တရုတ်ပြည်တောင်ပိုင်း သဘာဝ ဓါတ်ငွေ့ပေါက်ကွဲမှုဖြစ်ပီား ယနေ့ထိ လူတွေကိုရှာဖွေ ကယ်ဆယ်နေရ

တရုတ်ပြည် တောင်ပိုင်း Zhè jiāng မြို့ အဝေးပြေးလမ်းမတစ်ခုပေါ်မှာ စနေနေ့က လောင်စာဆီတင် ဆီဘောက်စာ ကားတစ်စီး ပေါက်ကွဲမှုဖြစ်ခဲ့ တာကြောင့် လူ ၁၄ ဦး သေဆုံးကာ ၁၆၀ ကျော် ဒဏ်ရာရ ခဲ့တယ် လို့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြ ပါ တယ် ။

ပေါက်ကွဲအားပြင်းတာကြောင့် အနီးအနားက လူနေအိမ်တွေနဲ့ စက်ရုံတွေ ပြိုကျခဲ့ကြောင်း နဲ့ ကားများစွာ မီးစွဲလောင်ခဲ့ကာ မီးခိုးမည်းလုံးတွေ လှိမ့်တက်နေခဲ့ကြောင်း အစိုးရက ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုခဲ့ပါတယ်။

တရုတ်ပြည်တောင်ပိုင်း Zhè jiāng မြို့မှာ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပြီး နိုင်ငံပိုင် မီဒီယာက ဧရာမ မီးခိုးလုံးတွေ ထွက်ပေါ်နေကာ လူတွေ ကြောက်လန့် တကြားပြေးလွှားနေတဲ့ အခင်းဖြစ်ရပ် ဗီဒီယိုဖိုင် ကို ဖော်ပြခဲ့ပါတယ်။

Vedio-Credit

ကြီးမားတဲ့ အရာဝတ္ထု့ တစ်ခု လေထဲပျံဝဲလာကာ အနီးက အဆောက်အအုံတွေပေါ် ပြုတ်ကျပျက်စီးသွားတာ ကိုလည်း ဗီဒီယို တစ်နေရာ မှာ တွေ့ရပါတယ် ။ ဗီဒီယိုဖိုင် နောက်တစ်နေရာမှာတော့ မီးကျွမ်းနေတဲ့ ဆီတင်ကားနဲ့ ကားတာယာများစွာ အဆောက်အအုံတစ်ခုအတွင်း ဝင်တိုက်မိခဲ့ကာ အပျက်အစီးပုံကြီးဖြစ်သွားခဲ့တာတွေ့ရ ပါတယ်။

Vedio-Credit

သေဆုံးဦးရေဟာ မူလ ၁၀ ဦးရှိရာကနေ ၁၄ ဦးသို့ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူ ၁၆၈ ဦး ရှိခဲ့တယ်လို့ ဆင်ဟွာ သတင်းက ဖော်ပြခဲ့ ပါတယ် ။ ယခုဖြစ်ရပ်ကြောင့် အဝေးပြေးလမ်းကို ပိတ်ထားခဲ့ရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောဆို ပါတယ်။

ဆီဘောက်စာကားပေါက်ကွဲတာ ဘာကြောင့်ပျက်စီးဆုံးရှုံးမှာတွေ အဲ့လောက်များရတာလဲ ၊ ဘာကြောင့်အင်အားပြင်းထန်ရတာလဲ…

အမြန်ကားလမ်းမပေါ် ဆိုတော့ သူ့ဘေးမှာဓာတ်ငွေ့ကားတွေလည်း ရှိတယ် တစ်ခြားအိမ်စီးကားတွေလည်း ရှိတယ် ဓာတ်ငွေ့စက်ရုံ နဲ့နီးသွားတာလည်း ပါပါတယ် ။ အဲ့ဒါကြောင့် အင်အား က အရမ်း ကို ပြင်းထန်သွား ရတာ ပါ ။

Vedio-Credit

Add a Comment

Your email address will not be published. Required fields are marked *