မင်းမဲ့စရိုက်တွေ ဖြစ်ကုန်ပြီးလား ..ဈေးကပြန်လာသော အမျိုးသမီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဓါးနဲ့ထိုးပြီး ထွက်ပြေး မှု မော်လမြိုင်တွင်ဖြစ်ပွား

မင်းမဲ့ စရိုက်တွေ ဖြစ်ကုန်ပြီးလား … 19.6.2020 နံနက် (10:20) ခန့် မော်လမြိုင်မြို့ မဟာမြိုင်ရပ် ရာဇာမင်း ဆီဆိုင်ဘေး လမ်းကြား တွင် အမျိုးသမီး တစ်ဦးနှင့် သူ၏ သားဖြစ်သူ တို့ ဈေးသွားပြီး လမ်းလျှောက်ပြန်လာ စဉ် ဆိုင်ကယ် ၂ စီးဖြင့် လူကို ( ၂ ) ကြိမ် ဝင်တိုက် ပစ်ပြီးနောက် ဓါး နဲ့ ထိုးပြီး ထွက်ပြေးသွားမှု ဖြစ်ပွားခဲ ပါ သည် ။

.ဈေးကပြန်လာသော အမျိုးသမီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဓါးနဲ့ထိုးပြီး ထွက်ပြေး မှု မော်လမြိုင်တွင်ဖြစ်ပွား

အမျိုးသမီး ၏ ဝမ်းဗိုက်နှင့် ဆီးခုံတွင် ဓါးထိုးဒဏ်ရာ ၂ ချက် ရရှိ ခဲ့ပါတယ်။ ထိုးသွား သည့် ဓါးရိုးတော့ ကျန်ခဲ့ ပါသည်။ ဓါးထိုးခံထိ ၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရပြီး လဲနေကြောင်း အကူအညီ တောင်းခံလာသဖြင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့မှ လူနာအား လိုအပ်သည်များ ပြုစုဆောင်ရွက်ပေး၍ မော်လမြိုင်ဆေးရုံကြီး သို့ အချိန်မှီ ပို့ဆောင် ကူညီပေးခဲ့ ပါသည် ။

.ဈေးကပြန်လာသော အမျိုးသမီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဓါးနဲ့ထိုးပြီး ထွက်ပြေး မှု မော်လမြိုင်တွင်ဖြစ်ပွား

ရန်ငြိုးကြောင့်လား ဘာကြောင့်လား ဆိုတာတော့ ကျွန်တော် တို့ မသိပါ ။ လုပ်တဲ့ပုံကတော့ အပြီးလုပ်ကြံတဲ့ ပုံပါပဲ ။ ဆိုင်ကယ် နဲ့ တိုက်ပြီး ဓါး နဲ့ အပြီး ထိုးတာပါပဲ။ ဓါးရိုးကတော့ ကျွတ်ကျန်ခဲ့ ပါတယ်။

.ဈေးကပြန်လာသော အမျိုးသမီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဓါးနဲ့ထိုးပြီး ထွက်ပြေး မှု မော်လမြိုင်တွင်ဖြစ်ပွား
.ဈေးကပြန်လာသော အမျိုးသမီးအား ဆိုင်ကယ်ဖြင့် ဝင်တိုက်ကာ ဓါးနဲ့ထိုးပြီး ထွက်ပြေး မှု မော်လမြိုင်တွင်ဖြစ်ပွား

ဝမ်းဗိုက်တချက် ဆီးခုံတချက် ထိုးသွင်းဒဏ်ရာ ရပါတယ် ။ ကျွန်တော်တို့ အလုပ်ကတော့ မည်သည့် လူမျိုး လူနာ ကိုမဆို အကူ အညီတောင်းရင် ချက်ချင်း ကူညီကယ်ဆယ်ပေးရမှာပါ ။ ကျန်တဲ့ အပိုင်း ကိုတော့ ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေး ဆောင်ရွက်နေလျှက် ရှိသည် ဟု သိရ ပါသည် ။

Source – Zin Moe

Add a Comment

Your email address will not be published. Required fields are marked *