ကိုရိုနာဗိုင်းရပ်ပိုးကြောင့် သေမယ့်ဘေးကို ကယ်တင်ဖို့ ပထမဆုံး အသက်ကယ်ဆေး ရှာတွေ့ပြီ

ဒီနေ့ ၁၆ ဇွန် ၂၀၂၀ ညနေ ၆ နာရီ ခွဲကျော်မှာ ဘီဘီစီ ကျန်းမာရေးပိုင်း ကနေ ထုတ်ပြန် တဲ့ သတင်းထူး ကတော့ ကော်ရိုနာဗိုင်းရပ်စ် အန္တရာယ် မှ အသက်ကယ်နိုင် သည့် ပထမဦးဆေးဝါး ကို တွေ့ရှိပါပြီ ဒက်ဇာမတ်သဆုန်းဆေး လို့ ခေါ်ပါတယ် ။ ဈေးမကြီးဘဲ ကျယ်ကျယ်ပြန့်ပြန် ရနိုင်တယ် ။ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန်ဖြစ်နေ သူတွေ ရဲ့ အသက် ကို ကယ်နိုင် တယ် ။

ကိုရိုနာဗိုင်းရပ်ပိုးကြောင့် သေမယ့်ဘေးကို ကယ်တင်ဖို့ ပထမဆုံး အသက်ကယ်ဆေး ရှာတွေ့ပြီ

အဲ့ဒီဆေးဟာ အသစ်ဖော်စပ် တဲ့ ဆေးတော့ မဟုတ် ပါဘူး ။ ၁၉၆၀ ကျော်လောက် ကတည်းက သုံးနေခဲ့တဲ့ ဆေးပါ ။ အရင်းပြင်း ထန်တဲ့ လူနာတွေ ကို စမ်းသပ်တာ မှာ တော်တော်လေး ထိရောက်ပြီး အသက်ကို ကယ်နိုင် လိုက်တဲ့ အဖြေတွေ ရရှိထား တယ် လို့ ဆို ပါတယ် ။

အင်္ဂလန် ဆေးဝါးကျွမ်းကျင် ပညာရှင်တွေ ရဲ့ အဆိုအရ ယင်းဆေးဝါးဟာ အသက် ရှုစက်တပ်ဆင်ထားရသူ လူနာ အတွက် အသက်ဆုံးရှုံးနိုင်ခြေ ၃ ပုံတစ်ပုံခန့်လျှော့ချနိုင် ကာ အောက်ဆီဂျင် ပေးထားရသူ လူနာ အတွက် ၅ ပုံ ၁ ပုံအထိ လျှော့ချနိုင် တယ် လို့ ဆိုပါ တယ် ။

ယခုဆေးဟာ လက်ရှိ ကိုရိုနာဗိုင်းရပ် ကို ကုသဖို့ အပြိုင်အဆိုင် စမ်းသပ်နေတဲ့ ဆေးတွေထဲ က တစ်ခုလည်း ဖြစ် ပါတယ် ။ ဒီဆေး ကို အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ် အကြီးအကျယ် ပျံ့နှံ့စဉ် ရရှိခဲ့ပါက လူအသက် ၅၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ မှာ ဖြစ်တယ်လို့ ဆေးဝါးကျွမ်းကျင်သူပညာရှင်တို့က ဆိုပါတယ်။ အဲဒီဆေးဟာ ဈေးသက်သာတာကြောင့် ကိုဗစ် ရောဂါသည်အရေအတွက် အများအပြားရှိနေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အလွန်အကျိုးရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်ပိုးကြောင့် သေမယ့်ဘေးကို ကယ်တင်ဖို့ ပထမဆုံး အသက်ကယ်ဆေး ရှာတွေ့ပြီ

အဲဒီဆေးနဲ့ စမ်းသပ်ခဲ့တဲ့ ကိုဗစ် လူနာ ၂၀ မှာ ၁၉ ဦးဟာ ဆေးရုံတင်စရာမလိုဘဲ သက်သာပျောက်ကင်းခဲ့ပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေထဲမှာ အောက်ဆီဂျင်နဲ့ အသက်ရှုစက်တပ်ဆင်ဖို့ လိုအပ်တဲ့လူနာတွေပါသော်လည်း ဒီဆေးကို မသုံးစွဲထားတဲ့လူနာတွေထက် အခြေအနေပိုမိုကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူပရောဖက်ဆာပီတာဟော်ဘီက အသက်ရှုစက် တပ်ဆင်ထားရသူလူနာ ၈ ယောက်ကို ဒီဆေးနဲ့ကုတိုင်း တစ်ယောက်ကိုကယ်တင်နိုင် မှာဖြစ်တယ်လို့ ဆိုပါတယ် ။ လက်ရှိအချိန်အထိ အသက်ဆုံးရှုံးမှု ကို အများဆုံးလျှော့ချပေးနိုင်တဲ့ဆေး လို့ ဖြည့်စွက်ပြောကြား ခဲ့ပါတယ်။

အထက်ပါ စမ်းသပ်မှုတွေ ကို အဲဒီဆေးနဲ့ ၁၀ ရက်ကြာကုသခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ တစ်ရက်ကိုလူနာတစ်ဦးလျှင် ပေါင် ၅ ဒသမ ၄၀ သာကျသင့်တယ်လို့ သတင်းက ဆို ပါတယ်။ ဒက်ဇာမတ်သဆုန်းဆေး ဟာ ကိုဗစ် ရောဂါလက္ခဏာ မပြသူများ နဲ့ အသက်ရှူမှုအခက်အခဲမဖြစ်သူများအပေါ်မှာတော့ ထိရောက်မှု မရှိဘူးလို့ ဆို ပါတယ်။

ကိုရိုနာဗိုင်းရပ်ပိုးကြောင့် သေမယ့်ဘေးကို ကယ်တင်ဖို့ ပထမဆုံး အသက်ကယ်ဆေး ရှာတွေ့ပြီ

ဆေးဝါး စမ်းသပ်မှုများ ကို မတ်လက စတင်ပြုလုပ်ခဲ့ရာ အဲဒီအထဲမှ ငှက်ဖျားဆေး တစ်မျိုးဖြစ်တဲ့ ဟိုင်ဒရိုကလိုရို ကွင်းဆေးဟာ အသက်ဆုံးရှုံး ပိုမိုမြင့်တက်ခြင်းနဲ့ နှလုံးပိုင်းဆိုင်ရာပြဿနာများကြောင့် စမ်းသပ်မှုရပ်ဆိုင်းခဲ့ပြီး ရန်ဒက်ဆီဗာဆေးကတော့ လူနာ ရဲ့ပြန်လည်ကောင်းမွန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ အတွက် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *