နေအိမ်အတွင်း ထိုင်နေသည့် အမျိုးသမီး (၂) ဦး ကို လမ်းမပေါ်မှ ဆိုင်ကယ်စီး လူ (၂) ဦး က သေနတ်ဖြင့် လှမ်းပစ်မှု ဖြစ်ပွား

ခမ်းပတ်မြို့ တွင် နေအိမ် အတွင်း ထိုင်နေသည့် အမျိုးသမီး နှစ်ဦး ကို လမ်းမပေါ် မှ ဆိုင်ကယ်စီးလူ နှစ်ဦး က သေနတ်ဖြင့် လှမ်းပစ်ရာ ဒဏ်ရာများဖြင့် ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့နယ် ၊ ခမ်းပတ်မြို့တွင် နေအိမ် အတွင်းထိုင်နေသည့် အမျိုးသမီး ၂ ဦး ကို အိမ်ရှေ့လမ်းမပေါ် မှ ဆိုင်ကယ်စီး လူ ၂ ဦးက သေနတ်ဖြင့် လှမ်းပစ်ရာ ဒဏ်ရာများဖြင့် ဆေးရုံ ရောက် သွားကြောင်း သိ ရသည်။

နေအိမ်အတွင်း ထိုင်နေသည့် အမျိုးသမီး (၂) ဦး ကို လမ်းမပေါ်မှ ဆိုင်ကယ်စီး လူ (၂) ဦး က သေနတ်ဖြင့် လှမ်းပစ်မှု ဖြစ်ပွား

အဆိုပါ ဖြစ်စဉ် သည် ဇွန် (၁၅) ရက်နေ့ ည ၉နာရီခန့်ကဖြစ်ပွား ခဲ့ခြင်းဖြစ် သည် ။

ခမ်းပတ်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးဌေးအောင်(ဘ)ဦးစံငြိမ်းသည် ဇွန် ၁၅ ရက် ည ၉ နာရီခန့်တွင် ၎င်း၏နေအိမ်၌ တီဗွီကြည့်နေစဉ် နေအိမ်ရှေ့ ကွန်ကရစ် လမ်းအတိုင်း အရှေ့ မှအနော က်သို့ ဆိုင်ကယ် မောင်းနှင်လာသ ည့် အမည် မသိ အမျိုးသား ၂ ဦးအနက် မှ နောက်မှ လိုက်ပါလာသူက လက်နက်ငယ်ဖြင့် ၂ ချက်ပစ်ခတ်ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး၏ ထုတ်ပြန်ချက် အရ သိရသည် ။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့ဝရန်တာခုံတန်းပေါ် ၌ ထိုင်၍ စကားပြောဆိုနေသော ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကျိန်လော့နမ် (ဘ) ဦးကျင်ထန်နှင့် အိမ်နီးချင်းဖြစ်သူ မဝုန်ညင်းကျိန် (ဘ)ဦးမန်ခန့်တို့ ၂ ဦး မှာ လက်နက်ငယ် ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိ ရသည် ။

အဆိုပါ ဒဏ်ရာရရှိသူ ၂ ဦးအား ခမ်းပတ်မြို့ပြည်သူ့ဆေးရုံမှ တစ်ဆင့် ကလေးမြို့ပြည်သူ့ဆေးရုံ သို့ပို့ဆောင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်း ရရှိသည် ။

News Ambassador

Add a Comment

Your email address will not be published. Required fields are marked *