ရက်ရက်စက်စက် သတ်ခံရပြီး မှ လည်ပင်း ကြိုး နဲ့ တွဲလောင်းချည်ခံထားရ တဲ့ ကိုယ်ဝန် အရင့်အမာ နဲ့ အမျိုးသမီးငယ်

ကိုယ်ဝန် အရင့်အမာ လွယ်ထားရတဲ့ အမျိုးသမီးငယ် တစ်ယောက် ဟာ ဓား နဲ့ ထိုးသတ်ခံထားရပြီး ၊ လူသတ်သမားက ရဲတွေ ကို လှည့်စားဖို့အတွက် အလောင်းရဲ့ လည်ပင်း ကို ကြိုးနဲ့ချည်ကာ တွဲလောင်းချည် ထား ခဲ့ ပါတယ်။

ရက်ရက်စက်စက် သတ်ခံရပြီး မှ လည်ပင်း ကြိုး နဲ့ တွဲလောင်းချည်ခံထားရ တဲ့ ကိုယ်ဝန် အရင့်အမာ နဲ့ အမျိုးသမီးငယ်

သဘောကတော့ ဒီအမျိုးသမီး မိမိကိုယ် ကို အဆုံးစီရင် သွားသကဲ့ သို့ ဖန်တီးခဲ့တာ ပါ။ သေဆုံးသူ ရဲ့အမည် မှာ Tshegofatso Pule ဖြစ်ပြီး အသက်(၂၈)နှစ်ပါ။ ရင်ဘတ်မှာ ထင်ရှား တဲ့ ဓားဒဏ်ရာ ထိုးသွင်းခံထားရပြီး ၊ တောင်အာဖရိက စီရင်စုတစ်ခုဖြစ်တဲ့ Gauteng မှာ နေထိုင်ပါတယ်။ Pule ဟာ ကိုယ်ဝန်(၈)လကျော်အရွယ် လွယ်ထားရသူပါ။ မကြာခင်မှာ မွေးမယ့် မိခင်လောင်း ဖြစ်ပါတယ်။

ရက်ရက်စက်စက် သတ်ခံရပြီး မှ လည်ပင်း ကြိုး နဲ့ တွဲလောင်းချည်ခံထားရ တဲ့ ကိုယ်ဝန် အရင့်အမာ နဲ့ အမျိုးသမီးငယ်

Pule ဟာ လွန်ခဲ့တဲ့ ဇွန်လ(၄)ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့အလောင်းကို Johannesburg နဲ့ မနီးမဝေး ဆင်ခြေဖုံးက လယ်ကွင်းတစ်ခုမှာ ပြန်တွေ့ခဲ့ရတာပါ။ လယ်ကွင်းဘေးက သစ်ပစ်မှာ တွဲလောင်းအနေအထားနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရက်ရက်စက်စက် သတ်ခံရပြီး မှ လည်ပင်း ကြိုး နဲ့ တွဲလောင်းချည်ခံထားရ တဲ့ ကိုယ်ဝန် အရင့်အမာ နဲ့ အမျိုးသမီးငယ်

ဇွန်လ(၈)ရက်မှာ အလောင်းကို ပြန်တွေ့ခဲ့ရတာ ဖြစ်ပြီး၊ ရဲကတော့ ဒါဟာ လူသတ်မှုဖြစ်ကြောင်း ချက်ချင်း ဆိုခဲ့ပါတယ်။ လောလောဆယ်တော့ ပြစ်မှုကျူးလွန်သူကို ရဲက ခြေရာမခံနိုင်သေးပါဘူး။ အကြမ်းဖျဉ်းအနေနဲ့တော့ ပြစ်မှုကျူးလွန်သူဟာ Pule နဲ့ ရင်းနီးတဲ့လူထဲက ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ရက်ရက်စက်စက် သတ်ခံရပြီး မှ လည်ပင်း ကြိုး နဲ့ တွဲလောင်းချည်ခံထားရ တဲ့ ကိုယ်ဝန် အရင့်အမာ နဲ့ အမျိုးသမီးငယ်

တောင်အာဖရိကဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေအတွက် လုံခြုံမှုအကင်းမဲ့ဆုံး တစ်နိုင်ငံဖြစ်ပါတယ်။ 2017 ကနေ 2018 အထိ 12 လအတွင်းမှာ အမျိုးသမီး 2930 အသတ်ခံခဲ့ရတာမို့ 3 နာရီတိုင်း အမျိုးသမီးတစ်ယောက် အသတ်ခံနေရပါတယ်။အမျိုးသမီးနဲ့ကလေး​ငယ်တွေ အခုလိုအနိုင်ကျင့်ခံနေရတာကို_ရဲကဘာလုပ်နေသလဲလို့ လူတွေကမေးခွန်းထုတ်နေကြပါတယ်။

အခုဟာက 8 လအရွယ်ကလေးငယ်ပါ…. သေဆုံးစေတာဟာ လွန်လွန်းပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *