ကမ္ဘာ့ ပထမဆုံး ဖုန်းအားသွင်းကြိုး နဲ့ကိုဗစ်ပိုး သတ်နိုင်မယ့် Mask

အစ္စရေး သိပ္ပံ ပညာရှင် Yair Ein-Eli က အကြိမ်ကြိမ်ပိုးသတ်ပြီး အသုံးပြုနိုင်တဲ့ mask ကို တီထွင်ခဲ့ ပါ တယ် ။

ဖုန်း အသွင်းကြိုး နဲ့ mask ကို ပါဝါပေးလိုက်ရင် အဝတ်စတွေ အပူချိန် 65 – 70 ဒီဂရီ စင်တီဂရိတ် အထိ နာရီဝက်လောက်ပူ လာပြီး ရင် COVID-19 ဖြစ်စေမယ့် ပိုးတွေသေကုန်မယ် လို့ ဆိုပါတယ် ။

ကမ္ဘာ့ ပထမဆုံး ဖုန်းအားသွင်းကြိုး နဲ့ကိုဗစ်ပိုး သတ်နိုင်မယ့် Mask

လူက ဝတ်ထား ချိန်မှာတော့ အပူပေးနေတာ မို့ ပါဝါကြိုး နဲ့ ချိတ်ဆက်ပြီး ပိုးသတ်လို့ မရပါဘူး။ သဘောက အဝတ်စတွေကြားမှာ နည်းပညာမြင့် ကာဘွန်ဖိုင်ဘာမျှင်တွေ လို အပူပေးလို့ရတဲ့အလွှာကိုအပူပေးပြီးအဝတ်စတွေပေါ် က ပိုးတွေ ကို သေစေမှာဖြစ် ပါတယ်။

သူ့အနေ နဲ့ ပိုးသေတ ယ်လို့ပြောထားပေမယ့် ကျနော့်အနေ နဲ့ ပြင်သစ်တက္ကသိုလ်က တွေ့ရှိထား တဲ့ အပူချိန် 92 ဒီဂရီ စင်တီဂရိတ်မှာ 15 မိနစ်အပူပေးမှ ပိုးသေတယ်ဆိုတဲ့အချက်နဲ့ ချိန်ထိုးစဉ်းစားကြည့်မိ ပါတယ်။

ကမ္ဘာ့ ပထမဆုံး ဖုန်းအားသွင်းကြိုး နဲ့ကိုဗစ်ပိုး သတ်နိုင်မယ့် Mask

အခု mask ကိုအမေရိကန်ပြည်ထောင်စု မှာ မူပိုင်ခွင့်လျှောက်မယ် လို့ဆိုပါတယ်။

-သဘောကျစရာအချက်က အပြင်ကနေကားထဲရောက်တာ နဲ့ mask ကိုချွတ်ပြီး ကား USB ပေါက်ကနေ နာရီဝက်ခန့် ပါဝါပေးထားလိုက်ရင် ပိုးသေစေမယ်ဆိုတဲ့အချက်ပါပဲ။

ကမ္ဘာ့ ပထမဆုံး ဖုန်းအားသွင်းကြိုး နဲ့ကိုဗစ်ပိုး သတ်နိုင်မယ့် Mask

– နောက်သဘောကျစရာအချက်က သူ့ရဲ့ mask တန်ဖိုးက အမေရိကန် 1 ဒေါ်လာ (မြန်မာငွေ 1400) လောက်ပဲကျမယ်ဆိုတဲ့အချက်ပါပဲ။

– သူ့ပုံစံက N95 Mask နဲ့ပုံစံဆင်ပြီး N95 mask ဈေးလောက်ပဲရှိတာမို့ တန်ပါတယ်။

– အမေရိကန်က စစ်တမ်းအရ 66 ရာနှုနိးသော ကျန်းမာရေးဝန်ထမ်းတွေဟာ Mask အလုံအလောက်မရကြဘူးလို့ ဆိုပါတယ်။

– အဲ့ဒီဈေးနဲ့ အကြိမ်ကြိမ်ပြန်သုံးလို့ရရင် အတော့်ကို လူသုံးများကြမှာ ဖြစ်ပါတယ်။

အခုမှ prototype ထုတ်ပြီးတာဖြစ်ပြီး အမြောက်အများထုတ်ဖို့က ကြာပါအုံးမယ် ။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
17-June-2020

Add a Comment

Your email address will not be published. Required fields are marked *