အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဘတ်(၆)သန်းပေါက်သွားတဲ့ မြန်မာအလုပ်သမား ပန်းရံမိသားစုလေး

ထိုင်းမှာ ပန်းရံ လုပ်နေသည့် မြန်မာအလုပ်သမား မိသားစု ထိုင်းထီ ပထမဆု ဘတ် (၆) သန်းပေါက်…

ဇွန်လ ၁၆ ရက် က ထွက်ခဲ့သည့် ထိုင်း ထီ ပထမဆု ဘတ်ငွေ (၆)သန်းအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပထုန်ဌာနီ စိုင်မိုင် နယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှာ ပန်းရံအလုပ် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား မိသားတစ်စုက ဆွတ်ခူးရရှိခဲ့ပါတယ်။

အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဘတ်(၆)သန်းပေါက်သွားတဲ့ မြန်မာအလုပ်သမား ပန်းရံမိသားစုလေး

ကံထူးရှင် ရွှေ့ပြောင်းလုပ်သား မိသားစုမှာ ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးအပိုင် အင်ကြင်း သာကျေးရွာ ဇာတိဖြစ်သော ကိုဖိုးသော်+မဖြူ ဖြူ ခိုင် နှင့် သား ထက်မြက်ဦး တို့မိသားစု ဖြစ်ပြီး သူတို့၏ အလုပ်သမားေ ခါင်းဆောင်(ထိုင်းလူမျိုး)၏ သားဖြစ်သူ ရောင်းသော ထီအား တယောက်တေ စာင်စီ ကံစမ်းရာမှ သားဖြစ်သူ ၏ ထီလက် မှတ်မှ ကံထူးခဲ့ကြောင်း သိရပါသည်။

အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဘတ်(၆)သန်းပေါက်သွားတဲ့ မြန်မာအလုပ်သမား ပန်းရံမိသားစုလေး

ကံထူးသည့် ပထမဆု ထီနံပါတ်မှာ ၅၁၆၉၆၇ ဖြစ်ပြီး AAC အလုပ်သ မားကူညီရေးမဟာ မိတ်အဖွဲ့မှ ဆုငွေထုတ် ယူပြီး မြန်မာပြည် အရောက် ဘဏ်မှတဆင့် ငွေလွှဲပို့ခြင်း အိမ်အရောက် အန္တရာယ်ကင်းစွာ ပြန်နိုင်ရေး ကိစ္စတွေကအစ သံအရာရှိနှင့် ချိတ်ဆက်၍ ကူညီပေးနေကြောင်း သိရပါသည်။

အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဘတ်(၆)သန်းပေါက်သွားတဲ့ မြန်မာအလုပ်သမား ပန်းရံမိသားစုလေး

ကံထူးရှင် မိသားစုမှာ ထိုင်းထီပေါက်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင် (၈)နှစ်ကြာ လုပ်ကိုင်ခဲ့သော ပန်းရံအလုပ်ကို စွန့်လွှတ်ပြီး မြန်မာပြည်သို့ အပြီးပြန်လာတော့ မည်ဖြစ်ပါသည်။

မြန်မာသို့ ပြန်လ ည်ရောက်ရှိပါက အလှူအတန်းများြ ပုလုပ် သွားမည်ဖြစ်ပြီး AAC အဖွဲ့မှ မောတောင်မြို့နယ်တွင် တည်ဆောက်နေသော စာသင်ကျောင်း အတွက်လည်း လှူဒါန်းပေး သွားမည်ဟု ထိုင်းထီပထ မဆုရရှိသည့် မိသားစုမှ ဒေါ်ဖြူဖြူခိုင်က ပြောသည်။

အမြင့်ဆုံးဆုကြေးဖြစ်တဲ့ ဘတ်(၆)သန်းပေါက်သွားတဲ့ မြန်မာအလုပ်သမား ပန်းရံမိသားစုလေး

ထိုင်းနိုင်ငံ အခြေစိုက် AAC မဟာမိတ်အဖွဲ့ အနေဖြင့် ထိုင်းတွင် ထိုင်းထီဆု မဲရရှိခဲ့သည့် မြန်မာနိုင်ငံသားများ အတွက်လည်း လိုက်ပါကူညီဆောင်ရွက်ပေးနေကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။

Add a Comment

Your email address will not be published. Required fields are marked *