ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

က လေးမြို့ အင်ဒိုင်းကုန်း ရပ်ကွက် ( ယခင် မြို့လှကျေးရွာ )တွင် လေဖြတ်နေတဲ့ ( ၉၁) နှစ်အရွယ် အမျိုးသမီးဟာ အဓမ္မပြုကျင့်ခံ ရပြီး ( ၅ ) နာရီအကြာ တွင် ကလေးမြို့ ပြည်သူ့ဆေးရုံ ၌ သေဆုံးသွားတယ်လို့ သတင်း ရရှိ ပါ တယ် ။

အဓမ္မပြုကျင့်သူ ဟာ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာနေထိုင်တဲ့ ဇော်မင်းထွန်း (၄၅ နှစ်) ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ဇွန်လ (၁၉) ရက် ညနေ ၆ နာရီ မိနစ် ၂၀ ခန့်တွင် (၅) နှစ်ကြာ လေဖြတ် လို့ အိပ်နေတဲ့ ဒေါ်…. (၉၁နှစ်) ဟာ နေအိမ် အတွင်း အိပ်နေစဉ် ဇော်မင်းထွန်း က လာရောက် အဓမ္မပြုကျင့် ခဲ့ပါတယ် ။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

ယင်းဒဏ်ရာကြောင့် ညတွင်းချင်း ကလေးမြို့ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပြီး ယင်းည (၁၁) နာရီတွင် သေဆုံးသွားတယ် လို့ သိရပါတယ် ။ ယင်းအမှုကို သွားရောက်ကူညီ ခဲ့တဲ့ ဒိန်းဒီ အမျိုးသမီးရေးရာအဖွဲ့ က တာဝန်ရှိသူ ဒေါ်မာလ်စောမ်မီးက “ ဆရာဝန်ကတော့ အတွင်းကြေသွား တယ်လို့ ပြောတယ်။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

ပြီးတော့ ခန္ဓာကိုယ် မှာ ညိုမဲရောင်ဖြစ်လာတာက သူ့နှလုံး ကိုလည်း ထိတယ်လို့ပြောတယ် ။ သူက ခြေထောက်ကွေး လို့ မရတဲ့ဟာကို ကားခိုင်းတော့ ဆီခုံ တွေလည်း သွားထိတယ် လို့ပြောတယ်။ ” လို့ပြောပါတယ်။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

လက်ရှိတွင် အမေအို ရဲ့အလောင်းဟာ ပြည်သူ့ဆေးရုံရင်ခွဲရုံ တွင် စစ်ဆေးနေဆဲဖြစ် ပါတယ် ။ အလောင်း ကို ဒီနေ့ညတွင် သဂြိုလ်မယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဒေါ်မာလ်စောမ်မီး က “ အဓမ္မပြုကျင့်ခံရတဲ့ အဘွား ကို အခု ဆေးရုံကို ပို့လိုက်တယ် ။ ကြောက်လွန်းလို့ထင်တယ် သူ့အသားတွေ တုန်နေ တယ်။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

တစ်ကိုယ်လုံးလည်း ညိုမဲနေတယ် ။ သူက စကားပြောနိုင်ပေမယ့် နားမကြားတော့ဘူး ။ အဲ့ဒီ အမျိုးသားက ဘယ်လို ရောက်လာတာလဲ မသိကြဘူး ။ အဘွားရဲ့ အမျိုးတစ်ယောက်က မီးဖိုချောင် မှာ ထမင်းချက်နေတုန်း အဘွားကလန့် လို့ အော်တဲ့အသံကြား လို့ အိမ်ထဲကိုသွားကြည့်တဲ့ချိန် မှာ အဲ့ဒီ အမျိုးသားက အနှီးလဲပေးနေတယ်လို့ ထင်တာ။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

ဒုတိယအကြိမ် အမေအိုက ထပ်အော်တော့ ထမင်းချက်တဲ့သူက ချင်းလို အနှီးလဲပေးတာလာလို့မေးတာ ကို သူက ဗမာလိုပြန်ပြောတော့ လန့်လို့အော်တော့ အိမ်နီးနားတွေ ရောက်လာပြီး ဖမ်းကြတယ် ။ သူ့ကို ရဲတွေက စစ်ဆေးတော့ ချောက်မြို့ကနေ လာတာလို့ပြော ပါတယ် ” လို့ဆိုပါတယ်။

ကလေးမြို့တွင် လေဖြတ်နေသော အသက်(၉၁) နှစ် အရွယ် အမျိုးသမီးကြီး အဓမ္မပြုကျင့်ခံရပြီး ( ၅ ) နာရီ အကြာတွင် သေဆုံးခဲ့

ကလေးမြို့မရဲစခန်း မှတ်တမ်း မှာတော့ မိခင်ဖြစ်သူအား သားမယား အဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့ရာမအောင်မြင်၍ အမျိုးသမီးအင်္ဂါအား လက်ဖြင့် ထိုးခဲ့ကြောင်းလို့ ရေးသားထား ပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *