လက်ဝဇောင်းထက်နေတဲ့ မြောက်ကိုရီးယား တောင်ကိုရီးယားကို ဆက်သွယ်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီ

ယနေ့ တွင် ခေါင်းဆောင်နှစ်ယောက်ကြား တိုက်ရိုက်ဖုန်းလိုင်း အပါအ၀င် မြောက်ကိုရီးယား ဟာ တောင်ကိုရီးယား နဲ့ ဆက် ဆံရေး လမ်းကြောင်း အားလုံး ကို ရပ်ဆိုင်း လိုက် ပါ တယ် ။ တောင်ကိုရီးယား ကို ရန်သူလို့ဖော်ပြပြီး ဆက်တိုက် အရေးယူဆောင်ရွက်မှုတွေ ထပ်လာဦးမယ် လို့လည်း မြောက်ကိုရီးယားဘက်ကပြော ပါ တယ် ။

လက်ဝဇောင်းထက်နေတဲ့ မြောက်ကိုရီးယား တောင်ကိုရီးယားကို ဆက်သွယ်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီ

မြောက်ကိုရီးယားနယ်စပ်မြို့ ကေဆောင်းမှာရှိတဲ့ (၂) နိုင်ငံ စေ့စပ်ညှိနှိုင်းရေးရုံးကနေ လုပ်နေတဲ့ နေ့စဉ်အဆက်အသွယ် တွေကို ဒီနေ့ကစပြီးရပ်တော့မှာပါ။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲပြီးဆုံးတဲ့အချိန် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခြင်း မရှိတာကြောင့် ကိုရီးယား ၂ နိုင်ငံ ဟာ လက်ရှိအချိန်ထိ စစ်ပွဲကာလမှာပဲရှိနေသေးတာပါ။

ဒီနေ့မနက် ၁၂ နာရီ ကစပြီး မြောက်နဲ့တောင်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်းမှုဖုန်းလိုင်းကို ပိတ်လိုက်ပြီး အဆက် အသွယ်ဖြတ်လိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းေ အဂျင်စီကေ ဖ်ာပြတာပါ ။ စစ်ဖက် ဆက်သွယ်မှုလမ်းကြောင်းတွေ ကိုလည်း ပိတ်လိုက်ပြီလို့ မြောက်ကိုရီးယားဘက်ကပြောပါတယ်။

လက်ဝဇောင်းထက်နေတဲ့ မြောက်ကိုရီးယား တောင်ကိုရီးယားကို ဆက်သွယ်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီ

ကိုဗစ်ကာလ ကန့်သတ်မှုတွေကြောင့် စေ့စပ်ညှိနှိုင်းရေးရုံးကို ဇန်နဝါရီလမှာ ယာယီပိတ်ထားပေမဲ့ နှစ်နိုင်ငံကြား တိုက်ရိုက်ဖုန်းလိုင်းနဲ့ အဆက်အသွယ်ရှိပါတယ်။ အဲဒီရုံးကနေ မနက် ၉ နာရီနဲ့ ညနေ ၅ နာရီအထိ (၂) နိုင်ငံ ဆက်ဆံတဲ့ ကိစ္စများအပါအဝင် နှစ်နိုင်ငံအဆက်အသွယ်လုပ်ပါတယ်။

လက်ဝဇောင်းထက်နေတဲ့ မြောက်ကိုရီးယား တောင်ကိုရီးယားကို ဆက်သွယ်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီ

တနင်္လာနေ့မှာတော့ ၂၁ လအတွင်း ပထမဆုံးအနေနဲ့ တောင်ကိုရီးယားရဲ့ မနက်ခင်းဖုန်းခေါ်ဆိုမှုကို မြောက်ကိုရီးယားဘက်က ပြန်မဖြေဘဲ ညနေမှပြန်ဖြေတယ်လို့ တောာင်ကိုရီးယားဘက်ကပြောပါတယ်။ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးသွားတဲ့အဖွဲ့တွေ မြောက်ကိုရီးယားဘက်ကို လက်ကမ်း စာစောင်တွေပို့နေတာကို မတားနိုင်ရင် ရုံးတွေပိတ်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ညီမ ကင်ယိုဂျွန်းကပြောပါတယ်။

လက်ဝဇောင်းထက်နေတဲ့ မြောက်ကိုရီးယား တောင်ကိုရီးယားကို ဆက်သွယ်မှုအားလုံး ရပ်ဆိုင်းလိုက်ပြီ

၂၀၁၈ ခုနှစ်က နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်နယ်မြေမှာရှိတဲ့ပန်မွန်ဂျွန်းကျေးရွာမှာ ကင်ဂျုံအွန်နဲ့ တောင်ကိုရီး ယားသမ္မတမွန်းဂျယ်အင်းတို့ သဘောတူခဲ့တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို လက်ကမ်းစာစောင်စည်း ရုံးလှုံ့ဆော်မှုတွေက ချိုးဖောက်နေတာဟာ ဆိုးရွားတဲ့အပြုအမူဖြစ်ပြီး ၂ နိုင်ငံ ဆက်သွယ်ရေးကို ဖြတ်တောက်ပစ်မယ်လို့ ကင်ယိုဂျွန်းကပြောပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *