ဝုန်းကနဲ ဘာတွေဖြစ်လာမှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိတရား ကပ်နေသင့်တဲ့ ရွှေမြန်မာများ

ကိုဗစ် အကြောင်း မရေးဖြစ်တာ ကြာပြီ။ ကြာပြီဆိုတာ ခနခနပြောနေသ လို ဂဏန်း မငြိမ်သေးတာ ။ ကိုဗစ်နဲ့ လူ ယှဉ်တွဲနေရမှာလား ။ အခု လူတွေ လုပ်နေသလို အကြောက်အလန့်မရှိ mask မပါ ဘာမပါ တိုးဝှေ့နေရမှာလား ။ ဒီလိုတိုးဝှေ့နေ လို့ second wave နဲ့ ကြုံလို့ တိုင်းပြည် ဗုန်းဗုန်းလဲ မှာလား ။ ဘာမှ ကို မသိသေးတာ

ဝုန်းကနဲ ဘာတွေဖြစ်လာမှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိတရား ကပ်နေသင့်တဲ့ ရွှေမြန်မာများ

အထူး သဖြင့် new normal အတွက် ပြင်ဆင်ရတဲ့ ဆိုင်တွေ၊ ဟိုတယ်တွေ စတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ အတော် ပြဿနာ တက် ပါတယ်။ စားသောက်ဆိုင် လာစားတယ်ဆိုတာ မိတ်ဆွေတွေ စုဝေးပြီး socially စားကြသောက်ကြတာ ရှိသလို မိသားစုလိုက် လာစားတာ လည်းရှိပါတယ်။ ဒီတော့ မိသားစုက အိမ်ကနေ ပူးပူးကပ်ကပ် ထွက်လာပြီး ဆိုင်ကြမှ ခွဲပြီး အကာတွေနဲ့ထိုင်မယ် ။ အဓိပ္ပါယ် မရှိလှ။

ဟော၊ အရက်ဝိုင်းဆို အမြည်း များများစားသူ ရှိမယ်၊ အရက်များများ သောက်သူ ရှိမယ် ။ new normal မှာ အမြည်းပန်းကန် ကို လေးယောက် အညီအမျှခွဲထည့်ပေး၊ အရက်ကို လေးယောက် အညီအမျှသောက်၊ မှန်အကာခြား မှာ ရော့ဆိုပြီး လောကဝတ် နဲ့ လှမ်းထည့်ပေးတာတွေ လုပ်လို့မရ။

ဝုန်းကနဲ ဘာတွေဖြစ်လာမှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိတရား ကပ်နေသင့်တဲ့ ရွှေမြန်မာများ

ဒါက စားသောက်သူ အတွက်ပြောတာ။ ဆိုင်တွေ အတွက်ကျ ပိုဆိုးတယ် ။ ဘတ်ဂျက်ကို တွက်ပြီး ဆိုင်ကို ပြင်ရမှာ။ new normal အတွက် ခုံတွေ အသေအချာပြင်ပြီးမှ တနှစ်လောက်ကျ ဗိုင်းရပ်စ်က လေနှင့်အတူ လျောတော့သည်ဆို ဒုက္ခ။ WHO ကတော့ ကမ္ဘာမှာ နေထိုင်တော့မည် လို့ ဆိုတယ်။ နေတော့မယ် ဆိုပေမယ့် ကာကွယ်ဆေးနဲ့ နျူးနော်မယ် စရာမလိုတော့ဘူးဆို ဘယ်လို လုပ်မတုန်း။

ဝုန်းကနဲ ဘာတွေဖြစ်လာမှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိတရား ကပ်နေသင့်တဲ့ ရွှေမြန်မာများ

ဟိုတယ်တွေ၊ ရုပ်ရှင်ရုံတွေ၊ စတဲ့ လူစည်တဲ့ ဝန်ဆောင်မှု နေရာတွေကို နျူးနော်မယ်အတွက် ဘယ်လို ပြင်မလဲ ။ ဘတ်စ်ကား လို အများပြည်သူ ပို့ဆောင်ရေးမှာ နျူးနော်မယ်က ဘယ်လို ဖြစ်လာမှာလဲ။ အိမ်ပြန်နောက်ကျတော့ မခံနိုင်ဘူး ။ နျူးလည်းမနျူး၊ နော်မယ်အတိုင်း တိုးဝှေ့နေဆဲ ပြန်ဖြစ်မှာလား ။

ဝုန်းကနဲ ဘာတွေဖြစ်လာမှာလဲ သေသေချချာ မသိသေးတဲ့ ကိုဗစ် နဲ့ သတိတရား ကပ်နေသင့်တဲ့ ရွှေမြန်မာများ

ဗိုင်းရပ်စ် ကို တကျောင်းတဂါထာ တရွာ တပုဒ်ဆန်း စောင့်ကြည့်နေရချိန်မှာ အားလုံးကို ခပ်ဆဆပဲ ပြောရဲတယ်။ လက်ညိုးတချောင်းထောင်ပြီး ရဲရဲပြောဖို့က အသက်တွေ၊ လူတွေ၊ ပိုက်ဆံတွေ။ ပြီးတော့ ဘဝတွေ

သတိနဲ့သာ နေပါလေ

သက္ကမိုးညို

Add a Comment

Your email address will not be published. Required fields are marked *