နှစ်နိုင်ငံ နယ်စပ်ကိစ္စ အလုံးစုံ တာဝန်ခံဖို့ နဲ့ ဒီထက်ပို ရှေ့မဆက်ဖို့ အိန္ဒိယ ကို တရုတ် ရာဇသံပေးပြီ

တရုတ် နဲ့ အိန္ဒိယတို့ဟာ ( ၂ ) နိုင်ငံနယ်စပ် အငြင်းပွားမှုကနေ နိုင်ငံ့စစ်တပ်နှစ်ခုကြား စစ်သားတွေ သေဆုံးဒဏ် ရာရတဲ့ အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာ နှစ်ဘက် စစ်ရေး တင်းမာမှုဖြစ်နေတာ ကို လျှော့ချပြီး ယခုထက် ပိုအခြေအနေ မဆိုးစေ ဖို့ ကနဦး သဘောတူညီမှု ရခဲ့တယ် လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား လိုက် ပါ တယ်။

နှစ်နိုင်ငံ နယ်စပ်ကိစ္စ အလုံးစုံ တာဝန်ခံဖို့ နဲ့ ဒီထက်ပို ရှေ့မဆက်ဖို့ အိန္ဒိယ ကို တရုတ် ရာဇသံပေးပြီ

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန က ထိပ်ပိုင်း သံတမန် တစ်ဦးဖြစ်သူ ယခင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ရိ နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေးရှန်ကာ တို့ဟာ ယနေ့မှာ တယ်လီဖုန်းက တစ်ဆင့် ဆက်သွယ် ၍ အလွတ်တန်း ဆွေးနွေးပြောကြားခဲ့ကြ ပါတယ် ။

နှစ်နိုင်ငံ နယ်စပ်ကိစ္စ အလုံးစုံ တာဝန်ခံဖို့ နဲ့ ဒီထက်ပို ရှေ့မဆက်ဖို့ အိန္ဒိယ ကို တရုတ် ရာဇသံပေးပြီ

တရုတ်သံတမန် ဝမ်ရိက အိန္ဒိယနိုင်ငံအနေ နဲ့ ၎င်း ရဲ့ နယ်စပ်ဒေသက ရှေ့တန်းစစ်တပ်တွေ ကို ထိန်းချုပ်ဖို့ အကြိမ်ကြိမ် ပျက်ကွက်ခဲ့တယ် လို့  ပြောကြားခဲ့ပြီး ဒီကိစ္စ အတွက် အိန္ဒိယဖက်ကနေ အလုံးစုံ တာဝန်ယူဖြေရှင်းပေး ဖို့ ပြောကြားခဲ့တယ် လို့ သိရပါတယ်။

တရုတ် နဲ့ အိန္ဒိယတို့ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ နှစ်ဘက်စစ်တပ် ထိပ်တိုက်တွေ့မှုကို တစ်ဘက်နဲ့တစ်ဘက်နဲ့ အပြန်အလှန် စွပ်စွဲနေကြပြီး ယခုအချိန်မှာတော့ ထိပ်တိုက်တွေ့နေတဲ့ နယ်စပ် တင်းမာမှုတွေကို လျှော့ချဖို့ နှစ်ဖက်လုံးက မူအားဖြင့် သဘောတူခဲ့ကြတ ယ်လို့ သိ ရ ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ကိစ္စ အလုံးစုံ တာဝန်ခံဖို့ နဲ့ ဒီထက်ပို ရှေ့မဆက်ဖို့ အိန္ဒိယ ကို တရုတ် ရာဇသံပေးပြီ

နယ်စပ် အငြင်းပွားမှုကြောင့်ဖြစ်ခဲ့တဲ့ နှစ်ဘက် စစ်တပ် ထိပ်တိုက်တွေ့မှုအတွင်း အိန္ဒိယစစ်သား အနည်းဆုံး ၂၀ ခန့်သေဆုံး ခဲ့ပြီး တရုတ် စစ်သား ၄၃ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ မှာ အပြန်အလှန် ရေးသားနေကြ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *