သူ တို့ တွေ ဘယ်လိုတွေ ဖိုက်တင်ပလေးနေလဲ ဇာတ်ရည်လည်အောင် အစုံအလင် ကြည့်နိုင် ပါပြီ ( သိုင်းလောက စဆုံး )

အောက်မှာ ဇတ်ရည် လည်အောင် လင့်တွေ စုပေးထားတယ်နော် ………

ဒါကရေဗက္ကာဝင်း တင်တဲ့ပို့ နောက်ကျော ကို ဓါးနဲ့ထိုးတာ အကြိမ်ကြိမ် အခါခါခံခဲ့ ရတယ်

သူနဲ့ကိုယ်ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်လာတော့ ကိုယ်ရှိ နေပေမယ့်ဘာမှ မထူးပဲလူပိုကြီးတစ်ယောက်လိုလုပ်နေမယ့်အစား ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ ရွေးချယ်ခဲ့တာ။ချစ်ခြင်းကပူလောင်တယ်။ဘယ်ရောက်နေလဲဘယ်သူနဲ့အတူရှိနေလဲစိုးရိမ်ပူပန်နေရတော့ ပူလောင်တယ်။မေတ္တာထားနိုင်အောင်ပဲကြိုးစားတော့တယ်…….

လတ်တလောမှာ Drama အရမ်းခင်းပြီး တလောကလုံးကို လိမ်ညာနေတဲ့ သူတစ်ယောက် အကြောင်းကို မပြောချင်လဲ ပြောရတော့မလိုဖြစ်နေပါပြီ…ကျွန်မဘယ်သူ့ကိုမှ ပုတ်ခတ်စော်ကားပြီး မပြောခဲ့မရေးခဲ့ဖူးပါဘူး… အခုက သူခိုးက လူပြန်ဟစ်နေတဲ့အနေအထားမို့ ပြောသင့်ပြောထိုက်တာကို ပြောရပါတော့မယ်ကျွန်မနဲ့အိမ်ထောင် ကွဲပြီးသားယောကျာ်းတစ်ယောက်က ကျွန်မကိုအတင်းအိမ်ကိုပြန်လိုက်ခဲ့ဖို့ခေါ်တာကြောင့် ကျွန်မရဲ့လက်ကျန်သံ‌ယောဇဉ်နဲ့

သူ့အိမ်ပြန်လိုက်သွားခဲ့ပါတယ်ကျွန်မအနေနဲ့ သူငယ်ချင်း တစ်ယောက်အပြင်ပိုတဲ့ ဆက်ဆံမှုမျိုးမရှိခဲ့ပေမယ့် သူ့ဘက်က ကျွန်မကို အိမ်ပြန်လာစေချင်တဲ့ ခေါ်ဖိတ်မှုမျိုး လုပ်ခဲ့တဲ့ messageတွေ ခုထိရှိပါတယ်နှစ်ရှည်လများချစ်သူရည်းစားအဖြစ်ဖြတ်သန်းခဲ့ပြီး အိမ်ထောင်သက်တမ်းတစ်ခုလဲရှိခဲ့တဲ့ ကျွန်မရဲ့ ပထမဦးဆုံးအိမ်ထောင်ဖက်ဖြစ်တဲ့အတွက် ကျွန်မမှာ ထောက်ညှာငဲ့ကွက်စဉ်းစားစရာတွေများလွန်းတဲ့ အတွက် မိတ်ဆွေသူငယ်ချင်းအဖြစ် ကျွန်မအရင်အမျိုးသားကိုဖေဖော်ဝါရီလမှာ ဆက်သွယ်ပြောဆိုမှုတွေလုပ်ခဲ့ပါတယ်…

သူနဲ့ကျွန်မ ၄ရက် ၅ရက်လောက် ဆက်သွယ်ပြောဆိုမှုတွေရှိနေတုန်းမှာပဲ ကျွန်မ အင်တာဗျူးမှာဖြေထားတဲ့ မလွတ်လပ်သေးတဲ့ အိမ်ထောင်သည်အမျိုးသမီးက သူ့အိမ်ပေါ်ညလုံးပေါက်တက်နေပြီး မနက်မိုးလင်းတဲ့အခါ ကျွန်မမိဘတွေကိုရော ကျွန်မသူငယ်ချင်းတွေကိုရော ကျွန်မက သူတို့ကိုနှောင့်ယှက်နေပါတယ်ဆိုပြီး ဖုန်းဆက်တိုင်တန်းအရှက်ခွဲပြီး ကျွန်မကို ပြန်ခေါ်ယူစေခဲ့ပါတယ် အဲ့ဒီညမှာ သူမသွားအိပ်လို့ ရခဲ့တဲ့ လက်ဆောင်နဲ့ ပိုက်ဆံကိုလဲ သူမ FB မှာ Valentine’s gift အနေနဲ့ အားလုံးသိအောင်တင်ထားခဲ့ပါတယ်….

အဲ့နောက်ပိုင်း ဈာန်ကြွသွားတော့မလား ထင်ရအောင် သူမ FB မှာ ခင်ပွန်းကြီးဆယ်ပါးတောင်းပန်လိုက် ဘုရားရှစ်ခိုးလိုက် ပန်းရေချမ်းသပ္ပာယ်လိုက်နဲ့ အမျိုးမျိုးဟန်ဆောင်လိမ်ညာနေပြီး ကျွန်မဝယ်ထားခဲ့တဲ့ပန်းကန်ခွက်ယောက်အသုံးအဆောင်တွေနဲ့ နေ့တိုင်း မရိုးရအောင်ပို့စ်တွေတင်တာ ကျွမ်မအိမ်ရောက်ဖူးတဲ့ ကျွန်မသူငယ်ချင်းမိတ်ဆွေအားလုံးက သိကြပါတယ်…

ကျွန်မနဲ့တရားဝင်ကွာရှင်းထားတဲ့အမျိုးသားကို ဘာမှမပြောလိုပေမယ့် တရားဝင်မကွာရှင်းရသေးတဲ့ ကျွန်မသူငယ်ချင်းဖြစ်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးက FB မှာ သူဟာ ဘယ်လိုကြံ့ခိုင်ကြောင်း ဘယ်လိုအိမ်ထောင်တစ်ခုကို ကြိုးစားဖြတ်သန်းခဲ့ကြောင်း အကောင်းဆုံးမိခင်ဖြစ်ကြောင်း အလွန်တရာချောမောလှပကြောင်းတွေ အဆက်မပြတ်တင်နေခဲ့သော်လည်း ကျွန်မနဲ့မသက်ဆိုင်တာမို့ လျစ်လျူရှူထားခဲ့ပါတယ်

တစ်ရက် Covid 19 ကာလ ဘယ်မှမသွားဖို့အစိုးရက ကြေငြာချက်ထုတ်ထားစဉ် ကျွန်မအရင်အမျိုးသားနဲ့ ဖုန်းပြောဖြစ်ပါတယ်…နောက်တစ်ခေါက် ကျွန်မအနေနဲ့ Covid ကာလ ညဘက် အိပ်မပျော်တာနဲ့ မနက် ၂နာရီလောက်မှာ ရည်ရွယ်ချက်မရှိဘဲ လက်က Video call နှိပ်မိလိုက်တဲ့အချိန်မှာတော့ ထိုအမျိုးသမီးက ကိုင်ပြီး ကျွန်မအရင်အမျိုးသားနဲ့ တစ်အိပ်ရာထဲအိပ်နေတာကို live ပြပါတယ်…

ကျွန်မအရမ်းလဲရှက် အရမ်းလဲအံ့ဩ မယုံနိုင်လောက်အောင်ဖြစ်ရလို့ ကျွန်မ FB account ကိုတောင် Deactivate လုပ်ခဲ့ပြီး ကျွန်မရဲ့ အနုပညာအလုပ်နဲ့ နာမည်ကို စွန့်လွှတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်…ကျွန်မဒီအကြောင်းတွေကို အားလုံးရဲ့မျက်နှာနဲ့ အဖက်ဖက်ကိုငှဲ့ပြီး လုံးဝမပြောပြခဲ့ပါဘူး…

သူမနဲ့ chat box မှာ စကားသွားပြောတော့လဲ အင်မတန်အံ့ဩစရာကောင်းစွာ သူမအတွက် ဒီကိစ္စက ရေးကြီးခွင်ကျယ်မဟုတ် သူမတို့က friend with benefitsဖြစ်ကြောင်းပြောပြခဲ့လို့ ကျွန်မပိုပြီး ခံစားရပါတယ်သူတို့အနေနဲ့ အခုမှ အချစ်စစ် အချစ်မှန်ကိုရှာဖွေတွေ့ရှိပြီး လူမှန်နေရာမှန်ဖြစ်သွားတယ်ဆိုရင်တောင် တစ်ဖက်က မလွတ်လပ်သေးပေမယ့် တစ်ဖက်ကလူလွတ်ဖြစ်နေပြီမို့ ယဉ်ကျေးမှုဘေးချိတ်ထားပြီးနားလည်ပေးလို့ ရကောင်းရနိုင်ပါတယ်…

သူမပြန်ပြောခဲ့တဲ့ တဏှာသီးသန့်ပတ်သတ်မှုကတော့ သူမ အသက်အရွယ် သူမအိမ်ထောင် သူမရပ်တည်မှု သူမသူငယ်ချင်းဖြစ်ခဲ့တဲ့ကျွန်မ ပြီးတော့ အားလုံးကို ဂရုမစိုက်ရင်တောင် သူမသားအတွက် ဘာမှမတွေးတော့ဘဲ ဒါမျိုးမျက်နှာပြောင်တိုက် အကျင့်စာရိတ္တပျက်ပြားရဲတာ ကျွန်မအတွက်တော့ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်လို့ပြောရမလိုကို ဩချမိပါတယ်….

သူမပတ်သတ်တဲ့ ကျွန်မနဲ့ကွာရှင်းထားတဲ့အမျိုးသားက သူမအမျိုးသားရဲ့သူငယ်ချင်းလဲဖြစ်ပြီး သူမယောက္ခမနဲ့ ကျွန်မအဖေနဲ့ကကျောင်းနေဘက်သူငယ်ချင်းလဲဖြစ်ပါတယ်…သူမယောက်ျားရဲ့ ဦးလေးကလဲ ကျွန်မအရင်အမျိုးသားရဲ့အဖေရဲ့ လုပ်ဖော်ကိုင်ဘက်ဆိုတော့ ကျွန်မသူမရဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်ကို ဘာပြောရမှန်းမသိအောင် အံ့ဩဆွံ့အခဲ့တာ လေးလရှိပါပြီ…

ခုမှ လူတွေအားလုံးလဲ သိနေပြီဖြစ်လို့ အဖြစ်မှန်ကိုပြောပြတာပါ ကျွန်မလို အလိမ်ညာခံ အလှည့်ဖြားခံရခြင်းမှ ကင်းလွတ်ကြပါစေရှင်….ကျွန်မအခုဒီလိုရေးတာလဲ ကျွန်မခံစားချက်နဲ့ အတွေ့အကြုံအစစ်အမှန်ကိုသာရေးသားခြင်း ဖြစ်ပါတယ်…မည်သူ့ကိုမှ တိုက်ခိုက်လိုစိတ်အလျင်းမရှိကြောင်းနဲ့ အားလုံးစိတ်ရှင်းအောင်ပြောပြခြင်းသာဖြစ်ကြောင်းပါ တစ်ခါတည်းပြောပြလိုက်ပါတယ်…အမျိုးသမီးတိုင်း ကျွန်မလိုအဖြစ်ဆိုးမှ ကင်းဝေးကြပါစေ ဒါကမယ်လိုဒီတင်တဲ့ပို့စ်…

စိတ်လျော့ ညီမလေးရေ Cb ကစာလေးတွေ တင်လိုက်ပါလား ရှင်းပြရတာ မောနေပါ့မယ်၊အစ်မတို့အိမ်ထောင်ရေး ဘယ်အချိန်ကစ ဘယ်အချိန် အဆုံးသတ်လဲဆိုတာ အစ်မနဲ့အစ်မ အမျိုးသားနဲ့အသိဆုံးပါဘဲဘယ်အချိန်မှာ သူငယ်ချင်းဖြစ်ခဲ့လဲ ပြောပြပါဦး တခြားသူတွေလဲရှိတယ် ပြောခဲ့တာကိုး အစ်မကပိုနာမည်ကြီးတော့ ပိုဂေါ်တာပေါ့၊ ဘာလဲ video call မှာ ဘာလုပ်နေကြလို့လဲလာနောက်မနေနဲ့ ကိုယ့်အခြေအနေကိုယ်သိပါ လူတစ်ယောက်ဆီက လိုချင်တာတွေ မရတာနဲ့တစ်ရက်ကွက်လုံးကို ရန်လိုနေတာတော့များတယ်ကွယ်သူတစ်ပါးကို အကုသိုလ် စနစ် တကျ ပေးတတ်ရင်ကိုယ့်အလှည့်ကျ အကုသိုလ် စုပေါင်းထပ်လောင်းကျမယ်ဆိုတာ သိထားပါ

ဇာတ်ရည်လည်အောင် linkတွေအကုန် စုပေးထားတယ်နော်

ဒါက Rebecca Winရဲ့ interview link

https://www.facebook.com/899431993440387/posts/3290925490957680/

ဒါက Melody link 1

https://m.facebook.com/story.php?story_fbid=3059254114163894&id=100002380077984

ဒါက Rebecca Winရဲ့ link 1

https://m.facebook.com/story.php?story_fbid=2979470775483779&id=100002626578674

ဒါက Melody ရဲ့ link 2

https://m.facebook.com/story.php?story_fbid=3059526677469971&id=100002380077984

ဒါက Melody ရဲ့ link 3

https://m.facebook.com/story.php…

Ssမမှီလိုက်တဲ့သူတွေအတွက်

https://m.facebook.com/story.php?story_fbid=2618711615062612&id=100007713974297

ဒါကနောက်ထပ် ssလေးတွေ

https://m.facebook.com/story.php?story_fbid=1126417841072827&id=100011138641675

ဒါက Just friendရဲ့ post
မောထှာဟယ်

https://m.facebook.com/story.php?story_fbid=3018138581566531&id=100001112560002

ဒါလေးက bonus ရှာပေးထားတာ

Melodyရဲ့ Valentine’s day gift post

https://m.facebook.com/story.php?story_fbid=2776612375761404&id=100002380077984

ထပ်တင်ရင် ထပ် ထည့်ပေးမယ်
အမွှေပေါ့ ….

Link များအတွက် Crd;

Add a Comment

Your email address will not be published. Required fields are marked *