ကိုဗစ်ကင်းစင်ပြီ လို့ ကြွေးကြောက်လိုက်ပြီး ရက်ပိုင်း အတွင်း လူနာသစ် ၂ ဦး ပြန်တွေ့လာတဲ့ နယူးဇီလန်

ကိုရိုနာ ဗိုင်းရပ်စ် ပိုးကင်းစင် တဲ့ နိုင်ငံအဖြစ်ကြေညာပြီး ရက်ပိုင်း အတွင်း နယူးဇီလန် မှာ ရောဂါပိုးရှိသူ (၂) ဦးတွေ့ ရတယ် လို့ အစိုးရက ကြေညာလိုက် ပါတယ်။ နယူးဇီလန် မှာ ရောဂါပိုးမ တွေ့တာ ၂၄ ရက်ဆက် တိုက် ရှိနေပြီး ပြီး ခဲ့ တဲ့ အင်္ဂါနေ့က မှ ဗြိတိန်ကပြန်လာသူ ( ၂ ) ဦး မှာ ရောဂါပိုးပြန်တွေ့ခဲ့ တာဖြစ် ပါ တယ် ။

ကိုဗစ်ကင်းစင်ပြီ လို့ ကြွေးကြောက်လိုက်ပြီး ရက်ပိုင်း အတွင်း လူနာသစ် ၂ ဦး ပြန်တွေ့လာတဲ့ နယူးဇီလန်

ပြီးခဲ့တဲ့အပတ်က နယူးဇီလန်အစိုးရဟာ နယ်စပ်ဂိတ်ကလွဲပြီး Lockdown ဖြေလျော့မှုအပါအဝင် စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါကြောင့် နယူးဇီလန်ဟာ ကိုရိုနာကပ်ရောဂါကင်းလွတ်တဲ့နိုင်ငံဖြစ်ကြောင်း ကြေညာပြီးမှ ပြန်ဖြစ်တဲ့ ပထမဆုံးနိုင်ငံဖြစ်သွားပါတယ်။

နယူးဇီလန်ဝန်ကြီးချုပ်အာဒန်က နိုင်ငံခြားပြန် တွေဆီက ကူးစက်မှုတွေမဖြစ်အောင် လုပ်ဆောင်သွားတော့မယ်လို့ပြောပါတယ်။ နယူးဇီလန်ကျန်းမာရေးဝန်ကြီးက ရောဂါပိုးတွေ့သူတွေဟာ ယူကေကပြန်လာသူတွေဖြစ်ပြီး (၂)ဦးစလုံး ဆက်စပ်မှုရှိတယ်လို့ပြောပါတယ်။

ကိုဗစ်ကင်းစင်ပြီ လို့ ကြွေးကြောက်လိုက်ပြီး ရက်ပိုင်း အတွင်း လူနာသစ် ၂ ဦး ပြန်တွေ့လာတဲ့ နယူးဇီလန်

နယူးဇီလန်နိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာကူးစက်သူ ၁၅၀၆ ဦးရှိပြီး သေဆုံးသူ ၂၂ ဦးရှိပါတယ်။ ဇွန်လ ၈ ရက်နေ့မှာ နယူးဇီလန်အစိုးရက Lockdown ဖြေလျော့ချက်တွေကို ပြုလုပ်ခဲ့ပြီး ကိုဗစ်ကင်းစင်သွားပြီလို့ ကမ္ဘာကိုကြေညာခဲ့ပါတယ်။ နယူးဇီလန်ရဲ့ ကိုဗစ်နောက်ဆုံးလူနာဟာ အသက် ၅၀ အရွယ်အမျိုးသမီးဖြစ်ပြီး ပြန်လည်ကျန်းမာသူ ၁၄၈၂ ဦးရှိပါတယ်။

ကိုဗစ်ကင်းစင်ပြီ လို့ ကြွေးကြောက်လိုက်ပြီး ရက်ပိုင်း အတွင်း လူနာသစ် ၂ ဦး ပြန်တွေ့လာတဲ့ နယူးဇီလန်

နယူးဇီလန်ဝန်ကြီးချုပ်ကတော့ ခုနှစ်ပတ်တာ Lockdown ကာလအတွင်း စည်းကမ်းလိုက်နာခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်း၊ ကန့်သတ်မှုတချို့ပြန်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ နယူးဇီလန်မှာ Lockdown အဆင့်တွေကို အဆင့်လေးဆင့်နဲ့ဆောင်ရွက်ခဲ့ပြီး နယ်စပ်တွေကိုတော့ မတ်လ ၁၉ ရက်ကတည်းက ပိတ်ထားဆဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *