင်အားစုများ အား ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ သည့် အတွက် လမ်း များပေါ်သို့ လူများ ထွက်လာကြခြင်းသာ ဖြစ်သည် ။ ဤသည် ကလည်း အမေရိကန် ၏ လက်ရှိ ထင်ဟပ်နေေ သာ အမှန်တရားသာ ဖြစ်ပေ သည် ၊ အမေရိကန် လစ်ဘရယ် ဒီမိုကရေစီ သမားများက ဆနွပြသူများအား လက်ဝဲဦးထုတ် ဆောင်းပေး လိုက်ကြကာ ခွေးနှင့်ပင် ရှုးတိုက်လွှတ်မည်အထိ ခြိမ်းခြောက်လာနေပြီ ဖြစ်သည် ” အစရှိသည်ဖြင့် ရေးသားထား ပါ တယ် ။

အမေရိကန်တို့ နေ၀င်သွားပြီ ဟု မြောက်ကိုရီးယားပြော

ထို့အပြင် တနင်္ဂနွေ‌နေ့ အင်တာဗျူးတ ခု တွင် တရုတ် ကွန်မြူနစ်ပါတီကို ဝေဖန်လိုက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီ ယိုအားလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက် ပြောဆိုလိုက်ပြန် ပါတယ်။ မိုက် ပွန်ပီယို မှ “တရုတ်သည် အနောက်တိုင်း၏ အယူအဆများ၊ အနောက် တိုင်း ဒီမိုကရေစီ နှင့် တန်ဘိုးများကို ဖျက်ဆီး ပြစ်ရန် အပတ်တကုတ် ကြိုးပမ်းနေ တယ်”လို့ တွေ့ဆုံမေးမြန်းခန်း မှာ ပြောခဲ့တာ ဖြစ် ပါတယ်။

မိမိတို့ အနေဖြင့် တောင်ကိုရီယား အပါ အဝင် ကမ္ဘာတဝှမ်း ရှိ မဟာမိတ်များဖြင့် လက် တွဲပြီး လက်ရှိ အမေရိကန်၏ လွတ်လပ်ခွင့်များ ကို စံနမူနာ ထားနိုင်မည့်အနောက်တိုင်း၏ရာစုနှစ် အဖြစ် ဆက်လက် တည် ရှိရေး အာမခံနိုင်ရန် ကြိုးစားသွားမည်ဟုလည်း ဆိုပါတယ်။ ထိုစကားများသည် ၎င်းအနေဖြင့် အမေရိကန် တို့ တောင်အောက်သို့ တလိမ့်ခေါက်ကွေး ကျလာ‌နေသည့် အဖြစ်အပေါ် စိုးရိမ်ထိတ်လန့် လာနေခြ င်းကို ထင်ဟပ် လိုက်ခြင်းသာ ဖြစ်သည်ဟု ရို‌ဒေါင် ဆင်မင်းက တုန့်ပြန်ခဲ့ပါတယ်။

အမေရိကန်တို့ နေ၀င်သွားပြီ ဟု မြောက်ကိုရီးယားပြော

အခြားနိုင်ငံများ အပေါ် သူလျိုလုပ်ပြီး မကောင်းကြံစည်ဖို့သာ စိတ်စောနေတဲ့ ပွန်ပီယို အဖို့ နေ ဘယ်ကထွက်ပြီး ဘယ်နေရာက ဝင်နေပြီ ဆိုတာ ခွဲခြားနိုင်စွမ်း မရှိတော့ပေ ဟု ရေးသားထားပါတယ်။ အလားတူ တောင်ကိုရီယား လုပ်ရပ်အပေါ် မြောက်ကိုရီးယားက အတော် ဒေါသထွက်လာ ခဲ့ပြန်ပါ တယ်။

မြောက်ကိုရီယား မှ ထွက်ပြေးခိုလှုံခဲ့ သူများမှ လက်ကမ်းစာ‌ရွက်များအား မိုးပျံဗူး ဘောင်းများမှ ချည်ပြီး မြောက် ဖက်သို့ ချိန် ရွယ် လွှတ်တင်ခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ ခိုလှုံ သူများက ကင်ဂျောင်အန်းအားလည်း နျူကလီယား နှင့် ကစားနေသော အာဏာရှင် အရူး အနှမ်းဟု ၎င်းတို့၏ ရေဒီယို ထုတ်လွှင့်ချက် များမှ အမြဲလို ခေါ်ဝေါ် သုံးနှုံးနေမှုကိုလည်း အတော် မကျေမချမ်း ဖြစ်နေတာ ကာလကြာ ကတည်းက ဖြစ်ပါတယ်။

အမေရိကန်တို့ နေ၀င်သွားပြီ ဟု မြောက်ကိုရီးယားပြော

ဒီကိစ္စ အပေါ် ကင်ဂျောင်အန်း၏ ညီမဖြစ်သူကင်ယိုဂျွန်း၏ ကြေငြာချက်ကို ရိုဒေါင်းဆင်မန်း သတင်းစာကပဲ ကြာသပတေးနေ့မှ ဖေါ်ပြလာပါတယ်။ လက်ရှိတွင် သူမအား မြောက်ကိုရီယား၏ ပြောခွင့်ရလို့ ယူဆထားကြပါတယ်။ သူမ၏ ကြေငြာချက်တွင်… “လူအဖြစ် ပင် သတ်မှတ်ရန် ခက်ခဲလှသော ဆန်ကုန်မြေလေးများက ကျမတို့၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းအပေါ် နျုကလီ ယား အရေးကို အကြောင်းပြုပြီး အပြစ်ပုံချ လာသည်အထိ ရဲတင်းလာ‌နေကြပြီ ဖြစ်တယ်” လို့ ဖေါ်ပြထားပါတယ်။

လက်ကမ်းစာစောင်များ လွှတ်တင်နေခြင်းနဲ့ နယ်စပ်ဒေသရှိ စစ်ရေးလှုပ်ရှားမှုကို ရပ်တန့် ခြင်းမရှိက မိမိတို့ အနေဖြင့် တောင်ကိုရီယား နှင့်ရရှိထားသော သဘောတူညီချက်များကို ဖျက်သိမ်းပြစ်မယ်လို့ သူမက ခြိမ်းခြောက် လာပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲများအတွင်း ရရှိခဲ့သော သဘောတူညီချက်များ ထဲတွင် နယ်စပ်ဖြတ် ကျော်ဝါဒ ဖြန့်နေမှုများအား ရပ်ဆိုင်းရန် လည်း ပါဝင်ခဲ့ပါတယ်။

ဒီကိစ္စ အပေါ် တောင်ကိုရီယား ၏ ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူမှ ခိုလှုံသူများ၏ လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး စာရွက် အများစုသည် တဖက်သို့ မရောက်ပဲ မိမိတို့နိုင်ငံအတွင်း ပြန်ကျလာနေ၍ အမှိုက် ပွသည်သာ အဖတ်တင်ခဲ့ကြောင်းနှင့်၎င်းတို့ ၏ လုပ်ရပ်ကို ဥပဒေ ပြဌာန်းပြီး ဟန့်တား သွားမယ်လို့ ဆိုပါတယ်။

အဆိုပါ စာရွက်စာတမ်းများ လွှတ်တင်နေခြင်းကို ဦးဆောင်ပြူလုပ်နေတဲ့ Fighters for Free North Korea ၏ အကြီးအကဲ ပတ်ဆင်ဟတ်မှ မိမိတို့သည် ယခုအခါ မြောက်ကိုရီယား၏ ကျေးကျွန်များ မဟုတ် ကြတော့ဘဲ လွတ်လပ်သော တောင်ကိုရီယား နိုငိငံ၏ နိုင်ငံသားများ ဖြစ်နေပြီ ဖြစ်၍ အမှန်တရားကို ထုတ်ဖေါ်ရန် တာဝန်ရှိသည် ဟု ယူဆ၍ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လှစိုးဝေ

Add a Comment

Your email address will not be published. Required fields are marked *