တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

တရုတ်နဲ့ နယ်စပ်ပြဿနာတွေ မအေးသေးတဲ့ အိန္ဒိယ အဖို့ ဇွန်လ ( ၂၀ ) ရက်နေ့ မှာ တင်းမာမှုတွေ ထပ်ဖြစ်ခဲ့ပြန် ပါတယ် ။

တရုတ် ဘက်က ဂယ်ဝန်တောင်ကြောရဲ့ နယ်စပ်တစ်နေရာ မှာ ဘူဒိုဇာတွေနဲ့ထိုးပြီး တောင်ဖြိုတာတွေ၊ နေရာချဲ့ထွင်တာတွေ လုပ်နေလို့ အိန္ဒိယဘက်က တိုက်ခိုက်ရေး ဖိုက်တာတွေဟာ နယ်စပ် မှာ ပျံဝဲပြီး စောင့်ကြည့်ခဲ့ရပါတယ် ။ အခု တရုတ် ဘက်ခြမ်းက တောင်ဖြိုခြင်းလုပ်ငန်းတွေ ပြုလုပ်တဲ့ နေရာဟာ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ နေရာနဲ့လည်း တစ်မိုင်လောက် သာ လှမ်းပါတယ် ။ တရုတ်ဘက်ခြမ်း က ဘူဒိုဇာ အနည်းဆုံး ( ၆ ) စီးလောက် နဲ့ လုပ်ငန်းခွင် ဝင်ရောက်နေ တာ ပါ ။ ဒီလို လုပ်ခြင်းဟာ တစ်ဖက်နိုင်ငံ ကို အနှောက်အယှက် ပြုချင်တဲ့သဘောသက်သက် လို့ ယူဆ ရပါတယ်။

တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

တရုတ်နဲ့ အိန္ဒိယဟာ မကြာသေးခင်က မှ တပ်သား( ၅၀၀ )လောက် ပါဝင် ပတ်သက်တဲ့ အချင်းချင်း ရိုက်နှက် တိုက်ခိုက်မှုတွေ ကို အချိန်(၈)နာရီကျော်ကြာ ပြုလုပ်ခဲ့ကြပြီး။ နယ်စပ်စစ်မီးဟာ ချက်ချင်းဆိုသလို ထတောက်နိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၁၉)ရက်မှာပဲ ပါကစ္စတန်က ကက်ရှ်မီးယားကအိန္ဒိယနယ်ခြားစောင့် စစ်သားတွေကို ချောင်းမြောင်းတိုက်ခိုက်တာမျိုး အချိန်ကိုက် ပြုလုပ်ခဲ့ပြန်ပါတယ်။

တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

အခုအရေးမှာ တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်ဆံရေး ရုတ်တရက်တင်းမာမှုကလည်း အချိန်ကိုက်ဖြစ်နေတာကြောင့် စစ်ရေးကျွမ်းကျင်သူတွေက တရုတ်ရဲ့စနက်တွေလို့ ယူဆနေကြတာပါ။ မကြာသေးခင် ကလည်း ဗီယက်နမ် နဲ့ ရေပိုင်နက်အငြင်းပွားနေ တဲ့ တောင်တရုတ် ပင်လယ်အတွင်း မှာ ဗီယက်နမ် ငါးဖမ်းစက်လှေ ကို ပစ်ခတ်နှစ်မြုပ်ခဲ့တယ် လို့ သိရ ပါတယ်။

တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

ဒီလို အရေးတွေ ရင်ဆိုင်နေရချိန်မှာ တရုတ် ရဲ့ မိတ်ဘက်နိုင်ငံဖြစ်တဲ့ အီရန်က မကြာမီ မှာ နယူကလီးယား ပိုင်ဆိုင်တော့မှာ လို့ နယူကလီးယားစောင့်ကြည့်သူတွေ အဖွဲ့က ဆိုပါတယ်။ တချို့သတင်းတွေမှာတော့ အီရန်က တရားဝင်ကြေညာခြင်း မရှိသေးပေမယ့် နယူကလီးယား ပိုင်ဆိုင်သွားပြီလို့တောင် ဆိုပါ တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်-ယူကေ ပြည်တွင်းအရေး မငြိမ်မသတ် ဖြစ်နေချိန်မှာ တရုတ်ရဲ့ ပါဝါလက်တံဖြန့်မှုဟာ ကြောက်ဖို့ ကောင်းလာခဲ့တယ် ဆိုရမှာပါ ။

တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

တရုတ်နိုင်ငံနဲ့ အိန္ဒိယ တို့ဟာ နယ်စပ်ပြဿနာအရေး မှာ ညှိနှိုင်းနေဆဲ အခြေအနေမှာ ဂယ်ဝန်တောင်ကြောမှာ ဘူဒိုဇာတွေ နဲ့ တောဖျက်တောင်ဖြိုတာတွေ ထပ်မံပြုလုပ်လိုက်တာ ဖြစ်ချင်းကြောင့် အိန္ဒိယဘက် ကလည်း အလွန်စိတ်ဆိုးနေပြီး၊ နယ်စပ် ကို ဖိုက်တာဂျက်တွေ ဆက်ပြီးပို့ထား တယ်လို့ သိရ ပါတယ်။ အခုလုပ်ငန်း ဆောင်ရွက်နေတဲ့ နေရာဟာ နှစ်နိုင်ငံ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့-Line of Actual Control (LAC) နေရာဖြစ်ချင်းကြောင့် အနီးမှာ စစ်စခန်းတွေ ကိုယ်စီတည်ဆောက်ထားကြ ပါ တယ် ။

တရုတ်-အိန္ဒိယ အငြင်းပွားနယ်စပ် တောင်ကြားကို တရုတ်က ဘူဒိုဇာတွေနဲ့ ထိုးပြီး ဖြိုနေလို့ အိန္ဒိယ နဲ့ တင်းမာမှု ထပ်ဖြစ်

အိန္ဒိယလေတပ်မှ တပ်မှူးကြီး ဖြစ်တဲ့ Rakesh Kumar Singh Bhadauria က မိမိ တို့ တိုက်ခိုက်ရေး လေယာဉ်တွေ ကင်းလှည့်နေပြီ ဆိုတာ မှန်ကြောင်း၊ တကယ်လို့ တစ်ဖက်က လွန်လွန် ကျူးကျူးဖြစ်လာရင်တော့ စစ်ကလွဲပြီး ဘာ မှ မရှိတော့ဘူးလို့ ဆိုပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *