တရုတ်စကားပွင့်ရည်ကို ရေနွေးကြမ်းလို သောက်မယ်ဆိုရင် မယုံနိုင်စရာ ရရှိလာမဲ့ အကျိုးကျေးဇူးများ

တရုတ် စကားပွင့်ပန်း ကို သုပ်စား ကြော်စားကြတာများ ပါ တယ် ။ အပွင့်ခြောက် ကို နေပူလှန်းပြီး သောက်ကြည့် ပါနော်…ဘာတွေကောင်း လဲ ပြောပြ မယ် ကျမတော့ နေ့တိုင်းသောက် နေပြီ မို့ မသိတဲ့ သူတွေ ကို မျှဝေချင် ပါ တယ်

တ ရုတ် စကားပွင့်ရည် ကို လက်ဖက်ခြောက်ရည် လို သောက်မယ် ဆိုရင် ရနိုင်မဲ့အကျိုးလေးတွေ ကို ကြည့်လိုက်ကြရအောင်နော် ..။ မွေးရနံနဲ့တင် လူကို ဆွဲဆောင်နေပါပြီ အနံ့က လန်းဆန်းလို့ အိပ်မပျော်တဲ့သူတွေ အတွက် အရမ်းကောင်း ပါတယ် ။

တရုတ်စကားပွင့်ရည်ကို ရေနွေးကြမ်းလို သောက်မယ်ဆိုရင် မယုံနိုင်စရာ ရရှိလာမဲ့ အကျိုးကျေးဇူးများ

တရုတ်စကားပွင့်ရည် က လည်ချောင်းတွေ ခြောက်သွေ့ပြီး ချောင်းခြောက်ဆိုးတဲ့ အခါ လည်ချောင်းနာတဲ့ အခါ သောက်ပေးရင် သလိပ်ပျော်စေလို့ အမြန်သက်သာနိုင် ပါတယ် ။

ကိုယ်ပူကျစေတယ် မကြာခဏ နာစေးနေတဲ့သူတွေ အတွက် အပွင့်ခြောက် ကို လက်ဖက်ရည်လိုသောက်သုံးခြင်းဖြင့် လူမမာကို ပြန်လည် ကျန်းမာနိုင်စေပါတယ် ။ အပူကန်တဲ့ အခါရော ချွေးထုတ်ဆေး အဖြစ်ရော သောက်ပေးရင် ချွေးနဲ့ဆိုးကို သက်သာစေလို့ အနံမွေးတဲ့ချွေးအဖြစ် ပြောင်းနိုင်အောင် စွမ်းပါတယ် ကိုယ်ထဲက အဆိပ်တွေ ကို ဝမ်းနဲ့ အတူပါအောင်လည်း ကူညီသေးတယ်တဲ့ ။

တရုတ်စကားပွင့်ရည်ကို ရေနွေးကြမ်းလို သောက်မယ်ဆိုရင် မယုံနိုင်စရာ ရရှိလာမဲ့ အကျိုးကျေးဇူးများ

မကုန်သေးဘူး အကျိုးများလိုက်တာ မထင်ထားနိုင်အောင် ကောင်းမွန်တော့ ချက်ခြင်းပဲ သောက်လိုက်ပြီ အိမ်မှာ စိုက်ထားတယ်လေ ။ ရေငတ်ပြေစေ ပါတယ် အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ် အတွက် လိုအပ်တဲ့အဟာရကို စုတ်ယူမှုအားကောင်းအောင် ကူညီစေတဲ့အပြင် အစာအိမ်ထဲက လေတွေထုတ်ပေးလို့ အမြဲလန်းဆန်းစေပါတယ် ။

နှလုံသွေးကြောကျဉ်းရောဂါမဖြစ်အောင် ကာကွယ်နိုင် သလို သွေးထဲက သကြားဓာတ်ကိုပါ လျော့ချပေးတဲ့ တရုတ်စကားပွင့်ပါ ။ ဦးနှောက်အာရုံကြောတွေကို ကြည်လင်လန်းဆန်းစေပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ် ။ အပွင့်တင်မဟုတ်ဘူး ခြေလက်ကိုက်ခဲတဲ့အခါ အရွက်ကို ကင်ပြီး အုံထားရင် ကိုက်ခဲတာတွေ လည်း သက်သာပါတယ် တဲ့လေ ။

တရုတ်စကားပွင့်ရည်ကို ရေနွေးကြမ်းလို သောက်မယ်ဆိုရင် မယုံနိုင်စရာ ရရှိလာမဲ့ အကျိုးကျေးဇူးများ

ကိုယ်ခန္ဓာကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တစ်ချို့ ကြီးထွားမှုကို နှောင့်နှေးစေအောင် ကူညီတော့ အမြဲ ကျန်းမာအောင် သောက် သင့်ပါတယ်နော် ။ ထင်ထားတာထက် အသုံးဝင်ပုံကို သိခွင့်ရအောင် နာဝါ ခနား ကို အထူးကျေးဇူးတင်ပါတယ် ။ တစ်ကယ်တော့ ကိုယ့်အနီးအနားမှာရှိနေတဲ့ ဘာတွေ ဘယ်လို အသုံးဝင်ကြောင်း သိခွင့်ရ ခဲ့ရင် လိုအပ်တဲ့အခါ အလွယ်တကူ သုံးလို့ ၇နိုင်ရင် ပို ပြီး အဆင်ပြေတာပေါ့နော် …။

ဆိုးကျိုး ကို မတွေ့ရလို့ နေ့တိုင်း ပွင့်ရင် သောက်ကြဖို့ အကြံပြုလို ပါတယ်ရှင့်

အားလုံး ကျန်းမာ ချမ်းသာ လို့ ရောဂါကင်းပါစေ ။ အကျိုးရှိတာလေးတွေကို မျှဝေခွင့် အတွက် အရာရာကို ကျေးဇူးတင်လျက်ပါ …

မေတ္တာ ဖြင့်

မေမေထိုက်

Add a Comment

Your email address will not be published. Required fields are marked *