အိန္ဒိယ စစ်သည် အယောက် ( ၂၀ ) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် ( အပြည့်အစုံ )

မနေ့ညက ဖြစ်စဉ် က တကယ်တော့ တိုက်ပွဲ မဟုတ်ခဲ့ ပါဘူး ။ တရုတ်ပြည် တိဘက်ဒေသ နဲ့ အိန္ဒိယ ရဲ့ ကက်ရှ်မီးယားဒေသ ထိစပ်နေ တဲ့ Ladakh ဒေသ မှာ ပြသနာဖြစ်ပွား တာ ပါ ။ အဲဒီနေရာ မှာ နယ်နမိတ် အငြင်းပွားမှုနဲ့ ပတ်သက်ပီး တရုတ်ကေ ကာ အိန္ဒိယကပါ စစ်တပ်တွေ တိုးပီး ချထားခဲ့တာ တလခန့် ရှိပါ ပီ။ ထောင်နဲ့ ချီ တဲ့ စစ်သားတွေ ၊ တင့်ကားတွေ ၊ သံချပ်ကာကားတွေ နဲ့ ၂နိုင်ငံလုံး က နယ်စပ် မှာ ခေါင်းချင်းဆိုင်နေကြတာပါ ။ တပ်ဖွဲ့ ၂ ခုကြား အကွာအဝေးက ကိုက်အနည်းငယ် ပဲ ဝေး ပါ တယ် ။

အိန္ဒိယ စစ်သည် အယောက် ( ၂၀ ) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် ( အပြည့်အစုံ )

မနေ့ညကတော့ ဘယ်သူက ကျူးကျော်လာ မှန်း မသိပဲ ၂ ဖက်အဖွဲ့တွေ မျက်နှာချင်း ဆိုင်တွေ့ကြပီး လက်သီးတွေနဲ့ ထိုး ၊ ခဲတွေနဲ့ ပစ်ပီး အပြင်းအထန် ရန်ဖြစ်ကြတာပါ ။ သေနတ်ပစ် တာတော့ တချက် မှ မရှိဘူးလို့ ၂နို င်ငံလုံး က ပြော ပါ တယ် ။

အိန္ဒိယ စစ်သည် အယောက် ( ၂၀ ) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် ( အပြည့်အစုံ )

အရင်ရက်ပိုင်းကလဲ ရန်တခါဖြစ်ဖူးပီး မနေ့ညကတော့ အတော်ပြင်းထန်ပါတယ်။ ၂ ဖက်စလုံးမှာ သေကြေဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။ အိန္ဒိယ ဘက်ကတော့ အယောက် ၂၀ ကျဆုံးကြောင်း ပြောထား ပီးတော့ တရုတ်ဘက်ကတော့ အသေအပျောက်စာရင်း မကြေညာသေး ပါဘူး။

တရုတ် အစိုးရကတော့ သတင်းစာ ရှင်းလင်းပွဲလုပ်ပီး ဖြေရှင်းနေပေမယ့် အိန္ဒိယဘက် က တရားဝင် သတင်းစာရှင်းပွဲ ပြုလုပ်ခြင်း မရှိသေးပါဘူး ။ ၂ ဖက် စစ်ဖက် အရာရှိတွေ အစည်းအဝေးအပြီး မှာတော့ မျက်နှာချင်းဆိုင်ထားတဲ့ ၂ နိုင်ငံတပ်တွေ ပြန်ဆုတ်သွားကြ ပီလို့ နောက်ဆုံး သိရပါတယ်။ သူတို့ ၂နိုင်ငံ နောက်ဆုံး ပြသနာဖြစ်ခဲ့တာ က ၁၉၇၅ မှာဖြစ်ပီး အဲဒီနေရာ မှာပဲဖြစ် ပါတယ် ။ အဆိုပါတိုက်ပွဲတုန်း က အိန္ဒိယစစ်သား ၄ ဦး သေဆုံးခဲ့ ပါတယ် ။

အိန္ဒိယ စစ်သည် အယောက် ( ၂၀ ) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် ( အပြည့်အစုံ )

နောက်ထပ် အိန္ဒိယ နဲ့ တရုတ်နယ်မြေထိစပ်နေတဲ့ နေရာကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်ဆုံးက ကချင်ပြည်နားမှာ ဖြစ် ပါတယ် ။ (ရန်ပွဲဖြစ်သည့်နေရာသည် ပုံ၏ ဘယ်ဘက်အစွန်နား အနီကွင်းဖြင့်ဝိုင်းထားသောနေရာဖြစ် သည် ။ )

အိန္ဒိယ စစ်သည် အယောက် ( ၂၀ ) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် ( အပြည့်အစုံ )

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *