ကိုဗစ် ကူးစက်မှု ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ မြန်မာနိုင်ငံ နဲ့ နောက် (၂) ပတ်ဆို အဖြေပေါ်မယ့် အမေရိကန်

အ မေရိကား မှာ ဆန္ဒပြပွဲတွေကြောင့် တစ်ရက်တည်း နဲ့ လူပေါင်း (၂၁,၀၀၀) လောက် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ကုန်ပြီ လို့ ရေးနေကြတာ တချို့ တွေ့မိ တယ်။ တကယ်တော့ တရက် ကို လူ ၂ သောင်းကျော် ပျှမ်းမျှနှုန်းလောက် နဲ့ ကူးစက်နေခဲ့တာ လနဲ့ကို ချီပြီး ကြာနေ ပါပြီ ။ ဆန္ဒပြပွဲတွေ မဖြစ်ခင်ကတည်း ကိုက စံချိန်တင် အနေနဲ့ တရက်တည်း ၃ သောင်းခွဲကျော် ကူးစက်သူတွေ ရှာတွေ့တာ ရှိခဲ့တာ ပါ။ နောက် ၂ ပတ်လောက် ဆို ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါပဲ။

နောက် (၂) ပတ်ဆို အဖြေပေါ်မယ့် အမေရိကန်

အ ခုတော့ စုစုပေါင်း ကူးစက်ခံထားရသူ ဦးရေ ၂ သန်းကျော်သွားပါပြီ။ ဒီစာကို ရေးနေချိန် အထိ ကိုဗစ်ကြောင့် သေဆုံးသွားရ သူ ယူအက်စ် မှာ ၁၁၂၈၁၃ ယောက် ရှိပါပြီ။ ကူးစက်နှုန်းတွေ မကျလာသေးပေမယ့် သေဆုံးမှုတွေတော့ လျော့လာတာကိုပဲ အားတ က်ရမယ့် သဘောပါ။ လုပ်ငန်းတွေ အားလုံးနီးပါး ပုံမှန်လိုပဲ ပြန်ဖွင့်ပြီး သွားလာနေကြတာ ဖြစ်လို့ ကူးစက်မှုနှုန်းက ကာကွယ်ဆေးပေါ်လာ မှ ပဲ ကျတော့မယ် လို့ကို ထင်တာပါပဲ။

နယူးဇီလန် မှာတော့ နောက်ဆုံးကျန် တဲ့ ကိုဗစ်လူနာ သက်သာ သွားပြီ ဖြစ်လို့ အခုဆိုရင် သူတို့ တနိုင်ငံလုံးမှာ ကိုဗစ်ကင်းစင်သွားပါပြီတဲ့။ နယူးဇီလန်မှာ ဗိုင်းရပ်စ် ကူးစက်ခံ ရသူ စုစုပေါင်း ၁၅၀၄ ယောက် ရှိခဲ့တဲ့ အနက် ၂၂ ယောက် ဖိတ်စင်ခဲ့ပြီး ကျန်တဲ့သူတွေ အားလုံး ပြန်လည် သက်သာလာခဲ့တာပါ။ အခုဆိုရင် သူတို့ ပြည်သူတွေ ဘယ်လောက်တောင် ကြောင့်ကြမှု ကင်းနေကြမ လဲ တွေးမိရင် အားကျ မုဒိတာပွား စရာ။

သူ့အနားက ဩစတေးလျကလည်း ကူးစက်ခံရသူ ၇၂၀၀ ကျော်နဲ့ပဲ စာရင်း ရပ်နေခဲ့တာ ကြာပါပြီ။ အဲဒီလူတွေထဲကနေ ပြန်လည် သက်သာလာသူပေါင်း ၆၇၀၀ ကျော် ရှိခဲ့ပြီ ဆိုတော့ သူတို့လည်း အခြေအနေ အင်မတန် ကောင်းတဲ့ သဘောပါ။ နောက်ထပ် အားကျဖွယ်ရာ နိုင်ငံတွေက ဒိန်းမတ်၊ နော်ဝေ၊ လူဇင်ဘတ်၊ ခရိုအေးရှား၊ အိုက်စလန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဘာကီနာဖာဆို၊ အန်ဒိုရာ စတဲ့ နိုင်ငံတွေမှာလည်း ကူးစက်နှုန်းက သိသိသာသာကို တန့်သွားတာ တွေ့မိတယ်။

နောက် (၂) ပတ်ဆို အဖြေပေါ်မယ့် အမေရိကန်

ပြောရမယ်ဆိုရင် မြန်မာကလည်း ကူးစက်ခံရတာကို အတိုင်းအတာ တခုထိ ကောင်းကောင်း ထိန်းချုပ်နိုင်နေဆဲ ဖြစ်တဲ့ အတွက် စုစုပေါင်း ကူးစက်ခံထားရသူ အရေအတွက် ၂၄၆ ယောက် ဆိုတာဟာ အိမ်နီးချင်းနိုင်ငံတွေထဲမှာ လာအိုပြီးရင် အခြေအနေ အကောင်းဆုံး နိုင်ငံပါ။ ပြန်လည်သက်သာလာသူ ၁၅၉ ယောက် ရှိခဲ့ပြီ ဆိုတာကလည်း အားတက်စရာပါပဲ။

နောက် (၂) ပတ်ဆို အဖြေပေါ်မယ့် အမေရိကန်

ကူးစက်ခံရမှု လမ်းကြောင်းကို အတတ်နိုင်ဆုံး လိုက်နိုင်တာ၊ ကူးစက်ခံရဖွယ် ရှိနိုင်သူ မှန်သမျှကို quarantine ထားပေးနိုင်တာ၊ ပြည်သူကလည်း ပူးပေါင်းပါဝင်တာတွေကြောင့် အခုလို ရလဒ်ကောင်း ရထားတာပါ။ လုပ်ငန်းတွေ ပြန်ဖွင့်လာတာ၊ လူအများ ပြန်လည်သွားလာနေကြတာတွေမှာ တချို့လစ်ဟာမှုလေးတွေ ရှိနေပေမယ့် ဒါကလည်း အရမ်းကြီးတော့ မဆိုးလှဘူးဘဲ မြင်ပါတယ်။

အမေရိကားက အသက် ၁၀၁ နှစ် အရွယ် ဖွားဖွားတယောက်ကတော့ ကိုဗစ်ကူးစက်ခံရပြီးတော့မှ ပြန်လည် သက်သာလာတဲ့အခါ အောင်ပွဲခံတဲ့ အနေနဲ့ ဘီယာတလုံး တောင်းသောက်ခဲ့ပါသတဲ့။ Bud light beer မော့နေတဲ့ ဖွားဖွားက ချစ်စရာကောင်းတာပေါ့။ ရောဂါ အကူးမခံရဘဲ လွန်မြောက်လာနိုင်လို့ အောင်ပွဲခံ သောက်ရမယ့် ဘီယာဆိုရင်တော့ ပိုလို့ အရသာရှိမှာ မဟုတ်လား။

နောက် (၂) ပတ်ဆို အဖြေပေါ်မယ့် အမေရိကန်

အရင်ရက်တွေက ရေးခဲ့ဖူးသလိုပါပဲ။ အချိန်တန်တော့လည်း ဒီကာလ ဆိုးကြီးဟာ လွန်မြောက်သွားမှာပါ။ အခုလို ဖြတ်သန်းနေရတဲ့ အချိန်မှာတော့ ကျွန်တော်တို့ သတိလွတ်လိုက်လို့ မဖြစ်သေးဘူး။ ကပ်ဘေးကို အတူ ကျော်လွှားရင်း အားလုံး မဖျားမနာ ကျန်းမာကြပါစေ။

ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး ဇွန်လ ၉ ရက်၊ ၂၀၂၀ ခုနှစ်။

Add a Comment

Your email address will not be published. Required fields are marked *