နေ့စဉ်မိုးလေဝသသတင်း ဇွန် ( ၂၀ ) ရက် ညနေ ( ၄း၀၀ ) အချိန် မိုးဇလ ထိုင်းထွာချက်

နေ့စဉ် မိုးလေဝသ သတင်း ( ၂၀၂၀ ပြည့်နှစ် ၊ ဇွန်လ ( ၂၀ ) ရက်နေ့ ညနေ ( ၄:၀၀ )နာရီ အချိန် ထုတ်ပြန်ချက် )

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တို့တွင် မုတ်သုံလေ အားအနည်းငယ် မှ အား အသင့်အတင့် ရှိနေ ပါသည်။

မိုးဇလ

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးတို့ တွင် နေရာကွက်ကျား ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့ တွင် နေရာကျဲကျဲ ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ ရခိုင်ပြည်နယ် တွင် နေရာကွက် ၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ် ပါ သ ည် ။

မြန်မာ့ပင်လယ်ပြင် ။ လှိုင်းအသင့် အတင့် ရှိမည် ။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

မိုးဇလ

နောက်(၂)ရက် အတွက်ခန့်မှန်းချက်။ ကမ်းရိုးတန်းဒေသများတွင် မိုးလျော့နည်းနေမည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီး တစ်ဝိုက် အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါ သည်။

မိုးဇလ

Add a Comment

Your email address will not be published. Required fields are marked *