သင်္ဃန်းကျွန်း မလိခ အိမ်​ရာနောက်ဖေး လမ်းကြားတွင် ဘူးခွံပလုံး​ကောက်သည့် လူငယ်လေး ​တစ်ဦး ​ဓာတ်​လိုက်ကာ​​ သေဆုံး

ရန်ကုန် ​မြို့၊ သင်္ဃန်းကျွန်း မြို့နယ် ​၊ဘဝမြင့်ရပ်ကွက် ​၊ မလိခအိမ်ရာအတွင်းရှိ ​နောက် ​ဖေးလမ်းကြား၌ ဘူးခွံပလုံ ​ကောက်သည့််​ လူငယ်(၁)​ဦး ဓာတ်​လိုက်​သေဆုံးမှု ဖြစ်ပွားခဲ့​ ကြောင်း မိတ်​​ဆွေကောင်း နာ​ရေး ကူညီမှုအသင်းမှသိရ သည် ​။

သင်္ဃန်းကျွန်း မလိခ အိမ်​ရာနောက်ဖေး လမ်းကြားတွင် ဘူးခွံပလုံး​ကောက်သည့် လူငယ်လေး ​တစ်ဦး ​ဓာတ်​လိုက်ကာ​​ သေဆုံး

ဖြစ်စဉ်မှာ ယ​နေ့ (ဇွန်​ ၂၀ ရက် ​) နံနက်​(၉)နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်​၊ ဘဝမြင့် ရပ် ကွက် ​၊ မလိခအိမ်ရာအတွင်းရှိ နောက်​​ဖေး​လမ်းကြား၌ အသက်​ (၂၈) နှစ် ခန့်​အရွယ်​ အမျိုးသားတစ်​ဦးလဲကျသေဆုံး​နေ​ကြောင်း ပတ်​ဝန်းကျင်​က ​တွေ့ရှိ၍သက်​ဆိုင်​ရာ အုပ်​ချုပ်​​ရေးအဖွဲ့များထံအသိ​ပေးအ​ကြောင်းခဲ့​ကြောင်း မိတ်​​ဆွေ​ကောင်းနာ​ရေးကူညီမှု အသင်း မှ ဦးလှစန်းက စံ​တော်​ချိန်​သို့ ​ပြောသည်​ ။

သင်္ဃန်းကျွန်း မလိခ အိမ်​ရာနောက်ဖေး လမ်းကြားတွင် ဘူးခွံပလုံး​ကောက်သည့် လူငယ်လေး ​တစ်ဦး ​ဓာတ်​လိုက်ကာ​​ သေဆုံး

” မနက်​ ၉ နာရီ​လောက်မှာ ပတ်​ဝန်းကျင်​က ​နောက်​​ဘေးလမ်း ကြားမှာ ပက်လက်လှန်ပုံစံနဲ့ ​သေဆုံး​နေတဲ့အ​နေအထားကို ​တွေ့တဲ့အတွက် သတင်း​ပေးလာတာပါ ။ဖြစ်တာက​တော့ ​ရေစက်​​တွေရှိ တဲ့ နောက်​​ဖေးလမ်းကြားမှာ ပါ “ဟု ဦးလှစန်းက ​ပြောသည် ​။ ​သေဆုံး သူ၏ ဘယ်​​ဘက်​ ​ခြေဖမိုး၌ ​လောင်​ကျွမ်းဒဏ်​ရာဖြင့်​ ​သေဆုံး​နေသည်​ကို ​တွေ့ရ​ကြောင်း ၄င်းက​ပြောသည် ​။

သင်္ဃန်းကျွန်း မလိခ အိမ်​ရာနောက်ဖေး လမ်းကြားတွင် ဘူးခွံပလုံး​ကောက်သည့် လူငယ်လေး ​တစ်ဦး ​ဓာတ်​လိုက်ကာ​​ သေဆုံး

” သူ က ဓာတ်လိုက်ပြီး​သေဆုံး တာပါ။ ​နောက်​ဘေး လမ်းကြား မှာ အဝီစိ ​လေမှုတ်စက်​ ​မောင်းထားတဲ့ အချိန် မှာ သူက ​ကျော်​ပြီးနင်းတော့ သွယ်​တန်း ထားတဲ့ သံပိုက်နဲ့ ထိပြီး ​ဘယ်​​ဘက်​​ခြေခုံ​​ပေါ်မှာ ​လောင်​သွားတဲ့ ပုံပါပဲ​။ သူ့စီမှာ ပလုံ​ကောက်​တဲ့ အိပ်​တစ်​လုံးလည်း ပါလာတယ် ​။ ပြီး​တော့ ဓာတ်​မီးတစ်လုံးပါတယ် ​”ဟု ကူညီ​ဆောင်​ရွက်​ခဲ့သူ ဦးလှစန်းက ​ပြောသည်​ ။သေဆုံးသူ ၏ ရုပ်​အ​လောင်း အား သင်္ဃန်းကျွန်း၊ စံပြ​ဆေးရုံ ကြီးသို့ မိတ်​​ဆွေ​ကောင်း နာ​ရေးကူညီမှု အသင်း မှ ကူညီ​ပို့​ဆောင် ပေးခဲ့​ ကြောင်းသိရသည် ​။

crd:The standard Time

Add a Comment

Your email address will not be published. Required fields are marked *