ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယရဲ့ အားနဲ့ချက်ကို အခွင့်ကောင်းယူကာ အိန္ဒိယ နယ်မြေ စတုရန်းကီလိုမီတာ (၆၀)ကျော် သိမ်းပိုက်ကာ တပ်စွဲခဲ့ပြီးဖြစ်တဲ့ တရုတ်

တရုတ် People’s Liberation Army (PLA) စစ်တပ်က စစ်သည်အင်အား (၁၂၀၀၀) ကျော်နဲ့ အိန္ဒိယ – တရုတ် နယ်စပ်မျဉ်းကို ၃ ကျူးကျော် ဝင်ရောက်ပြီး မဟာဗျူဟာ အရ အရေးပါ တဲ့ အိန္ဒိယ Ladakh နယ်စပ် ( ၆၀ ) စတုရန်း ကီလိုမီတာ အထိ ဝင်ရောက် သိမ်းပိုက်၊ အခိုင်အမာ တပ်စွဲခဲ့ပြီးဖြ စ်တယ် ။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ အမေရိကန်နဲ့ အလွမ်းသင့် နီးစပ်လာခြင်းကို ၊ တရုတ်ရဲ့ ခုလို အိန္ဒိယ နယ်မြေ ကျူးကျော် သိမ်းပိုက်တဲ့ ကိစ္စက နားရွက်တံတွေးဆွတ်သလိုမျိုး ဖြစ်နေပါတယ်။

ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယရဲ့ အားနဲ့ချက်ကို အခွင်းကောင်းယူကာ အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ(၆၀)ကျော် သိမ်းပိုက်ပြီးဖြစ်နေတဲ့ တရုတ်

တရုတ်အစိုးရ အနေ နဲ့ အိမ်နီးခြင်းနိုင်ငံ လည်းဖြစ် ၊ မဟာဗျူဟာအရ ပြိုင်ဘက် လည်းဖြစ် လာမယ့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်မိုဒီ ရဲ့ အမေရိကန်ဘက် ကို လုံးလုံးချည်း ယိမ်းသွားတဲ့ ပေါ်လစီ ကို မနှစ်မြို့ဘဲ စိတ်ပျက်နေတယ် လို့ Fudan တက္ကသို လ်က တရုတ် နိုင်ငံခြားရေး ပေါ်လစီရေးရာ ကျွမ်းကျင်သူ Lin Minwong က ဆိုတယ်။

တရုတ်စစ်တပ်က ခုလို ဝင်ရောက်ပြီး တပ်စွဲလိုက်ခြင်း နဲ့ တောင်တရုတ် ပင်လယ် မှာ စစ်အင်အား တိုးမြှင့် စစ်စခန်း တည်ဆောက်နေခြင်း တို့က ၊ တရုတ်သမ္မတ ရှီ ရဲ့ စစ်အင်အား တိုးချဲ့ရေးမူဝါဒ military expansionism ကိုမီးမောင်းထိုးပြနေတယ် လို့ ဆိုတယ် ။

အိန္ဒိယနယ်စပ် Pangong Tso ဘက် ကို ၄၀ စတုရန်း ကီလိုမီတာကျော် ၊ Galwan River valley ဒေသဘက် ကို စတုရန်း ကီလိုမီတာ ၂၀ ကျော်လောက်ကို တရုတ်စစ်တပ်က ဝင်ရောက် သိမ်းပိုက် တပ်စွဲခဲ့ပြီး ဖြစ် တယ် ။

ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယ ရဲ့ အားနဲ့ချက် ကို အခွင်းကောင်းယူကာ အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ(၆၀)ကျော် သိမ်းပိုက်ပြီးဖြစ်နေ တဲ့ တရုတ်

ခုလို PLA တရုတ်စစ်တပ် ဝင်ရောက် တပ်စွဲနိုင်ခဲ့ တာဟာ အိန္ဒိယ နယ်ခြားစောင့်တပ် အင်အားနည်း ပါးခြင်းနဲ့ အိန္ဒိယ ထောက်လှမ်းရေးတွေ ရဲ့ သတင်းရယူမှု အားနည်းခြင်းကြောင့် လို့ဆိုတယ်။

ဒီနှစ်မှာ တရုတ်စစ်တပ်ရဲ့  အင်အားသုံး နယ်မြေချဲ့ထွင်လာမှုနဲ့ စစ်အင်အားသုံးလာမှု အမြင့်ဆုံးအနေအထားကို ရောက်လာနေပြီ ဖြစ် တယ်။

အိန္ဒိယမှာ Covid-19 ဗိုင်းရပ်စ် ကပ်ရောဂါ ပြန့်ပွားမှုဖြစ်နေတဲ့ pandemic ကာလလည်းဖြစ် ၊ စီးပွားရေးတွေလည်း ကျဆင်းနေတဲ့ အချိန်မှာ၊ အေးအေးဆေးဆေး နေနေကြတဲ့ အိန္ဒိယ နယ်ခြားစောင့်တပ် ရဲ့ အနေအထား ကို အခွင့်ကောင်းယူကာ မေလ 5 ရက်နဲ့ 6 ရက်နေ့တို့ မှာ နေရာ 4 နေရာ ကနေ တရုတ်စစ်တပ်က ဝင်ရောက်သိမ်းပိုက်ပြီး အခိုင်အမာ တပ်စွဲခဲ့တာဖြစ် တယ် ။

ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယရဲ့ အားနဲ့ချက်ကို အခွင်းကောင်းယူကာ အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ(၆၀)ကျော် သိမ်းပိုက်ပြီးဖြစ်နေတဲ့ တရုတ်

တရုတ်PLA စစ်တပ်က သိမ်းပိုက်တပ်စွဲထားတဲ့ နေရာတွေဟာ တရုတ်အစိုးရ ရဲ့ မဟာဗျူဟာကျတဲ့ ဟိုင်းဝေးလမ်းမကြီး ဖြစ်တဲ့ တိဘက် နဲ့ Xinjiang ကို ချိတ်ဆက်ဘို့ အရေးပါတယ်လို့ဆိုတယ်။

တရုတ်သိမ်းပိုက်ထားတဲ့ Galwan တောင်ကြားလမ်းက အိန္ဒိယအတွက်လည်း စစ်ရေးအရ ဗျူဟာကျ အရေးပါတဲ့နေရာဖြစ်တယ်။

ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယရဲ့ အားနဲ့ချက်ကို အခွင်းကောင်းယူကာ အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ(၆၀)ကျော် သိမ်းပိုက်ပြီးဖြစ်နေတဲ့ တရုတ်

နှစ်ဖက် စစ်တပ်တွေ စစ်လက်နက်မသုံးဘဲ အပြန်အလှန် ထိုးကြိတ်သတ်ပုတ်တာ ၊ကျောက်ခဲ၊တုတ်ချောင်းတွေနဲ့ပစ်တာ တွေကြောင့် အိန္ဒိယ စစ်တပ်အရာရှိ အပါအဝင် စစ်သည် 20 သေဆုံးခဲ့ရပြီး တရုတ်ဘက်က 43 ဦး သေဆုံး (သို့) ဒဏ်ရာရ မယ်လို့ အိန္ဒိယဘက်က ခန့်မှန်းတယ်။

အိန္ဒိယစစ်သား 20 သေဆုံးတာနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေး ကြီးထွားလာနေပြီးအိန္ဒိယမှာလုပ်မယ့် တရုတ်ရဲ့ပရောဂျက် စီမံကိန်းတွေ ဖျက်သိမ်းသွားဘို့နဲ့ တရုတ် သွင်းကုန်တွေ လျော့ချဖြတ်တောက်ဘို့ တောင်းဆိုနေကြပါတယ်။

ကိုဗစ်ကြောင့် အထိနာနေတဲ့အိန္ဒိယရဲ့ အားနဲ့ချက်ကို အခွင်းကောင်းယူကာ အိန္ဒိယနယ်မြေ စတုရန်း ကီလိုမီတာ(၆၀)ကျော် သိမ်းပိုက်ပြီးဖြစ်နေတဲ့ တရုတ်

မိုဘိုင်းဖုန်း Oppo နဲ့ Xiami တရုတ် ဖုန်းကုမ္ပဏီနှစ်ခုက အိန္ဒိယဈေးကွက်ရဲ့ တစ်ဝက်ကို ရယူထားပြီးဖြစ်တယ်။ တရုတ်ကုမ္ပဏီတွေ အိန္ဒိယနည်းပညာ ကဏ္ဍမှာ ဒေါ်လာ 5.77 ဘီလျံ နီးပါး လွန်ခဲ့တဲ့ 5 နှစ်လောက်ထဲက ရင်းနှီးမြှပ်နှံထားကြတာဖြစ်တယ်။

အိန္ဒိယနဲ့ ကုန်သွယ်ရေးမှာ တရုတ်ဘက်က ဒေါ်လာ 53 ဘီလျံ လောက်အထိ trade surplus ကုန်သွယ်ရေး ပိုငွေပြနေပါတယ်။

လောလောဆယ်တော့ အိန္ဒိယအစိုးရက တရုတ် PLA စစ်တပ် သိမ်းပိုက်ထားတဲ့ နယ်မြေတွေ ပြန်ပေးဘို့ သံတမန်နည်းလမ်းနဲ့ ဆွေးနွေး ညှိနှိုင်းနေဆဲ ဖြစ်တယ်။

ref india news
Thein Soe Win

Add a Comment

Your email address will not be published. Required fields are marked *