ဘုရား စေတီပေါ် ဖိနပ်စီးပီး ဓာတ်ပုံရိုက် ပို့စ်တင် တဲ့ ညီမလေးတို့ရေ ..အထွတ်အမြတ် ကိုးကွယ် ယုံကြည်ရာကိုတော့ အလေးထားပါကွာ

စေတီပေါ် မိန်းကလေး တန်မဲ့ ဖိနပ်ကြီးနဲ့ တ က်ဖို့ ဘယ်သူတွေ သင်ပေး လိုက်လဲ မသိ ဒီတစ်ခါတော့ မျက်နှာ မဖျက်တော့ဘူး မိမဆုံးမ ဖမဆုံးမလေးတွေ ပြောရတာ အကုသိုလ်များ လှ ပါပြီ စာလည်း ကပ်ထားတာပဲ ကျောင်းတက် နေတာပဲ စာမဖတ် တတ် တာတော့ မဖြစ်နိုင်ဘူးရယ်။ ဘာမှ တရား လာမချနဲ့ အရင်ခေါက်ကတည်းက နောက်တစ်ခါ ဆိုရင် မျက်နှာမဖျက်ဘဲ တင်မယ်ပြောပြီးသားပ မီးမွှေတယ်ထင်ရင် ဆောင်းတွင်းကြီး အေးတယ် ဝင်လှုံကြပေါ့ ။ တည်နေရာချင်းပြည်နယ် မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ စံမင်းသိရီ စေတီတော်မှာ ပါ ။

အထွတ်အမြတ် ကိုးကွယ် ယုံကြည်ရာကိုတော့ အလေးထားပါကွာ

မြန်မာနိုင်ငံဟာ ဆိုရင် ဘာသာ ပေါင်းစုံ ကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ဘာသာရေးနဲ့ပတ်သက်လာရင် ကိုရောသူရော ကိုယ့်ဘာသာ ကိုစော်ကားလာရင်တော့ နာကျည်းတတ်ကြတာ ပါ။ သူတစ်ပါး အထွတ်အမြတ်ကိုးကွယ်ယုံကြည်ရာကို မစော်ကားသင့်ပါဘူး ။ မိဘဆွေမျိုး အသိုင်းအဝိုင်းများကလည်း ဒီပုံတွေ လိုင်းပေါ်မှာပျံ့နှံ့နေတာ တစ်ယောက် တစ်စတော့ သိကြပါလိမ့်မယ်။ ဆုံးမထိမ်းသိမ်းပေးကြစေလိုပါတယ်။ အရွယ်ကလည်း ကလေး မဟုတ်တော့ အပျိုတွေဖြစ်နေပီ။ ထိုက်သင့်တဲ့အ သိတရားတွေရှိနေတဲ့ အနေအထား ကိုရောက်နေပါပီ။ သူတပါး အလေးအမြတ်ထား ကိုးကွယ်ရာနေရာ ကိုတော့ ဒီလိုလုပ်တာဟာ အင်မတန် အောက်တန်းကျရိုင်းစိုင်း ပါတယ်။ ကိုယ်ကြိုက်တာကို လွတ်လပ်စွာယုံကြည်ကိုးကယ်ြနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်မကိုးကွယ်တာနဲ့ပဲ သူတစ်ပါးယုံကြည်ကိုးကွယ်ရာကို စော်ကားခွင့် မထေမဲ့မြင် မပြုရပါဘူး ။

Add a Comment

Your email address will not be published. Required fields are marked *