တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေ နဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

ပါကစ္စတန် နဲ့ အိန္ဒိယနပ်စ ပ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတယ် လို့ သတင်းတွေရ သိရပါတယ် ။ အိန္ဒိယတပ်တွေ ကို ပါကစ္စတန်က နယ်စပ်စည်းမျဉ်းတွေ ကို ချိုးဖောက်ပြီး အလစ်အငိုက် ဝင်တိုက်ခဲ့တာ လို့ ဆိုပါတယ် ။ အခင်းဖြစ်ရာနေရာကတော့ Nowshera-Rajouri ထိန်းချုပ်နယ်မြေ လို့ သိရ ပါတယ် ။

တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေနဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

ဒီတိုက်ခိုက်မှုဟာ ဇွန်လ (၁၉ ) ရက် ဒေသစံတော်ချိန် (၁၀ ; ၄၅)အချိန် မှာ တိုက်ပွဲငယ်သဘောမျိုး ဖြစ်ခဲ့တာပါ ။ ပါကစ္စတန်တပ်တွေ က အိန္ဒိယဘက်ခြမ်းကို မော်တာတွေ နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ၊ အိန္ဒိယဘက်ကလည်း အမြန်ပြန်လည် တုန့်ပြန် တိုက်ခိုက်ခဲ့လို့ ပါကစ္စတန်တပ်တွေ ဝေးရာကို ထွက်ပြေးသွား တယ်လို့ အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ ပါတယ်။

တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေနဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Devender Anand ကို သတင်းမီဒီယာတွေက ဆက်သွယ်မေးမြန်း ခဲ့ရာ ဗိုလ်းမှူးကြီး Anand က ” ဒီနေ့ ( ဇွန်လ(၁၉)ရက် ) က ပါကစ္စတန်ဘက်က ချောင်းမြောင်း ပစ်ခတ်တာမျိုး ရှိခဲ့ ပါတယ် … လက်နတ်ငယ်တွေ သုံးပြီး ပစ်တယ် .. နောက် မော်တာတွေ နဲ့ ပစ်တယ် … Rajouri မြို့အနီးက

တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေနဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

Nowshera အပိုင်း ထိန်းချုပ်နယ်မြေ မှာ ဖြစ်ခဲ့တာပါ … “လို့ ဖြေကြားခဲ့ ပါတယ် ။ ပါကစ္စတန်ဘက် ကတော့ တရုတ် နဲ့ ပဋိပက္ခတွေ ဖြေရှင်းနေချိန် အချိန်ကိုက် ထပြီးတိုက်ခိုက်တာ မို့ တရုတ်ရဲ့စနက် ပါလိမ့်မယ် လို့ နယူးဒေလီက ဝါရင့်ဂျာနယ်လစ် Aditya Raj Kaul က သူ့အမြင်ကို ပြော ပါတယ် ။ ဒီမတိုင်ခင် တရုတ်ရဲ့စနက်လို့ ယူဆရတဲ့ တိုက်ခိုက်မှုမျိုး

တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေနဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

ကက်ရှ်မီးယားနယ်စပ် မှာ ပါကစ္စတန်က ပြုလုပ်ခဲ့ပြီး ၊ သိပ်မကြာမီမှာ တရုတ် ရဲ့လက်ချက် နဲ့ အိန္ဒိယတပ်မတော်သား (၂၀)ကျော် ကျဆုံးခဲ့ရပါတယ် ။ ဒီတိုက်ခိုက်မှုမှာ တရုတ်က အိန္ဒိယတပ်တွေ နယ်ကျော်လာလို့ဖြစ်ကြောင်း စွပ်စွဲခဲ့ပေမယ့်၊ အိန္ဒိယကလည်း အပြန်အလှန် စွပ်စွဲခဲ့ ပါတယ် ။

တရုတ်နယ်စပ် ပဋိပက္ခ ၊ ကိုဗစ် အရေးတွေနဲ့ ဗျာများနေချိန် အိန္ဒိယနယ်စပ်ကို ပါကစ္စတန် အလစ်ဝင်တိုက်ပြီ

လေးစားမှုဖြင့် ခရစ်ဒက် -လင်းသုတ

Add a Comment

Your email address will not be published. Required fields are marked *