လစ္ဗ်ား ကုိ ဝင္ရွင္း ဖုိ႔ အီဂ်စ္စစ္တပ္ အသင့္ျပင္ ၊ တူရကီ နဲ႔ အီဂ်စ္တပ္မ်ား ထိပ္တုိက္ ေတြ႕ႏုိင္

တူရကီက လစ္ဗ်ား ကုိ ဝင္တုိက္ခဲ့တဲ့ အတြက္ ေဒသတြင္း အေျခအေန တင္းမာေနစဥ္ မွာ ႏိုင္ငံတြင္းျဖစ္ေစ၊ ႏိုင္ငံျပင္ပျဖစ္ေစ စစ္ဆင္ေရး ဆင္ႏႊဲဖို႔ အီဂ်စ္သမၼတ အဘ္ဒယ္ဖာတာ အယ္လ္စီစီက စစ္တပ္ ကို အသင့္ျပင္ထား ဖို႔ အမိန႔္ေပး လိုက္ ပါ တယ္ ။

လစ္ဗ်ား အေရွ႕ပိုင္း မွာ အေျခစိုက္ တဲ့ ဗိုလ္ခ်ဳပ္ႀကီး ခါလီဖာဟဲ့ဖ္တာ ကို သစၥာခံတဲ့ LNA စစ္တပ္နဲ႔ ရင္ဆိုင္ေန တဲ့ လက္ရွိ လစ္ဗ်ားရဲ႕ ႏိုင္ငံတကာ အသိအမွတ္ျပဳအစိုးရ GNA ကို သစၥာခံတဲ့ စစ္တပ္ က မေက်ာ္ဖို႔ ကိုလည္း သူက သတိေပး ပါတယ္ ။

GNAနဲ႔ LNA အစိုးရ ၂ ခု၊ စစ္တပ္ ၂ ခု ရွိေန တဲ့ လစ္ဗ်ားမွာ ၁၄ လၾကာ တိုက္ပြဲအတြင္း LNA ကို သစၥာခံတဲ့ တပ္ ကို ႐ုရွား၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE နဲ႔ အီဂ်စ္တို႔က ေက်ာေထာက္ေနာက္ခံေပးထား ပါတယ္ ။

လစ္ဗ်ား ကုိ ဝင္ရွင္း ဖုိ႔ အီဂ်စ္စစ္တပ္ အသင့္ျပင္ ၊ တူရကီ နဲ႔ အီဂ်စ္တပ္မ်ား ထိပ္တုိက္ ေတြ႕ႏုိင္

သမၼတ စီစီဟာ ဇြန္ ၂၀ ရက္ေန႔ က လစ္ဗ်ား နဲ႔ နယ္စပ္နားက ေလတပ္အေျခစိုက္စခန္း ကို သြားေရာက္ လည္ပတ္ၿပီး တိုက္ေလယာဥ္ေတြ နဲ႔ ရဟတ္ယာဥ္ေတြ ပ်ံတက္တာနဲ႔ ရာခ်ီတဲ့ တင့္ကားေတြ သံခ်ပ္ကာကားေတြ ကိုလည္း ၾကည့္ရႈစစ္ေဆး ခဲ့ ပါတယ္ ။ “အီဂ်စ္ဟာ လစ္ဗ်ားမွာ ဝင္မစြက္ဖက္ခ်င္ဘူး။ ႏိုင္ငံေရးအရ အေျဖရွာဖို႔ပဲ လိုလားတယ္။ ဒါေပမဲ့ အေျခအေနက အခု မတူေတာ့ဘူး ။” လုိ႔ အီဂ်စ္ သမၼတက ေျပာၾကားခဲ့ ပါတယ္ ။

လစ္ဗ်ားမွာ အပစ္အခတ္ရပ္စဲဖို႔ အီဂ်စ္က ဒီလ အေစာပိုင္း မွာ ေဆာ္ၾသခဲ့ ပါတယ္ ၊ လစ္ဗ်ား အတြက္ ေ႐ြးေကာက္ခံ ဦးေဆာင္ေရးေကာင္စီ တရပ္ထားဖို႔ အဆိုျပဳထားတဲ့ စဦး ေဆာင္႐ြက္ခ်က္ အစိတ္ အပိုင္းလည္း ျဖစ္ ပါတယ္။

လစ္ဗ်ား ကုိ ဝင္ရွင္း ဖုိ႔ အီဂ်စ္စစ္တပ္ အသင့္ျပင္ ၊ တူရကီ နဲ႔ အီဂ်စ္တပ္မ်ား ထိပ္တုိက္ ေတြ႕ႏုိင္

အေမရိကန္၊ ႐ုရွား နဲ႔ UAE တို႔က ဒီစီမံကိန္း ကို ႀကိဳဆိုေပမယ့္ တူရကီကေတာ့ စစ္ေျမျပင္ေတြ မွာ ရႈံး ခဲ့တဲ့ ဟဲ့ဖ္တာ ကို ကယ္ဖို႔ ႀကိဳးစားတဲ့အေန နဲ႔ ဒီစီမံကိန္းကို ပယ္ခ်ခဲ့ ပါတယ္။

Unicode

တူရကီက လစ်ဗျား ကို ဝင်တိုက်ခဲ့တဲ့ အတွက် ဒေသတွင်း အခြေအနေ တင်းမာနေစဉ် မှာ နိုင်ငံတွင်းဖြစ်စေ၊ နိုင်ငံပြင်ပဖြစ်စေ စစ်ဆင်ရေး ဆင်နွှဲဖို့ အီဂျစ်သမ္မတ အဘ်ဒယ်ဖာတာ အယ်လ်စီစီက စစ်တပ် ကို အသင့်ပြင်ထား ဖို့ အမိန့်ပေး လိုက် ပါ တယ် ။

လစ်ဗျား အရှေ့ပိုင်း မှာ အခြေစိုက် တဲ့ ဗိုလ်ချုပ်ကြီး ခါလီဖာဟဲ့ဖ်တာ ကို သစ္စာခံတဲ့ LNA စစ်တပ်နဲ့ ရင်ဆိုင်နေ တဲ့ လက်ရှိ လစ်ဗျားရဲ့ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရ GNA ကို သစ္စာခံတဲ့ စစ်တပ် က မကျော်ဖို့ ကိုလည်း သူက သတိပေး ပါတယ် ။

GNAနဲ့ LNA အစိုးရ ၂ ခု၊ စစ်တပ် ၂ ခု ရှိနေ တဲ့ လစ်ဗျားမှာ ၁၄ လကြာ တိုက်ပွဲအတွင်း LNA ကို သစ္စာခံတဲ့ တပ် ကို ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့ အီဂျစ်တို့က ကျောထောက်နောက်ခံပေးထား ပါတယ် ။

သမ္မတ စီစီဟာ ဇွန် ၂၀ ရက်နေ့ က လစ်ဗျား နဲ့ နယ်စပ်နားက လေတပ်အခြေစိုက်စခန်း ကို သွားရောက် လည်ပတ်ပြီး တိုက်လေယာဉ်တွေ နဲ့ ရဟတ်ယာဉ်တွေ ပျံတက်တာနဲ့ ရာချီတဲ့ တင့်ကားတွေ သံချပ်ကာကားတွေ ကိုလည်း ကြည့်ရှုစစ်ဆေး ခဲ့ ပါတယ် ။ “အီဂျစ်ဟာ လစ်ဗျားမှာ ဝင်မစွက်ဖက်ချင်ဘူး။ နိုင်ငံရေးအရ အဖြေရှာဖို့ပဲ လိုလားတယ်။ ဒါပေမဲ့ အခြေအနေက အခု မတူတော့ဘူး ။” လို့ အီဂျစ် သမ္မတက ပြောကြားခဲ့ ပါတယ် ။

လစ်ဗျားမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်က ဒီလ အစောပိုင်း မှာ ဆော်သြခဲ့ ပါတယ် ၊ လစ်ဗျား အတွက် ရွေးကောက်ခံ ဦးဆောင်ရေးကောင်စီ တရပ်ထားဖို့ အဆိုပြုထားတဲ့ စဦး ဆောင်ရွက်ချက် အစိတ် အပိုင်းလည်း ဖြစ် ပါတယ်။

အမေရိကန်၊ ရုရှား နဲ့ UAE တို့က ဒီစီမံကိန်း ကို ကြိုဆိုပေမယ့် တူရကီကတော့ စစ်မြေပြင်တွေ မှာ ရှုံး ခဲ့တဲ့ ဟဲ့ဖ်တာ ကို ကယ်ဖို့ ကြိုးစားတဲ့အနေ နဲ့ ဒီစီမံကိန်းကို ပယ်ချခဲ့ ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *